Unicode
တနေကုန် နန်းတော်သဖွယ်စံအိမ်ကြီးထဲမှာနေနေရတော့ ဆော့ဂျင်တို့ အတော်ပျင်းနေလေပီ
"Hyung ပျင်းနေပီလား..??"
စားရင်းတွေမပြီးသေးလို့ laptopမချနိုင်သေးတဲ့ ဂျန်းကုက မျက်မှန်လေးကိုပင့်တင်ရေးမေးလိုက်တယ်... ဆော့ဂျင်အတွက် ဂျန်းကုကဘယ်လိုနေနေအရမ်းချောတဲ့ နတ်သားလေးပါ.. အခုတော့မှန်ကြောင်နတ်သားလေးပေါ့..
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
"Hyung အခုလိုစိုက်ကြည့်နေတော့ ကျွန်တော်ရှက်ပီးစာရင်းတွေတောင်မှားလုပ်မိနေပီ..!!!"
အပြစ်တင်သလိုပြောလာတဲ့ ဂျန်းကုကိုကြည့်ရင်းဆော့ဂျင် ခပ်ဟဟရယ်လိုက်သည်...
"အဲတာ ကုကီးအပြစ်လေ.. ဘာလို့မျက်လုံးအကြည့်မခွာနိုင်လောက်အောင်ချောရတာလဲလို့..!!"
"အော်~ hyungကကျွန်တော့စကားနဲ့ကျွန်တော့ကိုပြန်အနိုင်ယူတယ်ပေါ့!!"
ဟုတ်ပါသည် ရည်းစားဖြစ်ပီးတဲ့ တပတ်အတွင်း ဂျန်းကုကီးလိုက်နမ်းလို့ ဆော့ဂျင်ပါးလေးတွေတောင်ယောင်နေပီ... ဘာလို့အတင်းလိုက်နမ်းနေတာလဲမေးပြန်ရင်လည်း အဲ့တာ hyungကအမြဲနမ်းချင်လောက်အောင်ချစ်ဖို့ကောင်းလို့နမ်းတာ အဲ့တာ hyungအပြစ်ဆိုပီးလူလည်ကျတတ်သောဂျန်းကုရယ်ပါ..
ဂျန်းကု laptopကိုခနချရင်းအညောင်းပြေအညာပြေအကြောဆန့်လိုက်တော့.. ဆော့ဂျင်လက်လေးတွေကဂျန်းကုရဲ့ပုခုံးနဲ့ လည်ဂုတ်ပေါ်ကိုရောက်လာပီးနှိပ်နယ်ပေးနေလေရဲ့...
"Hyungရဲ့ကုကီးလေး.. ပင်ပန်းနေပီလား??"
"အင်း.. အရမ်းပင်ပန်းတယ်!!"
"Hyung ဘာလုပ်ပေးရမလဲ..??"
"ကျွန်တော့ကိုအားပြန်သွင်းပေး.."
"ဘယ်လို..??"
ဆော့ဂျင်စကားမဆုံးသေးခင်မှာပဲ ဂျန်းကုရဲ့အုန်းသီးခေါင်းလေးက ဆော့ဂျင်ရဲ့ရင်ခွင်ကျယ်ကြီးထဲရောက်နေလေပီ.. ဂျန်းကုဆော့ဂျင်ကိုတင်းတင်းကျပ်ကျပ်ဖက်ထားရင်း..
