part 5( Unicode+ Zawgyi)

2.9K 232 13
                                    

Unicode
"သခင်လေး... Jeon"

ဆူဟိုတယောက်ဟာလည်း ဂျန်းကုစိတ်ငြိမ်သွားမှသာအခန်းထဲကို၀င်လာနိုင်တော့တယ် မဟုတ်ရင် ခုနပစ်ပေါက်တဲ့ ပန်းအိုးတွေကြောင့် သူပါလူနာဖြစ်လာမှာသေချာနေသည်လေ

"သခင်လေး!!"
"......."

ဂျန်းကုဘာမှပြန်မပြောပေမဲ့ သောင်းကျန်းနေတာထက်စာရင် ဒီလိုတိတ်ဆိတ်နေတာကိုပဲဆူဟိုသဘောကျမိပါတယ်

"ချွဲဆူဟို!!"
"ဗျ~ ဗျာ"
"ငါ....ပန်းခြံထဲသွားချင်တယ်"
"ဟုတ်ကဲ့... ကျွန်တော်လိုက်ပို့ပေးပါ့မယ်"

ဂျန်းကုနဲ့ဆူဟို အောက်ထပ်ကဆေးရုံပန်းခြံလေးကိုရောက်လာတယ်...

"မင်းသွားတော့..."
"ခင်ဗျာ!!"
"မင်းကိုသွားတော့လို့ပြောနေတာ..."
"ဟုတ်~ ဟုတ်ကဲ့.. သခင်လေး"

ဆူဟိုအပေါ်ထပ်ကိုပြန်တက်သွားတော့ ဂျန်းကုတယောက်တည်းခုနဂျွန်းဂျန်းမီ‌‌ေပြာခဲ့တာတွေကိုပြန်ကြား‌ေယာင်လာတယ်.....

#ဟင်း~မင်းကြောင့်မင်းမိဘတွေသေရတာ မင်းသာအကယ်၍ အဲဒီအလုပ်ကိုမင်းကုိယ်တိုင်သွားလုပ်ခဲ့မယ်ဆိုဒီလိုဖြစ်မှာမဟုတ်ဘူး#
#မင်းက သနားစရာကောင်းတာပဲ မိဘရော ချစ်သူရော မင်းဘေးမှာမရှိတော့ဘူး..... အဲဒီအပြင်...... မသန်မစွမ်းပါဖြစ်နေသေးတယ်#
#မင်းက ဘေးကသူတွေကိုမတွေးပေးခဲ့ဘူးမလား~ အဟက် ~မင်းအချစ်ဆုံးသူငယ်ချင်းရဲ့ ချစ်ရတဲ့သူကိုမှ မင်းကလုယူတယ်#
#မင်းကြောင့် company ရှယ်ယာတွေထိုးကျနေပီ ......မင်းမိဘတွေရဲ့company မင်းလက်ထက်ရောက်မှပျက်တော့မယ်#
#မင်းကသေသင့်တဲ့သူပဲ..... မင်းကိုချစ်တဲ့သူတယောက်မှမရှိတော့ဘူး ....မင်း‌သေရင်တောင်ငိုကြွေးပီးစိတ်မကောင်းဖြစ်ပေးမဲ့သူ......မင်းမှာမရှိတော့ဘူး#

Jk's pov:
ငါ့ကြောင့်လား ဒါတွေအကုန်လုံးက သူပြောသလိုငါ့ကြောင့်လား??? ငါ့ရဲ့မိဘတွေကိုသေတွင့းထဲပို့တဲ့သူကလည်းငါပဲ... ငါ့ရဲ့သူငယ်ချင်းကိုဂရုမစိုက်မိဘဲ ငါ့အတ္တကို ဦးစားပေးခဲ့တာလည်းငါပဲ...... ငါ့သူငယ်ချင်းချစ်နေတာကိုတောင်ငါမသိခဲ့ဘူး.... အခုငါ့မှာ ဘာမှမရှိတော့ဘူး... မိဘ... ချစ်သူ.... သူငယ်ချင်း နောက်ဆုံးငါ့ရဲ့ခြေထောက်တွေ....ငါ့ကိုဘယ်သူမှစိတ်ပူနေမှာမဟုတ်ဘူး..... ငါ့သေရင်တောင်၀မ်းနည်းပေမဲ့သူရှိပါ့မလား...???

🌺If you🌺Jinkook (Complete)Where stories live. Discover now