Unicode
.................
3 years later>>>
                              Jk company၏အစည်းအဝေးခန်းထဲတွင် ဆူညံနေသေးလူတစု....
                              "မဂ်လာပါ..!! နေ့လူကြီးမင်းတို့ကိုခေါ်လိုက်ရတဲ့အကြောင်းရင်းက.. ဥက္ကဌအသစ်တင်မြှောက်ဖို့ပါ.."
                              ဆူညံနေတဲ့လူတစုအသံကိုဖြိုခွဲလျက် စကားပြောလာသူက တခြားသူမဟုတ် ဂျွန်းဂျန်းမီ.....
                              "လူကြီးမင်းတို့သိတဲ့အတိုင်း.... ကျွန်မတူလေးက အိပ်ယာပေါ်မှာ အချိန်အကြာကြီးနေခဲ့ရပီး... အခုထိအခြေအနေကသိပ်မကောင်းသေးတာကြောင့် companyရှေရေးအတွက် ဥက္ကဌပြန်ရွေးဖို့ တိုင်ပင်မလို့ပါ..."
                              "အဲ့တာ... သူဌေးေလးဂျွန်းက အခုချိန်မှာရှယ်ယာအများဆုံးပါပဲ ကျွန်တော်တို့သူ့ကိုဘယ်လိုဖြုတ်ချမှာလဲ..??"
                              Jk companyရဲ့ရှယ်ယာ 43%ကို ဂျန်းကု/ 25%ကိုဂျွန်းဂျန်းမီ /21%ကိုတခြားရှယ်ယာရှင် 8ဦး/ ကျန်တဲ့ 10%ကတော့ တယောက်သောသူက ပိုင်ဆိုင်ထားပါတယ်
                              "လက်ရှိမှာသူကအများဆုံးမဟုတ်တော့ပါဘူး..."
"အဲဒါက.. ဘယ်လို..??"
                              ဂျွန်းဂျန်းမီဆိုသေသူမက လိုချင်တာကိုမရရအောင်ယူတတ်သည်... ဂျန်းကွတ်ဆေးရုံမတက်ခင်ကတည်းက ရှယ်ယာတွေကြိုစုထားတယ်.. ဒါပေမဲ့အကုန်လုံးက ရှယ်ယာရှင်အငယ်တွေစီကပဲ ၀ယ်လို့ရခဲ့တယ်... ဒီcompanyမှာ သူမနဲ့ ဂျန်းကုပီးလျှင်အကြီးဆုံးရှယ်ယာရှင် ရှယ်ယာ10%ပိုင်ထားတဲ့သူ့နာမည်က Vဆိုတာကလွဲ၍သူမစုံစမ်းမရခဲ့ပါ.. အခုလက်ရှိသူမလက်ထဲမှာ 47%ပိုင်ဆိင်ထားပီးဖြစ်သည်...
                              "ဒါဆို ဂျန်းမီကိုပဲ ဥက္ကဌရာထူးပေးရမှာပေါ့.. ငါတို့ထဲမှာ ရှယ်ယာအများဆုံးပဲလေ..."
"ဒါဆို ကျွန်မကို ကန့်ကွက်ချင်တဲ့သူရှိရင် လက်ထောင်ပါ.."
                              အစည်းအဝေးတခန်းလဲတိတ်ဆိတ်သွားပီး ဘယ်သူမှလက်ထောင်ခြင်းမရှိပေ...
                              "ဒါဆိုရင် ကျွန်မ..."
                              "ကျွန်တော်ကန့်ကွက်ပါတယ်...!!"
                              တံခါး၀မှ ဖြေးညှင်းစွာ၀င်လာခဲ့တဲ့ထိုလူသား ...အနက်ရောင်၀တ်စုံပြည့်ဖြင့်မာန်ပါပါ လမ်းလျှောက်၀င်လာတဲ့သူ....
သူကတော့...
                                      
                                  
                                              
                                          
                                          