607

603 64 0
                                    

Chapter 607: မဟာကပ်ဘေးကြီး

ကောင်းကင်ထက်သို့ ထိုးတက်နေသော မီးခိုးတိုင်လုံးကြီးများက မိုးကုတ်စက်ဝိုင်းတွင် မျောလွင့်နေကြသော နဂါးကြီးများသဖွယ်…။
သူ့မျက်စိရှေ့ရှိ မြင်ကွင်းတစ်ခုလုံးသည် ပျက်စီးခြင်းများနှင့် ပြည့်နှက်နေသည်။
သူ့ ဝိညာဉ်အသိကို ပို့လွှတ်လိုက်သမျှ နေရာဒေသအားလုံး တိတ်ဆိတ်ငြိမ်သက်ခြင်းဖြင့် ခြောက်ခြားဖွယ်ရာ ကြီးစိုးလျှက်ရှိသည်။

မြောက်ဘက် ရတနာတောင်တန်းနှင့် ကပ်လျက် မြောက်ဘက်ရတနာမြို့တော်တွင် အသက်ဓါတ်ဖြာထွက်မှု ဆံခြည်တစ်မျှင်စာမျှပင် မတွေ့ရပါ။
တစ်မြို့လုံး သေသွားကြဟန်တူသည်။

မြောက်ပိုင်းရတနာတောင်ရှိ သူ၏ တည်နေရာရွှေ့ပြောင်းခြင်း ၀င်္ကဘာက အထိအခိုက်တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ဒီနေရာတွင် ယန်မိသားစုမှ လူ တစ်ယောက်တစ်လေမှပင် မတွေ့ခဲ့ပါ။
မြောက်ဘက်ရတနာတောင်ကြီးတစ်ခုလုံး မှောင်မဲတိတ်ဆိတ်ခြင်းထဲတွင် နစ်မြုပ်လို့နေသည်။
ကြီးမားသော အပြောင်းအလဲကြီးတစ်ခုတော့ ဖြစ်ခဲ့ချေပြီ…။

မြောက်ဘက်ရတနာတောင်အထက် လေထဲတွင် ရပ်တည်နေရင်း ရှီယန့်မျက်လုံးများ မှိန်ဖျော့လာသည်။
သူ စိတ်ပူသည်။
သူ့ ဝိညာဉ်အသိကို ဆက်လက် လမ်းညွှန်ကာ အလင်းတော်ဂိုဏ်းရှိရာသို့ ပို့ဆောင်လိုက်သည်။

သူ့ ဝိညာဉ်အသိ ဖြတ်သန်းသွားသမျှနေရာများတွင် လူရိပ်လူယောင်ဟူ၍မရှိပါ။
ခမ်းနားကြီးကျယ်လှသော အလင်းတော်ဂိုဏ်း၏ ကျောင်းတော်ကြီးများသည် အပျက်အစီးပုံကြီးဖြစ်နေပေပြီ။
မြောက်များစွာသော လူနေအိမ်ခြေများ မြို့ကြီးများသည်လည်း မီးလောင်ပြာကျလျှက်…။

အလင်းတော်ဂိုဏ်း၏ မြင်ကွင်းသည် အရှေ့ပင်လယ်နှင့် တစ်ထပ်တည်းကျလျှက်ရှိသည်။
လူမျိုးသုဉ်းစစ်ပွဲ….
ဒါသည် လူမျိုးသုဉ်း စစ်ပွဲကြီးသာဖြစ်သည်။

ချောင်ချူထောင်၊ဖန်ရှင်းယွန်နှင့် အခြားသူများသည်လည်း လုံခြုံမှုမရှိခြင်းကို ခံစားလာရသည်။
သူတို့သည်လည်း ကောင်းကင်၌ပျံဝဲနေပြီး ဝိညာဉ်အသိဖြင့် ပတ်၀န်းကျင်ကို လေ့လာနေကြသည်။
အားလုံးပင် မျက်စိပျက်မျက်နှာပျက်ဖြစ်နေကြသည်။
သူတို့ နှလုံးသားထဲတွင် ဖြစ်တည်စ မျှော်လင့်ချက်လေးသည်ပင် တစထက်တစ ဆွဲထုတ်ခံနေရသလို…။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now