Part-18

12.1K 821 33
                                    

Zawgyi

ဒီနေ့ကတော့ ယောတို့ ကမ်းခြေမှာနေရမဲ့ နောက်ဆုံးရက်ဖြစ်သည်။ အဲ့တာကြောင့် ကမ်းခြေမှာ Trip လိုက်တဲ့သူတွေအကုန်စုပြီး ရောက်နေကြပြီး ပျော်ပျော်ပါးပါး ဂိမ်းတွေဆော့ဖို့ ပြင်ဆင်နေကြသည်။

"ကဲ အားလုံးပဲ ဒီနေ့ ဂိမ်းလေးမဆော့ခင် စည်းကမ်းချက်လေးတွေ ပြောပြပါမယ်နော်"

HRက မယမုံက အခမ်းအနားမှူးနေရာကနေ တာဝန်ယူထားပြီး

"ပထမဆုံး အသင်းနှစ်သင်း ခွဲပါမယ်။ ဒီမှာတွေ့တဲ့အတိုင်း လက်ပတ်အနီနဲ့အဝါလေး တွေရှိပါတယ်။မဲနှိုက်ပြီးတော့ ကျတဲ့အရောင်အတိုင်း အသင်းကိုခွဲသွားမှာပါ"

ခုံလေးပေါ်မှာပုံထားတဲ့ ဖဲကြိုးလက်ပတ်လေးတွေကိုပြရင်း ပြောလိုက်သည်။ ခနနေတော့ တယောက်ချင်းစီ မဲနှိုက်ရင်း ကျတဲ့အရောင်ရဲ့ လက်ပတ်ကိုပတ်လိုက်သည်။ ​ယောက အနီ​ရောင်အသင်းကျပြီး ရှိန်းနဲ့​မေ​သော်က​တော့ အဝါ​ရောင်လက်ပတ် အသီးသီးရသွားသည်။

"ကဲ....လက်ပတ်လေးတွေနဲ့ အသင်းခွဲပြီးပြီဆိုရင်တော့ အသင်းနှစ်သင်းကို ခေါင်းဆောင်တစ်ယောက်စီ ရပါမယ်။အဝါအသင်းကိုတော့ ခွန်နေသစ်က ဦးဆောင်ပြီး အနီအသင်းကိုတော့ ခွန်ဆတ်သာက ဦးဆောင်သွားမှာပါ"

ယမုံ့စကားအဆုံး အားလုံးလက်ခုပ်ထတီးလိုက်သည်။

"အရေးအကြီးဆုံး တစ်ခုကိုပြောရပါဦးမယ်။အဲ့တာကတော့...ဒီနေ့ဂိမ်းမှာ ရှုံးတဲ့အသင်းရဲ့ခေါင်းဆောင်က ဒီညအတွက် ညစာကို တာဝန်ယူပေးမှာပါ"

အားလုံး တတ်တတ်ကြွကြွထောက်ခံလိုက်၏။

"ပထမဆုံးဂိမ်းလေးကို Bossနဲ့ ခွန်ဆတ်သာတို့ကို စဆော့ခိုင်းလိုက်ရင် မကောင်းဘူးလား။ အားလုံး ထောက်ခံပါသလား"

"ထောက်ခံပါတယ်"

အကုန်လုံးကဝိုင်းပြီး အရောက်ပို့တော့ ယမုံတို့ Gameစီစဉ်တဲ့အသင်းက ဆော့ရမဲ့ဂိမ်းလေးကို ပြောပြလိုက်သည်။
ဂိမ်းက ဘောကွင်းတွေကို သယ်ရမဲ့ဂိမ်း။လွယ်တယ်မထင်ပါနဲ့။လူတစ်ယောက်ကို ကုန်းပိုးပြီးသယ်ရမှာ။အကွာအဝေးကိုတော့ ပေငါးဆယ်သတ်မှတ်ထားပြီး အချိန်သုံးမိနစ်အတွင်း အများဆုံးယူနိုင်တဲ့အဖွဲ့က အနိုင်ရမှာပါ။

Non Romantic System(Completed)Where stories live. Discover now