Part-24

11.7K 751 20
                                    

Zawgyi

စာမေးပွဲဖြေတုန်းက​တောင် ရင်မခုန်ခဲ့ဖူးတဲ့ ဆတ်သာနဲ့ယော နှစ်ယောက်သား ယောမေမေနဲ့ဖေဖေရှေ့မှာတော့ ​စကားတစ်ခွန်းပြောဖို့ကို အတော်လေး အားယူနေရသည်။
မပြောမပြီး မတီးမမြည်မို့လို့ ဆတ်သာကပဲ ​ယောလက်လေးကိုဆုပ်ကိုင်လိုက်ပြီး စကားစလိုက်၏။

"ဒီနေ့ အန်တီနဲ့ဦးလေးကို ဝန်ခံစရာရှိပါတယ်။အဲ့တာက...ယောကို ဆတ်ချစ်တယ်"

ယောမေမေနဲ့ဖေဖေ မျက်လုံးအပြူးသားဖြစ်သွားပေမယ့် မရှင်းမရှင်းဖြစ်နေတာကြောင့် ယောမေမေကမေး၏။

"ဆတ်လေးက ယောကိုချစ်တာ အန်တီတို့သိပါတယ်ကွယ်။ညီအမတွေချင်းပဲကို အထူးအဆန်းလား ဆတ်ရယ်"

ယောမေမေ စကားအဆုံးမှာ​ ဆယ်နှစ်စာလောက်အိုကျသွားတဲ့ဆတ်သာမျက်နှာကိုကြည့်ပြီး ယော ခွိခနဲတစ်ချက်ရယ်မိသွားသည်။

"ညီအမတွေလိုချစ်တာမဟုတ်ပဲ ကြင်ယာဘက် တစ်ယောက်လိုချစ်နေမိတာပါ။ ချစ်တာထက်လည်း ပိုပါတယ်။ မြတ်နိုးမိတာပါ။အမြဲတမ်းအတွက် ​စောင့်ရှောက်သွားချင်တာပါ။စောင့်ရှောက်ပေးနိုင်အောင်လည်း ကြိုးစားမှာပါ။ အဲ့တာကြောင့် ဆတ်ကို ယောနဲ့သဘောတူပေးပါ ဖေဖေနဲ့မေမေ"

"......"

ဆတ်ရဲ့ ရှင်းပြချက်ကြီးအဆုံးမှာတော့ ယောဖေဖေနဲ့မေမေနှစ်ယောက်စလုံး အတော်လေး ရှော့ခ်ရသွားတာတော့အမှန်။ နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်၊ ယောနဲ့ဆတ်ကိုပြန်ကြည့်လိုက်နဲ့ အတန်ကြာအောင် ဆွံ့အနေမိကြပြီးမှ ယောဖေဖေက နေရာကနေ ဒေါသတကြီး ထသွားသည်။ ယောမေမေကတော့ စိတ်ကိုပြန်တည်ငြိမ်အောင်လုပ်ရင်း သေချာအောင်ပြန်မေးမိ၏။

"သမီးတို့က မိန်းကလေးတွေလေ။ အဲ့တာ..."

မိဘရှေ့မှာ ကိုယ့်ဖြစ်တည်မှုကိုcome outလုပ်ရတာက လွယ်ကူတယ့်အရာတော့မဟုတ်။ ဒါပေမယ့် ယောမှာ ရှိသမျှသတ္တိတွေစုစည်းပြီး ရှင်းပြမိသည်။

"ယော သိပါတယ်မေကြီး။ယောတို့နှစ်ယောက်စလုံးက မိန်းကလေးတွေဆိုတာကို။ ယောက အရင်တည်းက ယောင်္ကျားလေးတွေကိုစိတ်မဝင်စားခဲ့ဘူး။ ယော.. ယောရဲ့စိတ်ကိုက အဲ့လိုဖြစ်နေတာ။ယောကLesbianပါ မေကြီး။ ယောချစ်တဲ့မိန်းကလေးက ခွန်ဆတ်သာပါ။ယောသိပါတယ်။ပတ်ဝန်းကျင်ကလူအများစုက လက်မခံနိုင်ကြမှန်း။ ဒါပေမယ့်ယော ဂရုမစိုက်ဘူး မေကြီး။ယောအတွက်အရေးကြီးတာက ယောချစ်တဲ့သူတွေပဲ။တခြားသူတွေအမြင်ကို စိတ်မဝင်စားဘူး။ ယောချစ်တဲ့လူတွေ မေကြီးတို့ လက်ခံပေးနိုင်ဖို့ပဲ ​မျှော်လင့်တာပါ။လက်မခံပေးနိုင်ရင်တောင် ​ယောကိုတော့ မုန်းမသွားပါနဲ့နော် မေကြီး"

Non Romantic System(Completed)Where stories live. Discover now