part 31( Unicode +Zawgyi)

2.1K 157 14
                                    

Unicode

📌အခု ရက်ပိုင်းသိပ်မအားလို့အပိုင်းလေးတွေတိုသွားရင်ခွင့်လွှတ်နော်📌
......................................................................
#အော်.. ကောင်းတာပေါ့ #
#.......#
#သူတို့ပြန်အဆင်ပြေသွားလို့တော်သေးတယ်ပြောရမယ်... ငါဒီဘက်မှာလိုက်စုံစမ်းနေတာ.. ဘာဆိုဘာမှသဲလွန်စမရဘူး..#
#.......#
#ယုံပါတယ်.. အဲ့တာကြောင့် မင်းလက်ထဲကိုအပ်ထားတာ..#
#........#
#အင်း... အလုပ်တွေပဲဖိလုပ်မနေနဲ့ဦး.. #
#........#
ဟိုဆော့ နမ်ဂျွန်းနဲ့ဖုန်းပြောရင်း သတိရလိုက်မိသူက.... ရေခဲလူသားမင်ယွန်းဂီ..... သူနဲ့ဟိုဆော့မတွေ့ဖြစ်တာလဲကြာနေပီ.... ဆော့ဂျင်နဲ့ဂျန်းကုအဆင်ပြေသွားပီဆိုတော့သူလည်းအနဲနဲ့အများခံစားနေရမှာပဲလေ... သတိရစိတ်တွေနဲ့ ညနေတိုင်းသူရှိနေတတ်တဲ့ ဘတ်စ်ကတ်ဘောကွင်းလေးကိုသွားကြည့်တော့ သစ်ပင်အောက်မှာ ငေးငိုင်နေတဲ့ သူ....မင်ယွန်းဂီ.... လေညှင်းလေတွေတိုက်နေတဲ့ကြားမှာ သူ့ဆံနွယ်လေးတွေကယိမ်းဝှေ့ရင်း.... ‌ညနေစောင်းနေ၀င်ချိန် ရောင်နီအောက်မှာ သူ့အသားဖွေး‌ေဖွးလေးကထင်ဟပ်နေ‌ေလတယ်....

"ယွန်းဂီhyung..."

ငေးငိုင်ငိုင်သူ့မျက်၀န်းတွေမှာမျက်ရည်စတွေခိုသီးလို့....

"မင်းပဲ... ထိုင်လေ... သောက်ဦးမလား??"

ဘေးဘက်မှာချထားတဲ့ ဘီယာဘူးတစ်ဘူးကိုဖောက်ပီးပေးလာတော့ ဟိုဆော့မငြင်းပဲယူလိုက်မိတယ်....

"Hyung စိတ်ညစ်နေတာလား???"
"နဲနဲပါ... "
"ကျွန်တော့ကိုရင်ဖွင့်လို့ရပါတယ်..."

နှုတ်ခမ်းမှာတေ့ထားတဲ့ ဘူးကိုသူကုန်အောင်မော့လိုက်ရင်းဆိုလာတဲ့စကားက...

"မင်း.. အချစ်ကိုဘလိုထင်လဲ??"
"ကျွန်တော်သေချာမသိဘူး..."
"ပြောကြည့်ပါ...မင်းအထင်ကိုပေါ့..."
"ကျွန်တော့အထင်တော့.. ချစ်ရသူရဲ့ပျော်ရွှင်ခြင်းလို့ထင်တယ်.."
"အကယ်၍သူက... မင်းမဟုတ်တဲ့သူနဲ့မှပျော်ရွှင်နိုင်မယ်ဆိုရင်ရော.."
"ဒါဆိုလည်း ကိစ္စမရှိပါဘူး.. သူပျော်နေရင်ရပီလေ.."
"တခါတလေတော့လေ စွန့်လွှတ်ဖို့ဆိုတာတကယ်ခက်ခဲတယ်.. ငါလည်းမင်းလိုပဲ... သူပျော်နေတာမြင်ရရင်ငါလည်းပျော်နိုင်မယ်လို့ထင်ခဲ့တယ်.. ဒါပေမဲ့လက်တွေ့မှာ ငါ့နှလုံးသားတွေကွဲကြေသွားသလိုခံစားရတယ်.. ငါမှားသွားပီလားဆိုတဲ့အတွေးတွေလဲတွေးနေမိတယ်..."

🌺If you🌺Jinkook (Complete)Where stories live. Discover now