part 4 (Unicode+ Zawgyi)

3.3K 228 2
                                        

Unicode💜💜💜

Seok Jin's side

ကျွန်တော့နာမည်က Kim Seok Jinပါ ကျွန်တော့မှာ အရင်တုန်းကသာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေးရှိခဲ့ဖူးပါတယ်..... appaရယ်.. ommaရယ်..  ဆော့မင်လေးရယ်..အရမ်းကိုပျော်ရွှင်ဖွယ်ကောင်းခဲ့တာပေါ့... ဒါပေမဲ့...ကျွန်တော Universityပထမနှစ်မှာ appaရဲ့ company အရှုံးပေါ်လာတယ်..... ရှယ်ယာရှင်တွေလည်းနှုတ်ထွက်ကုန်ကျတယ် ..... နဂိုကတည်းကနှလုံးရောဂါအခံရှိတဲ့‌appaက အိပ်ယာထဲဘုန်းဘုန်းလဲတော့တာပဲ.... ကျွန်တော်ကလည်း ဘာမှမကူညီပေးနိုင်ခဲ့ဘူး.... မကြာခင်မှာပဲ... ကျွန်တော်တို့အိမ်ကို အကြွေးနဲ့သိမ်းလိုက်ကြတယ်.... companyကလည်းဒေဝါလီခံခဲ့ရတယ်..... ကျွန်တော်လည်းကျောင်းထွက်ပီးအချိန်ပိုင်းအလုပ်တွေလုပ်ရတော့တာပေါ့.... appaကတော့ စိတ်ထောင်းကိုယ်ကြေဖြစ်နေပီး.....တစ်လလောက်အကြာမှာဆုံးပါးသွားခဲ့တယ်..... အဖေမဆုံးခင်မှာပြောသွားတဲ့နာမည်တခုက..... ဂျွန်းဂျန်းမီ......။....ommaကတော့... အခြေအနေတွေအားလုံးကိုလက်မခံနိုင်ခဲ့ဘူး.... မကြာပါဘူး စိတ်အပင်ပန်းမခံနိုင်တဲ့ommaက ကျွန်တော်တို့ညီအကို ကိုထားခဲ့ပီး ကိုယ်လွတ်ရုန်းသွားခဲ့တယ်..... အဲဒီနေ့က ကျွန်တော်ညပိုင်းအထိ အချိန်ပိုင်းလုပ်နေရတုန်း.... ဆော့မင်က ဖုန်းခေါ်လာတယ်... ကျွန်တော်ဘက်ကဖုန်းကိုင်လိုက်ပေမဲ့ ဘာမှပြန်မပြောတဲ့ ဆော့မင်ကြောင့်ကျွန်တော်စိတ်ပူသွားတယ်.... ကျွန်တော်အိမ်ကိုအမြန်ပြန်လာတော့.... လက်ကောက်၀တ်မှာသွေးတွေအများကြီးထွက်နေတဲ့ommaရယ်... ‌ေသွးရူးသွေးတမ်းဖြစ်နေတဲ့ ဆော့မင်လေးရယ်....။ထိုနေ့က ommaက Suicide လုပ်ခဲ့ပါတယ်.... ထိုအခြေအနေကိုကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ညီလေး ဆော့မင်ရဲ့စိတ်အခြေအနေကပုံမှန်မဟုတ်ခဲ့ပါဘူး.... အရှင်းဆုံးပြောရရင်ယဉ်ယဉ်လေးနဲ့ရူးသွားတာပေါ့.... ကျွန်တော်ကရော ဘာမှမခံစားရဘူးလို့ထင်နေမှာလား...?? ကျွန်တော်လည်းအရမ်းခံစားရတာပေါ့ ရူးသွားမတက် ommaလိုမျိုးလုပ်မိတော့မတက်... ဒါပေမဲ့... ကျွန်တော်မှာ ဆော့မင်လေးရှိသေးတယ်.... ကျွန်တော်ညီလေးအတွက်အသက်ရှင်ရမယ်ဆိုတဲ့စိတ်ပဲရှိခဲ့တယ်....

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.
🌺If you🌺Jinkook (Complete)Tempat cerita menjadi hidup. Temukan sekarang