Unicode
ယွန်းဂီ ဆော့ဂျင်ကိုလိုက်ပို့ပီးအပြန်မှာ companyက ကိစ္စတစ်ခုကြောင့် လေယာဉ်ကွင်းကိုအမြန်လာလိုက်ရတယ်... သတိမထားမိပဲ ဖုန်းပြောလာတဲ့ကောင်လေးနဲ့တိုက်မိပီး သူလဲကျသွားတယ်.....
"အဆင်ပြေရဲ့လား..?? တောင်းပန်ပါတယ်နော်..."
တော်တော်ကြာတဲ့အထိထိုကောင်လေးက ယွန်းဂီကိုစိုက်ကြည့်နေတယ်....
Oops! Questa immagine non segue le nostre linee guida sui contenuti. Per continuare la pubblicazione, provare a rimuoverlo o caricare un altro.
"ငါ့လက်ကိုကိုင်ပီးထလိုက်...."
ယွန်းဂီရဲ့လှမ်းပေးထားတဲ့လက်လေးကို ထိုကောင်လေးကကိုင်ပီးထလိုက်တယ်... ယွန်ဂီလည်းပြုတ်ကျသွားတဲ့ပစ္စည်းတွေကိုအမြန်ပြန်ကောက်ပေးလိုက်တယ်....
"မင်းအဆင်ပြေတယ်ဆိုရင်... ခွင့်ပြုပါဦး..."
ထိုကောင်လေးကိုယွန်းဂီအမြန်နှုတ်ဆက်ပီးလေယာဉ်ကွင်းထဲ၀င်သွားတယ် ...
.................................................................................
#တီ..!! တီ..!!#
ကားဟွန်းသံကြားမှ ဟိုဆော့သတိပြန်၀င်လာခဲ့တယ်.... ကားထဲက နမ်ဂျွန်းကတော့ ဟွန်းကိုဆက်တိုက်တီးနေလေရဲ့...
#တီ..!! တီ..!!#
"ဟိတ်ကောင်..!! မတက်တော့ဘူးလား..??"
"လာပီကွ... ခန..!!"
ဟိုဆော့တယောက်အထုပ်တွေနဲ့မနိုင်မနင်းဖြစ်နေတာကို၀င်ကူမယ်မရှိပဲ ပြိုင်ကားနီနီထဲမှာ နေကာမျက်မှန်တလက်နဲ့ အလုပ်ရှုပ်နေသောနမ်ဂျွန်း.....
Oops! Questa immagine non segue le nostre linee guida sui contenuti. Per continuare la pubblicazione, provare a rimuoverlo o caricare un altro.
