732

517 63 0
                                    

Chapter 732:ကျိယောင်၏ ကတိ…။

ကျားငါးမန်း စစ်ရထား တစ်ရာသည် မီးလျှံဥက္ကာခဲထုကြီး၏ အနောက်ဘက်တွင် ပုန်းနေသည်။ သူတို့ အားလုံးသည် ကြမ်းတမ်း ရက်စက်သော သတ္တဝါကြီး တစ်ကောင်က သားကောင် အလာကို စောင့်ဆိုင်းနေသည့်အလား တည်ငြိမ်စွာ စောင့်ဆိုင်းနေသည်။

ကျားငါးမန်း စစ်ရထားပေါ်တွင် အဆင့်အတန်းမြင့်မားနက်ရှိုင်းသော သိုင်းသမားများ ရပ်နေသည်။ သူတို့သည် တူညီဝတ်စုံ မဝတ်ထားသော်လည်း အေးစက်မှုနှင့် ရက်စက် ကြမ်းကြုတ်သော အမူအရာများ ရှိကြသည်။

သိုင်းသမားများအားလုံးသည် မျိုးနွယ်စု အမျိုးမျိုးမှဖြစ်၏။

ခေါင်းဆောင်က အမှောင်ဝိညာဉ်မျိုးနွယ် ထ်ိပ်ပြောင်ကြီး ဖြစ်ကြောင်း ရှီယန် မှတ်မိလိုက်သည်။ သူသည် ကြီးကျယ်ခမ်းနားသော ခွန်းအားနှင့် ရုန်းရင့် ကြမ်းတမ်းသော အမူအရာ ရှိသည်။

ရှီယန်၏ ဝိညာဉ် အသိက နေအလင်းရောင်နှင့်အတူ အပြိုင် ပျံသန်းနေသည်။ သူ့ဝိညာဉ် အသိတွင် မီးလျှံ စွမ်းအင်ကို ပေါင်းထည့်ခဲ့ရာ သူ့အသိကို ရှာတွေ့ရန် ခက်ခဲသွားပြီ ဖြစ်သည်။

သူသည် အချိန်ခနကြာ လျှို့ဝှက် လေ့လာလိုက်သည်။ အခြေအနေ မကောင်းတော့ဟု ခံစားမိသည်နှင့် ချက်ချင်း နောက်ဆုတ်လိုက်သည်။

ခရမ်းစွဲစစ်သင်္ဘော၏ အဓိက ကုန်းပတ်ပေါ်တွင်…

မင်းသမီး ကျိယောင်သည် တုဖုန်း၊ ဗာဂ၊ အခြား စစ်သည်တော်များနှင့်အတူ ခရီးစဉ်အတွက် ဆွေးနွေးနေသည်။ သူတို့က လမ်းကြောင်းကို တစ်သမတ်ထဲ သွားသင့် မသွားသင့် ဆွေးနွေးကြသည်။

သူတို့ အားလုံးသည် ပေါင်းအိုး တစ်လုံးထဲတွင် ပျံသန်းနေသည့်အလား ချွေးများဖြင့် ရွှဲစိုနေသည်။ သူတို့၏ မျက်နှာက အနီရောင် သန်းနေသည်။

ရှီယန်လည်း အတူတူပင်။ သို့သော် သူက တည်ငြိမ်သော အမူအရာကို ပြန်ထိန်းထားသည်။ သူက ကျိယောင်၏ လှပသော ဘေးအန္တရာယ်ကို နောက်ထပ် ချောင်းမကြည့်ရဲတော့ပါ။

ဗာဂတို့ အုပ်စုနှင့် စကားပြောနေသော ကျိယောင်က အချိန်တိုင်းလိုလို ရှီယန်ကို လှမ်းကြည့်သည်။ သူမ၏ မျက်လုံးအစုံက လင်းလက်နေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now