Part-7

12.3K 940 28
                                    

Zawgyi

ကားကို ရှိန်းရဲ့ကားအနောက်မှာ အလောတကြီးရပ်လိုက်ပြီး
အဆောက်အဦးထဲ ပြေးဝင်သွားသည့် ခွန်ဆတ်သာကို ရှိန်းတွေ့လိုက်သည်။

"အလောတကြီးဖြစ်နေတာ ဘာလို့များလဲ ။ ယောဆီ သွားတာများလား"

တီးတိုးရေရွတ်လိုက်ရင်း ခွန်ဆတ်သာနောက်ကို လိုက်သွားရန် ရှိန်းဆုံးဖြတ်လိုက်သည်။

ဒီနေ့မှဘာလို့ ဓာတ်လှေကားက တတ်တာ ကြာနေတယ်လို့ ခံစားနေရတာလဲ။ ဆတ်သာ ရတတ်မအေးနိုင်တော့ပဲ ရုံးခန်းဆီ မြန်မြန်ရောက်သွားဖို့သာ
ဆန္ဒရှိနေသည်။

ရုံးခန်းမီးကို ဖွင့်လိုက်တော့ ရုတ်တရက်မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဆတ်သာ ဆွံ့အသွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။အင်္ကျီအဖြူစွတ်စွတ်ဝတ်ပြီး Horror make-up lookပြင်ထားသည့် အရပ် ငါးပေကိုးလက်မကျော်ရှိတဲ့ နိုင်ငံခြားသူကို တီရှပ်ပွပွလေးနဲ့ ဂျင်းပွလေးကို တွဲဝတ်ထားပြီး အရပ် ငါးပေကျော်ရုံလောက်သာ ရှိသည့် ပေါက်စက အပေါ်က တတ်ခွထားကာ နိုင်ငံခြားသူလေးရဲ့ လက်ကို နောက်ပြန်လိမ်၍ချုပ်ထားသည်။ ဒါသာMMA One Chamption Ship ပွဲမှာဆိုရင် အတော်လေး လူကြိုက်များသွားမည့် အနေအထားမျိုး ဖြစ်လိမ့်မည်။
ဆတ်သာ မသိလိုက်တာက ယောက ဂျူဒိုခါးပတ်နက် ရထားဖူးတယ်ဆိုတာပဲ။

******

လွန်ခဲ့သောဆယ်မိနစ်ခန့်က....

ယော ဓာတ်လှေကားကနေ တတ်လာပြီး ဆတ်သာရုံးခန်းတည်းကို ဝင်ဝင်ခြင်း တံခါးဖွင့်လိုက်တဲ့ ​ယောလက်ကို ဖျက်ကနဲ လာဆွဲသည့် လက်တစ်စုံ။ယောရဲ့ မသိစိတ်ကနေ ချက်ချင်းတုန့်ပြန်ပြီး ထိုလက်ကို ပြန်ဖမ်းကာ ကျွမ်းကျင်သည့် ဂျူဒိုတိုက်ကွက်ကို ထုတ်သုံးလိုက်သည်။ တစ်ဖက်သူက ယောခန္ဓာကိုယ်ထက်ထွားပေမယ့် ရုတ်တရက်လည်းဖြစ်သလို ယောရဲ့ ခါးပတ်နက်စွမ်းရည်ကြောင့် ကြမ်းပြင်ပေါ် အသာလေး လှဲသိပ်ခံလိုက်ရသည်။

Deborah ဘာမှပြန်ပြောချိန်တောင် မရသေးခင် လက်ကို နောက်ပြန်လှန်ချိုးပြီး အပေါ်ကနေ တတ်ချုပ်ထားတာ ခံရတုန်း ဆတ်သာ ချက်ချင်း ရောက်ချလာခြင်းဖြစ်သည်။

Non Romantic System(Completed)Where stories live. Discover now