Part-30(Final Part)

14.9K 820 62
                                    

Zawgyi

ပွဲကျင်းပရာ Gandamar Grand Ballroomထဲကို ဝင်လာတယ်ဆိုရင်ပဲ ဗိုက်ပူပူနဲ့ ကင်မရာတစ်ခုကိုင်ထားတဲ့ ကောင်မလေးကို
ဆတ်သာ တန်းတွေ့သွားသည်။ သူ့လက်ထဲက ကင်မရာကို တစ်ဖက်က ကလေးမလေးဆီပေးပြီး သူကိုယ်တိုင်က မင်းသားနှစ်ယောက်ပုံနဲ့ standကြားမှာ လက်ညှိုးနှစ်ချောင်းထောင်ပြီး သွားစွယ်ဖြူဖြူလေးတွေ ပေါ်လာတဲ့အထိရယ်ရင်း ဓာတ်ဖမ်းနေ၏။ဆတ်သာက ခပ်လှမ်းလှမ်းကနေ အသာလက်ပိုက်ပြီး ကြည့်နေလိုက်သည်။

ဆယ်မိနစ်လောက်ကြာတဲ့အထိ positionမျိုးစုံနဲ့ ဓာတ်ဖမ်းနေတဲ့ ယောပိစိဆီကို ဆတ်သာ မိန့်မိန့်ကြီး လျှောက်သွားလိုက်သည်။ဆတ်သာကို ရုတ်တရက်ကြီးတွေ့လိုက်ရတော့ ​ယော အတော်လေးရှော့ခ်ရသွားပြီး သွားသာ ဖြီးပြလိုက်သည်။နံ့သာအိုင်ကလည်း နှစ်ယောက်ကြားမှာ မချိပြုံးပြုံးရင်း ခေါင်းကုတ်လိုက် ပါးကုတ်လိုက် လုပ်နေသည်။

ဆတ်သာဆီက ထုတ်လွှတ်နေတဲ့ လေထုက အေးစက်လွန်းနေတာကြောင့် ​ယောတစ်ကိုယ်လုံး ကြက်သီးတွေထလာသည်။ VVIP အတန်းမှာထိုင်ပြီး လက်ကို ခပ်တင်းတင်းပိုက်ထားတဲ့ ခွန်ဆတ်သာကို တစ်ချက်ချက် အကဲခတ်နေမိသည်။

"ဟို....ဆတ်က ဘယ်လိုလုပ် လက်မှတ်ရတာလဲ"

ဆတ်သာကို နခနကြည့်ပြီး အကဲခတ်နေတဲ့ ​ယောပိစိကို ဆတ်သာအစတည်းက သတိထားမိသော်လည်း အနည်းငယ် စိတ်ဆိုးနေတာကြောင့် စကားစမပြောခဲ့။ အခုမှပိစိဖက်က စကားစလာတော့ ဆတ်သာ ချောင်းတစ်ချက် ဟန့်လိုက်သည်။

"ပွဲစီစဉ်တဲ့သူက ကိုယ်တို့ကုမ္ပဏီနဲ့ ဟိုးတလောလေးကမှ အလုပ်တွဲလုပ်ဖူးတယ်။ အဲ့တာကြောင့် ကူညီပေးတာ"

လိုရင်းတိုရှင်းဖြေလိုက်တာကြောင့် ​ယောက ခေါင်းတငြိမ့်ငြိမ့်နဲ့ နားလည်ဟန်ပြသည်။ ယောစိတ်ထဲမှာ ဆတ်သာ စိတ်ဆိုးနေလား ဆိုတာကို မေးသင့်မမေးသင့် စဉ်းစားနေတုန်း idolနှစ်ဦးနဲ့ ဘာသာပြန်အစ်မက စင်ပေါ်တတ်လာ၏။ပွဲခင်းတစ်ခုလုံးမှာ ပျော်ရွှင်မှုအသံတွေနဲ့ ဆူညံသွားပြီး ယောပါ အော်လိုက်မိသည်။ ကိုယ့်ရဲ့ ဖုန်းscreenလေးပေါ်ကနေပြီး ချစ်နေရတဲ့ idolတွေက ကိုယ့်မျက်စိရှေ့ ပေအနည်းငယ်အကွာမှာ ရောက်လာတာကို မအော်မိပဲနေနိုင်ပါမလား။

Non Romantic System(Completed)Where stories live. Discover now