Part-1

61.9K 1.3K 45
                                    

Zawgyi

"Congratulations ပါ ညီမလေးရေ"

"ဟုတ် ကျေးဇူးပါ "

"Con Conပါနော် ယောရေ
ယောတို့ကတော့ နောက်နှစ်လောက်ဆို Head ဖြစ်တော့မယ်ထင်တယ်နော်"

လုပ်ငန်းခွင်က အစ်မတစ်​ယောက်က ခနဲ့တဲ့တဲ့နဲ့  မနာလိုမှန်း သိသာတယ့် ​လေသံနဲ့
ပြောလာ၏။

"ဟီး လိုပါသေးတယ် ကြိုးစားရဦးမှာပါ မမရဲ့"

ယောစန္ဒာမောင်ကတော့ သွားစွယ်လေးတွေ ပေါ်တဲ့အထိ ပြန်ပြုံးပြရင်း ရေလိုက်
ငါးလိုက် ပြန်ဖြေလိုက်သည်။

ယောစန္ဒာမောင် ဆိုတာ မနေ့တနေ့ ကမှ စီးပွားရေးနဲ့ ဘွဲ့ရပေမယ့် ရန်ကုန်ရဲ့ နာမည်ကြီး
ကုမ္ပဏီ "Nay Thar" Group မှာ
Senior Accountant တော့ဖြစ်နေလေရဲ့။ကျောထောက်နောက်ခံ မိဘတွေက အချမ်းသာကြီးလည်း
မဟုတ် သူ့ဟာနဲ့သူ နေနိုင်စားနိုင် အလယ်အလတ်တန်းစား
မိသားစုဆိုတော့  ထမင်းစားလက်မှတ် အကုန်စုံမှ အလုပ်
လုပ်ရကြေးဆို  တကယ့်ကို ဆိုးလွန်းသွားပြီ မဟုတ်လား။အခုလည်း အလုပ်တစ်ဖက်နဲ့ ACCA part2 အောင်တာကို စိတ်ရင်းနဲ့ ဂုဏ်ပြုသူက တစ်ဝက်
မနာလိုသူက တစ်ဝက်ရယ်။ ယောစန္ဒာမောင် တို့ကတော့ ဂရုမစိုက်ပေါင်။ ဒီ့ထက်ပိုပြီး အမြင့်တတ်ဖို့ပဲ အာရုံစိုက်တယ်။ ကြိုးစားရင်း ပိုပြီးမြင့်တဲ့ ​နေရာကို သွားမှာမို့လို့။

"ဟဲ့ ယော စားလေ ဘာတွေ ပြုံးစိစိ လုပ်နေတာလဲ"

အတွေးတွေကို လက်စသတ် ပစ်လိုက်သော ရှိန်းထွဋ်ခေါင် ပါလေ။

"အရှုပ်ထုပ်လေး နင့်လက်ချက် မဟုတ်လား ငါ Part2 အောင်တာကို ကုမ္ပဏီက လူတွေသိကုန်တာ"

အံကြိတ်သံနဲ့ လုပ်မေးမှ စပ်ဖြီးဖြီးနဲ့ မျက်နှာချိုသွေး နေတဲ့ အရှိန်းကောင်။

"ငါညက Gpထဲမှာ ပြောလိုက်တာ ဟဲဟဲ"

Gpဆိုတာ Accountant ဘက်က သူတွေချည်းစုဖွင့်
ထားတဲ့ Online Group လေး။ ရှိန်း နဲ့က လုပ်ငန်းခွင်ရောက်မှ ခင်တာ ဆိုတော့ တစ်နှစ်ကျော် နှစ်နှစ်နီးပါး တော့ရှိရောပေါ့။ လုပ်ငန်းခွင်မှာက ရွယ်တူဆိုလို့ ရှိန်း တစ်ယောက်ပဲ ရှိတာမို့ပို
ပေါင်းမိတာ မဆန်းပါဘူး ။ ပြီးတော့ ရှိန်း ကလည်း ကိုယ့် လောက ထဲကပဲ ဆိုတော့ပိုလို့ အဆင်ပြေနေရောပဲ။ယောစန္ဒာမောင်ရဲ့ လောကဆိုတာကတော့  ...

Non Romantic System(Completed)Where stories live. Discover now