part 35 ending( Unicode +Zawgyi)

3.6K 180 36
                                    

Unicode

*ဒိုင်း!!*

သေနတ်သံရဲ့အဆုံးမှာကောင်လေးတစ်ယောက်ဟာ သွေးအိုင်ထဲမှာလဲကျသွားခဲ့တယ်.. သူကတော့.. ဂျန်းဟိုဆော့...

တကယ်တော့ ဂျန်းမီ ဆော့ဂျင်စီကိုသေနတ်ချိန်လိုက်တာကိုဟိုဆော့အရင်တွေ့လိုက်မိတယ်.. သူကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲ ဆော့ဂျင်ရှေ့ကနေ ကျည်ဆန်ကိုအစားခံပေးမိသားဖြစ်နေတယ်... ဟိုဆော့ကိုယ်တိုင်လည်းမသိလိုက်ပါဘူး ဘာလို့ဒီလိုလုပ်လိုက်ရတာလဲဆိုတာ...

"ဟိုဆော့!!"

နမ်ဂျွန်း ဟိုဆော့ရဲ့သွေးတွေရွှဲနေတဲ့ခန္ဓာကိုယ်လေကိုထွေးပွေ့ထားလိုက်တယ်.. ဂျန်းကုတို့ဆော့ဂျင်တို့ကလည်း ဟိုဆော့အနားကိုရောက်လာကြတယ်.. ဂျွန်းဂျန်းမီကတော့ လက်တွေတုန်နေပီထိတ်လန့်နေလေရဲ့.. မကြာခင်ပဲ ရဲတွေရောက်လာပီး ဂျွန်းဂျန်းမီကိုဖမ်းခေါ်သွားတော့တယ်...

"ဟိုဆော့!! ဟိုဆော့ရာ.. မင်းဘာလို့ဒီလိုလုပ်ရတာလဲ??"

နမ်ဂျွန်း မျက်ရည်တွေကျပီးငိုကြွေးနေမိတယ်....

"ဂျွန်း~ မင်း မ ငို ပါ နဲ့..."

ဟိုဆော့က သူ့ရဲ့သွေးတွေပေနေတဲ့လက်လေးနဲ့ နမ်ဂျွန်းမျက်နှာပေါ်က မျက်ရည်စတွေကိုသုတ်ပေးလိုက်တယ်.. ဂျီမင်ကတော့ဆေးရုံတင်ကားကိုအမြန်ဖုန်းဆက်နေတယ်.. ဆော့ဂျင်ကလဲ ဟိုဆော့ဘေးနားလေးမှာထိုင်ပီးငိုကြွေးနေတယ်...

"ဟိုဆော့.. မင်းဘာလို့ငါ့ကိုကယ်ရတာလဲကွာ?? မင်း.."
"ငါ~ သိတယ် သူ~ သူက မင်းမရှိရင်~ မင်းမရှိရင် အသက်~ အသက်ရှင်နိုင်မှာ မဟုတ်ဘူး... "

ဟိုဆော့ စကားတခွန်းစီပြောတိုင်းပါးစပ်ထဲကနေသွေးစတွေထွက်လာတယ်.. ဟိုဆော့ရဲ့မျက်၀န်းတွေကတော့ မင်ယွန်းဂီဆိုတဲ့ သူ့အပေါ်မှာပဲကျရောက်နေပါတယ်...

Hoseok pov
ကျွန်တော်သိတယ်... ခင်များက ဆော့ဂျင်မရှိရင် မခံစားနိုင်ဘူးဆိုတာ... ကျွန်တော်ဘလိုလုပ်ရမလဲ?? ခင်များခံစားနေရမှာကိုကျွန်တော်မှမကြည့်ရက်တာ.. ကျွန်တော်မရှိရင် ခင်များကဘာမှခံစားရမှာမဟုတ်ပါဘူး.. ဘာပဲပြောပြော ခင်များသာပျော်ရွှင်နိုင်မယ်ဆိုရင် ကျွန်တော် ကျွန်တော့ရဲ့အသက်ကိုတောင်ပေးရဲပါတယ်.. မင်ယွန်းဂီ.. ခင်များကိုနောက်ဆုံးအနေနဲ့ပဲဖြစ်ဖြစ် ချစ်တယ်ဆိုတဲ့စကားလေးကိုတော့ပြောခဲ့ပါရစေ...

🌺If you🌺Jinkook (Complete)Where stories live. Discover now