part 2 (Unicode+ Zawgyi)

4.2K 261 15
                                        

Unicode

"hello~ ဒီနေရာမှာ ကားaccidentဖြစ်နေလို့ပါ ဒဏ်ရာရတဲ့သူ၂ယောက်ရှိပါတယ် လူနာတင်ကားလွှတ်ပေးပါ လိပ်စာက........."

ဖုန်းဆက်ရင်း လက်တွေတုန်နေတဲ့ကောင်လေးတယောက်။ည12ဆိုတဲ့အချိန် လမ်းပေါ်မှာ သူတို့သုံးယောက်သာ ဂျန်းကုက ကားထဲမှာသွေးတွေအပြည့်နဲ့မေ့မြောနေသလို... လမ်းပေါ်မှာတော့ ဖုန်း‌ေခါ်‌ေပးတဲ့ကောင်လေးရယ်... သွေးအိုင်ထဲမှာ လဲနေတဲ့...........။
..................................................................................

1week later....

ဆေးရုံနံရံဖြူဖြူတွေနဲ့ကာရံထားတဲ့အခန်းထဲက ကုတင်ပေါ်မှာ.... ‌ကောင်လေးတယောက်က အိပ်စက်နေသယောင်ပင်... ဆေးထိုးပိုက်တွေတပ်ထားတဲ့ သူ့ရဲ့လက်က တဖြေးဖြေးလှုပ်ရှားလာခဲ့တယ်... ခဏအကြာ... ဂျွန်းဂျန်းကုဆိုသော သူ၏မျက်လုံးများအနည်းငယ်ပွင့်လာခဲ့သည်...

"သခင်လေး Jeon သတိရလာပီလား???"

Jk's pov:
ကျွန်တော် ခန္ဓာကိုယ်က အရမ်းနာကျင်နေတယ် ကျွန်တော်နောက်ဆုံးမှတ်မိတာ ကျွန်တော် လူတယောက်ကိုကားနဲ့တိုက်မိတော့မဲ့အချိန်မှာ ကျွန်တော်အမြန်ရှောင်ခဲ့တာ သူရောဘာများဖြစ်သွားသေးလဲ ကျွန်တော်မျက်လုံးတွေကိုအားယူပီးဖွင့်လိုက်တော့ မြင်လိုက်ရဲ့တဲ့အလင်းရောင်စူးစူး ကျွန်တော့နားထဲမှာတော့ အတွင်းရေးမှူး ဆူဟိုရဲ့အသံတွေကိုကြားနေရတယ်
ကျွန်တော်မျက်လုံးနောက်တခေါက်ဖွင့်ကြည့်တော့ ကျွန်တော့အရှေ့မှာ ဆူဟိုအပြင် ကျွန်တော့အချစ်ဆုံးသူငယ်ချင်း ထယ်ယောင်း.....

"မင်းအဆင်ပြေရဲ့လား.... ဂျန်းကု???"
"ထယ်~ ထယ်ယောင်း... မင်းဘယ်တုံးကပြန်ရောက်လာတာလဲ...??"
"မင်းသတင်းကြားကြားချင်းပြန်လာခဲ့တာ... ဘယ်လိုဖြစ်ရတာလဲ...??"
"မင်းသိပီးပီလား.. ငါ့appa နဲ့omma....."

ဂျန်းကုပြောနေရင်း မျက်ရည်တွေကျလာတာကြောင့်.... ထယ်ယောင်းပါ သူ့အတွက်စိတ်မကောင်းဖြစ်နေလေသည်။ဘာပဲပြောပြော... ဂျွန်းဂျောင်ကုဆိုသည့်ထိုလူသားဟာ သူ့အချစ်ဆုံးသူငယ်ချင်းမဟုတ်လား။ဂျန်းကု အခုလို စိတ်ဓာတ်ကျနေတဲ့ပုံကို တခါမှမတွေ့ဘူးခဲ့ပါဘူး... ထယ်ယောင်းတင်မက ကျန်တဲ့မည်သူမှလည်းမြင်ဘူးမည်မဟုတ်ပါ...... ဂျန်ကုကီးဆိုတဲ့ ထိုလူသားဟာ ငယ်စဉ်ကတည်းကစိတ်ဓာတ်မာကြောခဲ့သူမို့လို့....

🌺If you🌺Jinkook (Complete)Место, где живут истории. Откройте их для себя