Part-26

10.5K 727 22
                                    

The Devil whispered in my ear,
"You're not strong enough to
withstand the storm"

Today I whispered
in the Devil's ear,
"I'm the storm"

ဆတ်သာပြောတဲ့အတိုင်း မုန့်စားပြီးတာနဲ့ ကွန်ဒိုကို Taxiငှါးပြီး ယော ပြန်လာလိုက်သည်။ ဘယ်ကဘယ်လိုစပြီး မှားလဲမသိပေမယ့် maskကို အသေအချာတပ်ထားတဲ့ Taxiသမားက ကြည့်မှန်ကနေ ခနခနလှမ်းကြည့်နေသလိုမျိုး ခံစားနေရတာမို့ ယောစိတ်ထဲ မလုံမခြုံဖြစ်လာပြီး ဆတ်သာဆီကို ဖုန်းခေါ်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ ဆေးတစ်မျိုးနဲ့အဖြန်းခံလိုက်ရပြီး မေ့မြောသွား၏။
ပြန်နိုးလာတဲ့အချိန်မှာတော့ အတော်လည်းမှောင်နေပြီး မီးရောင်ဝါကျင့်ကျင့်ထွန်းထားတဲ့ အိမ်အဟောင်း တစ်ခုလိုဟာမျိုးထဲကို ရောက်နေသည်။ လက်ကိုလည်းကြိုးနဲ့အသေအချာတုပ်ထားသေးတယ်။ဘေးနားမှာစောင့်ကြပ်နေတဲ့ လူတွေက ငါးယောက်လောက်ရှိသည်။ ဆက်ပြီး မေ့ချင်ယောင်ဆောင်နေရမလား တွေးနေတုန်း ရင်းနှီးတဲ့လူတစ်ယောက် ဝင်လာသည်။ မေးစရာမလိုအောင် ဇွဲမင်းထွန်းသာဖြစ်သည်။

"နိုးနေရင်ထလိုက်တော့။စိတ်မပူပါနဲ့မင်းရဲ့အချစ်ကလေးလာတော့မှာ"

အချစ်ကလေးဆိုတာ ဆတ်သာကိုရည်ရွယ်တာမှန်း သဘောပေါက်ပြီး ယော ချက်ချင်းထထိုင်လိုက်မိသွားသည်။

"ရှင် ဆတ်ကိုဘာလုပ်ထားတာလဲ"

ယောအရှေ့မှာ ဒူးတစ်ဖက်ကိုထောက်ချပြီး ထိုင်လိုက်ရင်း ဇွဲမင်းထွန်း တဟားဟားရယ်နေသည်။

"မင်းတို့အချစ်ကလည်း ဆန်းကြယ်သားနော်။တစ်ယောက်ကိုတစ်ယောက် သေမလို စိတ်ပူပေးနေကြတယ်။သူ့ကိုမပူပဲ မင်းကိုယ်မင်း အရင်ပူစမ်းပါ ကလေးမရာ"

ဇွဲမင်းထွန်းမျက်လုံးကို စူးစူးရှရှစိုက်ကြည့်ရင်း ယော မေး၏။

"ရှင်ဘာလိုချင်လို့ အခုလိုလုပ်တာလဲ"

"လိုချင်တာကတော့ ပိုက်ဆံပဲ။အင်း.....ရှယ်ယာဝင်ပေးဖို့ပေါ့။ငါဒီလုပ်ငန်းမှမအောင်မြင်ရင် အမွေတွေကငါနဲ့ဝေးတော့မှာ။ငါ့အကိုတွေ လက်ဝါးကြီးအုပ်သွားတော့မှာလေ ဟားဟား။သောက်ရမ်းကို ထက်မြက်လွန်းတဲ့ အကိုတွေကပေါ့"

Non Romantic System(Completed)Where stories live. Discover now