part 23 (Unicode +Zawgyi)

2.3K 178 17
                                        

Unicode

"အ!! နာတယ်..."
"အော်~ အခုမှနာတယ်ပေါ့.. ဟုတ်လား??"
"နာတာပေါ့.. စီနီယာ မင်ကလည်း.."

ယွန်းဂီကိုအကြောင်းစုံရှင်းပြလိုက်တော့ ဆော့ဂျင်ကိုအတင်းဆေးဆိုင်ကိုဆွဲခေါ်လာတော့တာပဲ... ဟိုဆော့ကလည်း တာ၀န်မကင်းသလိုခံစားရလို့ ယွန်းဂီတို့နောက်ကတကောကကောက်လိုက်လာလေရဲ့... အခုတော့ သုံးယောက်သားဆေးဆိုင်ရှေ့မှာဆေးထည့်ရင်း နာလို့အော်တဲ့သူကအော်... ဆေးထည့်ရင်းပွစိပွစိပြောသူကပြော... ဒဏ်ရာတွေကိုကြည့်ရင်ကြောက်နေတဲ့သူကကြောက်နဲ့...

"ဒီမှာ!! မင်းကရောဘာလို့ညကြီးသန်း‌ေခါင် အပြင်တွေလျှောက်သွားနေတာလဲ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ဒီမှာ!! မင်းကရောဘာလို့ညကြီးသန်း‌ေခါင် အပြင်တွေလျှောက်သွားနေတာလဲ...??"

ဆော့ဂျင်ကိုဆူနေရာမှ ဟိုဆော့ဘက်မျှားဦးလှည့်လိုက်သောယွန်းဂီရယ်ပါ...

"ကျွန်... ကျွန်တော်လား??"
"အော်~ အေး... ဒီမှာငါတို့သုံးယောက်ပဲရှိတာ... ဆော့ဂျင်မဟုတ်ရင်မင်းပဲပေါ့... ဘာလဲ...??ငါကငါ့ကိုယ်ငါပြောနေတယ်ထင်လို့လား...??"
"မဟုတ်ပါဘူး..."

ဟိုဆော့အနည်းငယ်ကြောင်‌နေမိတယ်... ဟိုဆော့သိတဲ့မင်းယွန်းဂီဆိုသည်မှာ အေးတိအေးစက်နိုင်လွန်းလို့ရေခဲတုန်းတောင်အဖိုးခေါ်ရမည့်သူ... အခု ဟိုဆော့ရှေ့ရောက်နေတဲ့မင်းယွန်းဂီကတော့ ပွစိပွစိလုပ်နေတဲ့အဖိုးအိုပေါက်စ... ဟိုဆော့ ယွန်းဂီ‌ကိုကြောက်လွန်းလို့ အငွေ့ပျံမတတ်ပင်...

"စီနီယာမင်ရယ်...အဲဒီလောက်မဆူပါနဲ့... ဟိုမှာလန့်သွားပီလားမသိဘူး...!!"

ဆော့ဂျင်ပြောလဲ ပြောချင်စရာ ဟိုဆော့မှာ မျက်လုံးပြူးလေးနဲ့ သနားစရာပုံလေးဖြစ်နေပီ...
........................................................................
*Ring... ring*

🌺If you🌺Jinkook (Complete)Where stories live. Discover now