Part-5

13K 934 22
                                    

Zawgyi

ရှိန်းထွဋ်ခေါင်တစ်ယောက် မနက်ခင်းနေရောင်က တစ်ကိုယ်လုံးနီးပါးကို ထိုးကျနေတာကြောင့် မအီမသာဖြစ်နေတဲ့ ခံစားချက်အလုံးစုံကို မြိုသိပ်ရင်း ထထိုင်လိုက်မိသည်။
အခန်းအနေအထားကို အကဲခတ်ပြီး ညကအဖြစ်အပျက်ကို မနည်းပြန်စဉ်းစားယူနေရတဲ့ ရှိန်းထွဋ်ခေါင်။

ညက ရှိန်းအဖေ ပိုင်တဲ့ Liana Barမှာ ရှိန်းတစ်ယောက် စိတ်ညစ်ညစ်နဲ့ သောက်နေမိတယ်။ ယော အထင်လွဲခံရတာ မိမိကြောင့်ဆိုတဲ့စိတ်က ရှိန်းကို အလိုလိုစိတ်မကောင်းဖြစ်နေစေတယ်။

Liana Barက ရှိန်းအဖေ ပိုင်ပေမယ့် ဖွင့်တာကလည်း မကြာသေးသလို ရှိန်းကလည်း သူဌေးသားလို ပေါ်ပေါ်ထင်ထင် နေလေ့မရှိတော့ ဝန်ထမ်းတွေကတော့ ရှိန်းကို သာမာန် လာသောက်တဲ့ လူငယ်လို့သာ မှတ်ယူထားကြသည်။ Barက စီးပွားရေးလုပ်ငန်းရှင်တွေ မိတ်ဖြစ်ဆွေဖြစ် သောက်ဖို့ အလာများပြီး နာမည်ကြီး celebrities တွေလည်း လာကြတာမို့ ရှုပ်ရှုပ်ရှပ်ရှပ် ဖြစ်မနေပဲ အဆင့်အတန်းမြင့်သည်။

ဒီနေ့တော့ တိုက်တိုက်ဆိုင်ဆိုင် နေသစ်လည်း နိုင်ငံခြားက ရှယ်ယာရှင်တစ်ချို့နဲ့ လုပ်ငန်းကိစ္စဆွေးနွေးရင်း Liana ကိုရောက်ဖြစ်နေသည်။ စဝင်လာတည်းက ရှိန်းကို တွေ့ပေမယ့် နေသစ် မနှုတ်ဆက်အားသေးပဲ VIPဝိုင်းတစ်ခုမှာ လုပ်ငန်းကိစ္စသာ ဆွေးနွေးဖြစ်လိုက်သည်။

နေသစ်စိတ်ထဲ မတင်မကျဖြစ်နေတာက ရှိန်းလို ဝန်ထမ်းကောင်လေးက ဒီလို Bar ကိုလာတယ်။တော်တော်ဖြုန်းတီးတာပဲ။

ရှယ်ယာရှင်တွေ ပြန်သွားတော့ပဲ အချိန်ကမသေးတော့ ။ နာရီကိုကြည့်မိ
တော့ နောက်တစ်နေ့ကို ကူးနေပြီ။ရှိန်းကို ကြည့်လိုက်တော့လည်း လူက ခေါင်းတောင် မထောင်နိုင်တော့ဘူး။

"ညီ ဟေ့ ရှိန်းထွဋ်ခေါင်"

ပုခုံးကိုပုတ်ပြီး ခေါ်လိုက်မှ ကျိုးကျနေပြီဖြစ်တဲ့ ဇာတ်ကို မနည်းထူပြီး စပ်ဖြီးဖြီးလုပ်ပြနေတဲ့ ရှိန်းထွဋ်ခေါင်။နဂိုတည်းက တရုတ်ပေါက်ပါဆို အခုတော့ မျက်ရစ်မရှိတဲ့ မျက်ဝန်းမှေးမှေးက ပွင့်ကိုမပွင့်တော့ပေ။

Non Romantic System(Completed)Where stories live. Discover now