685

535 72 0
                                    

Chapter 685: သုံးဆင့်ဝိညာဉ်ယဇ်ပလ္လင်

ရှီယန် လန်းဆန်းစွာ နိုးထလာသည်။

သူ့မျက်လုံး ဖွင့်ဖွင့်ခြင်းပင် ထူးဆန်းစွာ ခံစားရသည်။

ဖန်ဆင်းရှင်၏ မြင့်မြတ်ခြင်းရေကန်ကြီးတစ်ခုလုံး မွဲခြောက်နေလေပြီ။
ရေကန်၏ အဓိက အစိတ်အပိုင်းများဖြစ်သော ဝိညာဉ်စင်္ကြန်၊ဗဟိုချက်နှင့် အစီအရင် လမ်းကြောင်းများအားလုံး ပျက်စီးလျှက်ရှိသည်။
ရေကန်တစ်ခုလုံး အပေါက်များ နေရာအနှံ့ဖြစ်ပေါ်နေပြီး မည်သည့်စွမ်းအင်ဖြာထွက်မှုမှ မရှိတော့ပဲ ရိုးရိုး ကန်ရေများဖြင့် ပြည့်နေပြီဖြစ်သည်။

ရှီယန်က ပတ်၀န်းကျင်ကို လျှင်မြန်စွာ လှည့်ပတ်ကြည့်လိုက်သည်။
ပထမတန်းစား ကီစွမ်းအင်သလင်းတုံးများအားလုံးသည် သာမန်ရိုးရိုးကျောက်တုံးများအဖြစ်ပြောင်းလဲသွားခဲ့လေပြီ။
၀ိညာဉ်စွမ်းအင်များရော ကီစွမ်းအင်များရော ခမ်းခြောက်နေလေပြီ။

အင်ပါယာ ယန်ခန်းဒီသည် ခပ်လှမ်းလှမ်းတွင် တောင့်တောင့်ကြီးရပ်နေသည်။
မျက်လုံးများ ရဲတွတ်နေပြီး ရက်ပေါင်းများစွာ မအိပ်ခဲ့ရပုံပေါ်သည်။

ရှီယန်က ပတ်၀န်းကျင်ကို မကြည့်တော့ပဲ သူ့ကိုယ်သူ ပြန်စစ်ဆေးကြည့်လိုက်သည်။
သူ့မျက်နှာတွင် အံ့အားသင့်ဟန်များပြည့်နှက်လို့သွားသည်။
ထူးဆန်းလှချေတကား။

သူ့ဦးခေါင်းထဲတွင် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

သူ့ အသိစိတ်ပင်လယ်က ငါးဆမျှ ပိုမို ကျယ်ပြန့်လာခဲ့သည်။
၀ိညာဉ်အသိစီးကြောင်းတစ်ခုချင်းစီကလဲ ကြည်လင်တောက်ပလျှက်ရှိ၏။
သန့်စင်သော ဝိညာဉ်စွမ်းအင်များ ဖြာထွက်နေသည်။

သူ၏ အသိစိတ်ပင်လယ်ထဲမှ လှိုင်းလုံးများသည်ပင် သဘာ၀တစ်ရား၏ တစ်စုံတစ်ရာသော စည်းမျဉ်းများအတိုင်း ရိုက်ခတ်နေပုံရသည်။
၀ိညာဉ်အသိစီးကြောင်းများသည် အသိစိတ်ပင်လယ်၏ ရေစီးကြောင်းများသဖွယ်ဖြစ်သည်။သူ၏ သွေးကြောများ အာရုံကြောများနှင့် ချိတ်ဆက်နေပြီး သူ့ခန္ဓာကိုယ်မှ ကီစွမ်းအင်များ၏ အပြောင်းအလဲကို ကောင်းမွန်စွာ ခံစားရစေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Tempat cerita menjadi hidup. Temukan sekarang