716

511 77 1
                                    

Chapter 716: အလုပ်နှင့် အကျိုးအမြတ်

ကြေးဝါ မီးသင်္ဘောကြီး၏ အဓိက ကုန်းပတ်ပေါ်တွင် သိုင်းသမားများစွာ စုဝေးလျှက်ရှိသည်။

အောလနှင့် ပိယူလဲ ရှိနေကြပြီး အရှေ့နှင့် အနောက် လျှောက်ကာ အမိန့်ပေးညွှန်ကြားလျှက်ရှိကြသည်။

သင်္ဘောအပြင်ဘက်တွင်တော့ ကျောက်တုံးကြီးများစွာ ပေါ်လောမျောနေ၏။

အနက်ရောင် အောက်ခံတွင် ရွှေရောင်အမျှင်များဖြင့် တဖိတ်ဖိတ်တောက်လျှက်ရှိသည်။

ရွှေရောင်သဲမှုန်များက ထိုကျောက်တုံးကြီးများထံမှ လွင့်မျောထွက်ပေါ်နေခြင်းဖြစ်သည်။

သန့်စင်သော ရွှေသဲမှုံများသည် လေနှင့်အတူ ထို ရွှေမျှင်ကျောက်တုံးဧရိယာတစ်ဝိုက် တိုက်ခတ်နေကြသည်။

ပိုမိုဝေးကွာသောအရပ်တွင်တော့ အဆုံးမဲ့ စကြ၀ဠာကြီးထဲတွင် စိန်ပွင့်လေးများ ဖြန်းပက်ထားသလို ကြယ်စုများ…

ရွှေမျှင်ကျောက်တုံးကြီးများပေါ်တွင် လူတစ်ချို့ ရှိနေပြီး ထုနှက် တူးဖော်နေကြသည်ကို မြင်ရသည်။

ထိုလူများသည် စွမ်းအင်အဆင့်အတန်း အမျိုးမျိုးရှိပြီး အနိမ့်ဆုံးက ကောင်းကင်အဆင့်များဖြစ်သည်။

စိတ်ဝိညာဉ်အဆင့် အများစုနှင့် အစစ်အမှန်နတ်ဘုရားအဆင့်များလဲ လုပ်သားများထဲတွင် ပါ၀င်သည်။

၄င်းတို့ကို နတ်ဘုရင်အဆင့် သိုင်းသမားတစ်ယောက်က အော်ဟစ် စေခိုင်းနေခြင်းဖြစ်၏။

အတန်ကြာ လေ့လာပြီးနောက် ရွှေသဲမှုံ ဧရိယာသည် မြေအောက်ကမ္ဘာ အဖွဲ့ချုပ်၏ သတ္တုတွင်းတစ်ခုပင်ဖြစ်ကြောင်း သဘောပေါက်လာသည်။ အဆင့်နိမ့်သိုင်းသမားများသည် မိုင်းတွင်းလုပ်သားများဖြစ်ပြီး အဖွဲ့ချုပ်အတွက် ရွှေသဲမှုန်များ တူးဖော်စုဆောင်းပေးနေရခြင်းဖြစ်သည်။

ဒါက ဗိုလ်ချုပ် ပိချန်း၏ မိုင်းလုပ်ကွက်ဖြစ်ပြီး သူ့ သမီးဖြစ်သူ ပိယူကို ထို ရွှေသဲမှုံဧရိယာ အဖွဲ့ခွဲခေါင်းဆောင်က အလွန် လေးစားရိုသေရသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now