Part-20

12.4K 749 27
                                    

Zawgyi

ဆတ်သာရဲ့ကားလေး ဦးတည်သွားတာက မြို့ထဲက ပွဲတတ်စုံတွေချည်းရောင်းတဲ့
MooMoo fashionဆိုင်လေးဆီသို့ဖြစ်သည်။

ဆိုင်ထဲဝင်ဝင်ခြင်း ယော ပါးစောင်အဟောင်းသားနဲ့

"Wow "

Wowတစ်လုံးတည်းသာ ပြောနိုင်တော့တယ်။
အရုပ်မတွေမှာဝတ်ပေးထားတဲ့
party dressတွေကိုကြည့်ရင်း အလုပ်များနေတဲ့ယောကို ဆတ်သာတစ်ချက်ပြုံးကြည့်ရင်း

"ကဲ... မင်းကြိုက်တာသာရွေးတော့။ကိုယ်လည်း ဝိုင်းရွေးပေးမယ်"

"ဒီက ဧည့်သည်မမနှစ်ယောက်စလုံးဝတ်ဖို့ ရှာပေးရမလားရှင့်"

ဆိုင်ဝန်ထမ်းကောင်မလေးနှစ်ယောက်ကလည်း မေးလိုက်သည်။

"အာ...ဒီကပိစိအတွက်ပဲ ကြည့်မယ်နော်"

ဆတ်သာပြောလိုက်တော့ ယောလည်း တအားသိချင်နေတဲ့ကိစ္စကို ဆတ်သာဘေးနားကိုကပ်ရင်း တိုးတိုးလေးမေးလိုက်၏။

"ဝတ်စုံက ဝတ်ပြီးရင်ပြန်ပေးရမှာလား Head"

လျှို့ဝှက်mission ထမ်းဆောင်နေရတဲ့သူလို တိုးတိုးလေး ကပ်မေးလိုက်တဲ့ယောကြောင့် ဆတ်သာ ဖွီးခနဲတစ်ချက်ရယ်မိသွားပြီး ယောနား နားကပ်ပြီး တိုးတိုးလေး ပြန်ဖြေလိုက်သည်။

"မဟုတ်ဘူး ပြတိုက်မှာသွားပြထားမှာ"

ရုပ်တည်ကြီးနဲ့ပြန်ဖြေလိုက်တဲ့ ဆတ်သာကို ယော မျက်လုံးဆွေကြည့်လိုက်သည်။

ဆတ်သာလည်း ရယ်ချင်နေတဲ့စိတ်ကို ထိန်းချုပ်ဖုံးဖိရင်း

"ကဲကဲ... မြန်မြန်ရွေးရအောင်။ပြီးရင် သွားစရာနေရာရှိသေးတယ်"

ဆယ့်ငါးမိနစ်လောက်နေတော့ ယော မျက်စိထဲကိုတန်းဝင်လာတဲ့ ဝတ်စုံလေးကို တွေ့သွားသည်။ခက်တာက အင်္ကျီရဲ့ဈေးပဲ 105.22 $တဲ့ ။ အင်္ကျီလေးတစ်စုံအတွက် အခုလောက် ငွေသုံးတာမျိုးကို ယော လက်မခံနိုင်ပါ။

ဝတ်စုံအနီရောင်လေးရှေ့မှာရပ်ပြီး စဉ်းစားခန်းဝင်နေတဲ့ ယောကို ဆတ်သာ အကဲခတ်ပြီး ဆိုင်ဝန်ထမ်းကောင်မလေးကို မေးလိုက်သည်။

"ညီမလေး ဒါလေးဝတ်ကြည့်မယ်နော်"

ပြူးကြောင်ကြောင် ပြန်ကြည့်နေတဲ့ယောကိုလည်း

Non Romantic System(Completed)Where stories live. Discover now