Part-6

12.6K 915 10
                                    

Zawgyi

ဒီနေ့တော့ ဘာပြဿနာမှမရှိဖို့ ဆုတောင်းရင်း ကုမ္ပဏီရဲ့ဓာတ်လှေကားရှေ့မှာ ယောရပ်နေသည်။

*တီ*

ဓာတ်လှေကားတံခါး ပွင့်တာနဲ့ မြင်လိုက်ရတဲ့ ခွန်ဆတ်သာ
ကြောင့် ယောဆုတောင်းတွေ ပြည့်တော့မယ်မထင်။

"Head မင်္ဂလာပါ"

မချစ်သော်လည်း အောင့်ကာနမ်း ဆိုသလို ကြည့်မရပေမယ့်လည်း သူက ကိုယ့်အထက်လူကြီး ဆိုတော့ မနှုတ်ဆက်ရင်တော့ ဘယ်ကောင်းပါ့မလဲ။

ယော တွေးလို့မဆုံးသေးခင်ပဲ ပြန်ပြုံးပြလာတဲ့ ခွန်ဆတ်သာ။

"ဆေးမှားသောက်လာတာလား"

ယော တိုးတိုးလေး ပြောတာကို ခွန်ဆတ်သာ ကတော့ ကြားဖြစ်အောင် ကြားလိုက်သေးသည်။ဒါပေမယ့်လည်း မေးချိန်တောင်မရလိုက်ရပဲ တတ်သွားတဲ့ ဓာတ်လှေကားကိုသာ ကြည့်ရင်း ဆတ်သာတစ်
ယောက် အောင်နိုင်သူလို ပြုံးလိုက်သည်။

*****

"ဒီနေ့ Head ခွန်ဆတ်သာ လုံးဝပုံမှန်မဟုတ်ဘူး"

အရင်းမရှိ အဖျားမရှိ ထပြောတဲ့ ရှိန်းစကားကို ယောလည်း ခေါင်းလေးငြိမ့်ရင်း ထောက်ခံမိသည်။

"ဟုတ်တယ် ငါ့ကိုလည်း မနက်ကပြုံးပြတယ်"

"စောနက Meetingမှာလည်း အရင်နေ့တွေကလို မရစ်ဘူး"

"ဟုတ်တယ် တစ်ချက်တစ်ချက် ပြုံးလိုက်သေးတယ်"

"အဟမ်း... Head ပြုံးတာလေးကအစ လိုက်ကြည့်နေတာလား ယော"

ရှိန်းထွဋ်ခေါင် မျက်ခုံးတစ်ဖက်ကို ပင့်တင်ရင်း ယောကို မသင်္ကာ အကြည့်နဲ့ကြည့်ပြီး မေးခွန်းထုတ်လိုက်သည်။

"ကြည့်စရာလား။ သူ့မျက်နှာက တစ်ချိန်လုံး တည်နေရာကနေ အခုရုတ်တရက်ကြီး ကြည်လင်လာလို့ ဒီတိုင်း သတိထားမိတာဟဲ့"

ယော ဘောက်ဆတ်ဆတ် ရှင်းပြလိုက်သည်။

"အို့ ဟိုး.... I'm watching youနော် ယော။
ပြောမဲ့ပြောတာ Haedက နင်နဲ့လိုက်တယ်။နင်လိုချင်တဲ့ Typeပဲလေ"

ယောကတော့ ရှိန်းစကားကို မထောက်ခံတဲ့အပြင် ကြက်သီးထသလို လုပ်ပြလိုက်သည်။

Non Romantic System(Completed)Where stories live. Discover now