part 9( Unicode+ Zawgyi)

2.7K 212 9
                                        

Unicode

အရိုးပြာအိုးတွေတန်းစီထားတဲ့နေရာ အဲဒီအရိုးပြာအိုးလေးရှေ့မှာရပ်နေလျက်ကောင်လေးတစ်ဦး..... အရိုးပြာအိုးလေးဘေးမှာရှိနေတဲ့ ဓာတ်ပုံထဲကကောင်လေးကတော့အပူအပင်ကင်းစွာပြုံးနေလေရဲ့....
ဒီနေ့ ဂမ်ဆော့မင် ကားနဲ့တိုက်ခံရတဲ့နေ့... မကြာခင်သူ့ရဲ့ 3နှစ်ပြည့်နှစ်ပတ်လည်....

"ဆော့မင်လေး... အဆင်ပြေရဲ့လား..?? ဆော့မင်အဲဒီမှာ appa ommaတို့နဲ့ရောတွေ့ပီးပီလား...?? hyungလည်းသတိရနေတယ်လို့ပြောပေးပါနော်.."

ထိုနေရာတွင် ဆော့ဂျင်၏စကားသံမှလွဲ၍ တခြားအသံတို့ရှိမနေ... ထိုတိတ်ဆိတ်မှုအားဖြိုခွဲလိုက်သူက စီနီယာMin...

"ဆော့ဂျင်..!!"

နှင်းပွင့်လိုဖြူစွတ်တဲ့အသားအရေ လိုက်ဖက်စွာတည်ရှိနေတဲ့ တည်ငြိမ်မှု ထိုသူကတော့ မင်ယွန်းဂီ...

နှင်းပွင့်လိုဖြူစွတ်တဲ့အသားအရေ လိုက်ဖက်စွာတည်ရှိနေတဲ့ တည်ငြိမ်မှု ထိုသူကတော့ မင်ယွန်းဂီ

Ups! Ten obraz nie jest zgodny z naszymi wytycznymi. Aby kontynuować, spróbuj go usunąć lub użyć innego.

"စီနီယာ Min..!!"
"Yoongi hyungလို့ခေါ်ဖို့ပြောထားတယ်လေ..."

ရုတ်တရက်ဆော့ဂျင်၏ခေါင်းထဲသို့ hyungလို့ခေါ်နေတဲ့ ယုန်သွားလေးနဲ့ စိတ်အားငယ်တတ်တဲ့ကောင်လေး....

"ဂျင်..!!"

ယွန်းဂီပြောမှ သတိပြန်၀င်လာတဲ့ ဆော့ဂျင်...

"ဟင်..??"
"မင်း ဘာတွေစဉ်းစားနေတာလဲ..??"
"ကောင်လေးတယောက်အကြောင်းကိုပါ...."

ယွန်းဂီသိသိသာသာမျက်နှာပျက်ယွင်းသွားသည် ဒါပေမဲ့ သူ့ကိုကြည့်‌မနေတဲ့ ဆော့ဂျင်ကတော့သတိထားမိမယ်မထင်....

YG' pov:
ဂျင် ငါလေမင်းကိုအရမ်းချစ်နေမိပီ... အရင်ကရော.. အခုရော... ငါ့ဘ၀မှာနောင်တရတဲ့ကိစ္စက တစ်ခုပဲရှိတယ် ဂျင်... အဲ့တာ မင်းကိုဖွင့်မပြောခဲ့မိတာပဲ... အရင်ကသတ္တိမရှိတဲ့ငါ့ကိုငါမုန်းတယ်... အခုသတ္တိမနည်းထားပီး ဖွင့်ပြောဖို့ကြိုးစားပေမဲ့.. မင်းရဲ့မျက်၀န်းတွေကနေတဆင့် မင်းမှာငါ့အတွက်ခံစားချက်မရှိတော့ဘူးဆိုတာသိနေတယ် ဂျင်... မင်းပြောပြောနေတဲ့ ကောင်းလေးကိုငါတကယ်တွေ့ချင်မိနေပီ ဂျင်....

🌺If you🌺Jinkook (Complete)Opowieści tętniące życiem. Odkryj je teraz