Part-10

12.8K 932 41
                                    

Zawgyi

Mediaကသီချင်းလေးကိုနားထောင်ရင်းဖတ်ကြည့်ပါ
(ဆောင်းနေ- Ar-T)

ရှိန်းရဲ့အိမ်ရှိတဲ့ တောင်ဥက္ကလာမိုးဆွေကနေ ပင်လုံဆေးရုံက သိပ်မဝေးတဲ့အပြင် ရှိန်းကားကို လီဗာအဆုံးတင်ပြီး မောင်းလိုက်တာ ဆယ့်ငါးမိနစ်လောက် ကြာတော့ ပင်လုံဆေးရုံကို ​ရောက်သွားသည်။

"အစ်မ သိပ်မကြာခင်က ကားအက်ဆီးဒန့်ဖြစ်ပြီး ရောက်လာတဲ့ လူနာရှိလား"

ဆေးရုံထဲဝင်ဝင်ခြင်း ကောင်တာက ကောင်မလေးကို ရှိန်းမေးလိုက်သည်။

"ဟုတ်ကဲ့ ရှိတယ်ရှင့်"

"အခန်းနံပါတ်လေး တစ်ချက်လောက်"

"ဟုတ် ခနလေးနော် ။
အာ...ရပြီ။ဒုတိယအထပ် အခန်းနံပါတ် 5026မှာ"

Receptionist ကောင်မလေးတောင် စကားပြီးအောင် မပြောရသေးခင် ရှိန်းအလောတကြီး ထွက်သွားသည်။

"ခနလေး~~5016မှာတစ်ယောက် 5017မှာတစ်ယောက်လို့...."

Receptionistကောင်မလေး လှမ်းပြောသော်လည်း ရှိန်းမကြားတော့ပေ။

5016အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ လူနာလည်းမရှိတော့သလို သူနာပြုကောင်မလေးတစ်ယောက်ကလည်း ဆေးပိုက်တွေ ဖြုတ်သိမ်းနေသည်။

"ဒီအခန်းကလူနာရောဟင် ဆရာမ"

အရူးတစ်ပိုင်းဖြစ်နေပြီး ချွေးသံတရွှဲ ရွှဲနဲ့ ရှိန်းကို သူနာပြုမလေး ကြည့်ရင်းပြန်ဖြေလိုက်သည်။

"သြော်...လူနာရှင်လား။စိတ်မကောင်းပါဘူး။လူနာကဆုံးသွားပြီရှင့်"

"......."
အာမေဋိတ်သံလေးတောင် မပြုနိုင်တော့ပဲ
ရှိန်းရဲ့မျက်လုံးတွေ ပြာဝေသွားသလို ခံစားလိုက်ရသည်။ငိုဖို့လည်း မျက်ရည်ကထွက်မလာပဲ ရင်ထဲမှာ အစိုင်အခဲအကြီးကြီးတစ်ခု ခံနေသလို ဖြစ်နေသည်။မွန်းကြပ်နေတဲ့ ခံစားချက်ကြောင့် အသက်ရှူဖို့တောင်မေ့နေသည်။

"ညီ.."

စောနက နေသစ်ကုတင်ပေါ်မှာ လှဲနေတုန်း အခန်းတံခါး ဖွင့်ထားမိတာကြောင့် အခန်းရှေ့ကနေ ဖြတ်သွားတဲ့ရှိန်းကို မြင်လိုက်သည်။ ရှိန်းရဲ့ပုံစံက အလောတကြီးဖြစ်နေပြီး အခန်းမှားသွားတာကို နေသစ် သတိထားမိတော့ ရှိန်းနောက် လိုက်လာခြင်းဖြစ်သည်။

Non Romantic System(Completed)حيث تعيش القصص. اكتشف الآن