Part-25

11.3K 788 34
                                    

Zawgyi

"ခွန်ဆတ်သာနဲ့နင်နဲ့ကိစ္စကို လူတွေစိတ်ဝင်စားနေကြတယ် ယော"

ဖုန်းထဲကနေမှတစ်ဆင့် ​ယောရဲ့ သက်ပြင်းချသံအရှည်ကြီးကို ရှိန်း ကောင်းကောင်းကြားရသည်။ အခုတလော ဘယ်သူကစပြီး သတင်းလွှင့်လိုက်မှန်း မသိပေမယ့် ကုမ္ပဏီကလူတွေရဲ့ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ဝေဖန်သံတွေ ထွက်လာတာတော့အမှန်။

"အင်း..ငါသတိထားမိတယ်"

ယောရဲ့အသံက တစ်ခုခုကို စိုးရိမ်နေပုံပေါ်နေ၏။

"သူတို့ပြောနေတာတွေကို စိတ်ထဲမထားနဲ့ ယော"

စက္ကန့်ဝက်ခန့်ငြိမ်ကျသွားပြီးမှ ယော ပြော၏။

"ငါလေ ငါ့ကိုယ်ငါ ယုံကြည်ချက်မရှိဘူး။ ငါပြောချင်တာကဟာ ငါလက်လျှော့မယ်ပြောတာမဟုတ်ဘူး။ အဆင့်အတန်းချင်းကွာလို့ လက်လျှော့လိုက်တယ် ဘာညာဆိုတာ တအားတွေ Dramaဆန်လွန်းတယ်။တကယ်ချစ်ရင် အဲ့တာတွေက မလိုအပ်ဘူး။ ဘယ်သူ့မှလည်း ဂရုစိုက်နေစရာမလိုဘူး။ ဒါပေမယ့် ငါကအဲ့လိုခေါင်းမာနေလို့ ခွန်ဆတ်သာဘက်မှာ ဆုံးရှုံးမှုတွေရှိလာခဲ့ရင် သူ ငါ့ကိုစိတ်ပျက်သွားမှာလား။ငါ့လို သာမာန်ကောင်မလေးတစ်ယောက်ကို သူဘယ်အတိုင်းတာအထိ လက်ခံပေးနိုင်မှာလဲ"

မငိုအောင် တင်းခံထားမှန်းသိသာတဲ့ ​ယောရဲ့လေသံကို ရှိန်း
သတိထားမိသည်။ စကားတွေအများကြီးနဲ့ မနှစ်သိမ့်တတ်ပေမယ့် ယောကိုတော့ နှစ်သိမ့်ပေးချင်တယ်။ ယောက သာမာန်ကြည့်ရင် ​ပျော်ပျော်နေတတ်တယ် ထင်ရပေမယ့် emotionalဖြစ်တတ်လွန်းတဲ့ သူငယ်ချင်းမလေးမို့။

"ယော အတွေးတွေမလွန်ပဲ ခွန်ဆတ်သာကို ယုံကြည်လိုက်ပါ ။ပြီးတော့ အခုငိုချင်နေရင် ငိုချလိုက် တင်းခံမထားနဲ့"

ယောတစ်ယောက် မျက်တောင်ကိုပုတ်ခပ်ပုတ်ခပ်လှုပ်ပြီး နှာရည်တစ်ချက်ရှုံ့သွင်းလိုက်သည်။

"ဟီး မငိုတော့ဘူး။ ခနနေရင် ခွန်ဆတ်သာ ပြန်လာတော့မှာ"

"အာ..ဟုတ်သားပဲ ဟားဟား ခွန်မောင်နှမနှစ်ယောက် အလုပ်တွေရှုပ်နေလို့ အိမ်ပြန်တာ နောက်ကျနေပါရောလား"

Non Romantic System(Completed)Where stories live. Discover now