part 28 (Unicode+ Zawgyi)

2.1K 175 13
                                    

Unicode

"ငါတို့လမ်းခွဲရအောင်... ဂျန်းကု....!!"

အခန်းတခုလုံးတိတ်ဆိတ်သွားသည်... တိုးညှင်းစွာထွက်လာတဲ့ဆော့ဂျင်ရဲ့စကားသံတွေဟာ ဂျန်းကုရင်ထဲမှာကျယ်လောင်နေသယောင်... တခွန်းတည်းပြောလိုက်တဲ့ဆော့ဂျင်ရဲ့စကားသံတွေဟာ ဂျန်းကုရင်ထဲမှာ အထပ်ထပ်ကြားယောင်နေသယောင်... ဂျန်းကုဖက်တွယ်ထားတဲ့လက်တစုံကိုလွှတ်လိုက်မိတယ်...

"Hyung??"
"ငါတို့လမ်းခွဲ...."

ဆော့ဂျင်စကားမဆုံးခင် နှုတ်ခမ်းဖျားပေါ်ရောက်လာတဲ့ဂျန်းကုရဲ့မဆုံးခင် ဂျန်းကုရဲ့လက်လေး...

Jk pov
ဟင့်အင်...မပြောပါနဲ့တော့ hyung... တခွန်းထဲနဲ့တင်ကျွန်တော်နာကျင်ဖို့လုံလောက်နေပါပီ...ထပ်မကြားပါရစေနဲ့တော့...

ဂျင် ဂျန်းကုစီကနေအမြန်ရုန်းထွက်လိုက်ပီး ဂျန်းကုကိုနောက်ကျောပေးနေမိတယ်...

Jin pov
ငါမင်းရဲ့မျက်နှာကိုမြင်ရင်... မင်းရဲ့မျက်၀န်းတွေကိုကြည့်မိရင်... ငါ့ရဲ့ဆုံးဖြတ်ချက်တွေဝေဝါးသွားနိုင်တယ်...

"မင်းကိုယ့်ကိုယ်ကိုဂရုစိုက်ပါ.. အသည်းကွဲလို့ဆိုပီးမိုက်ရူးရဲဆန်မနေပါနဲ့.. လက်ကျန်ယောဇဉ်ကိုထောက်ပီးငါနောက်ဆုံးမှာချင်တဲ့စကားပဲ.."

ဆော့ဂျင် အသံတွေတုန်ရင်မနေအောင်ထိန်းပြောလိုက်တယ်...
ပီးတော့ဆော့ဂျင် အိမ်အပြင်ကိုထွက်တော့ ကြားလိုက်ရတဲ့အသံလေး...

"Hyungကိုအရမ်းချစ်တယ်.. အရင်ကရော.. အခုရော.. နောင်တသက်လုံးရော.."

ဆော့ဂျင်မျက်ရည်တွေဒလဟောကျလာ‌ေလသည်... ဂျန်းကုမမြင်နိုင်တဲ့နေရာလေးမှာ ပြိုလဲကာကြိတ်ငိုနေမိသည်...

"ကုကီး.. hyungတောင်းပန်ပါတယ်.. တကယ်ပဲ.. တကယ်ပဲတောင်းပန်ပါတယ်.."

အနောက်မှာကျန်ခဲ့တဲ့ဂျန်းကုကတော့ မျက်ရေတွေကျနေပေမဲ့ အပြုံးတုလေးတခုကိုဆင်မြန်ထားပါတယ်...

Jk pov
Hyungရဲ့စကားတခွန်း အကြည့်တချက်ဟာ... ကျွန်တော့အတွက်ဆေးဝါးတွေဖြစ်ခဲ့သလို... တခါတလေအဆိပ်တွေဖြစ်လာခဲ့တယ်... ဘာကြောင့်ထားခဲ့တယ်ဆိုတာကိုကျွန်တော်မေးမှာမဟုတ်ပါဘူး... ထားမသွားပါနဲ့လို့လဲတားမှာမဟုတ်ပါဘူး... ကျွန်တော်ဒီနေရာလေးမှာပဲ hyungကိုအမြဲစောင့်နေမယ်... ဒါမှအကယ်၍hyungအနောက်ကိုပြန်လှည့်ကြည့်တဲ့အခါ hyungကိုချစ်တဲ့ကျွန်တော့ကိုမြင်နိုင်မှာလေ...

🌺If you🌺Jinkook (Complete)Where stories live. Discover now