710

530 67 0
                                    

Chapter 710: လူခန္ဓာဆေးပေါင်းအိုး

ဖာဂီက သိုလှောင်လက်စွပ်ကို ချွတ်ကာ အဖွားအိုအား တရိုတသေပေးလိုက်သည်။

“ကျွန်မ စုဆောင်းလို့ရခဲ့သမျှ ငါးရောင်ခြယ်သတ္တုရိုင်းတွေပါ…အဖွားကလေးလေးအတွက် အကျိုးရှိလိမ့်မယ်။အဖွားရဲ့ ကလေး မြန်မြန် ဖွံ့ဖြိုးလာပါစေ”

အဖွားကြီးက မျက်ခုံးပင့်လိုက်ရင်း

“ကောင်းတယ်ကောင်းတယ်”

သူမက သိုလှောင်လက်စွပ်အတွင်းမှ ငါေးရာင်ခြယ် သတ္တုများအားလုံးကို အပြင်သို့ ထုတ်ယူလိုက်သည်။

သူမ၏ လက်ဝါးမှ ထူးဆန်းသော တုန်ခါလှိုင်းတစ်ခု ထွက်ပေါ်လာရာ ငါးရောင်ခြယ် သတ္တုများအတွင်းမှ ရောင်စဉ်ငါးမျိုး စွမ်းအင်လှိုင်းများ အပြင်ဘက်သို့ ယိုစိမ့်ထွက်လာသည်။

ထိုစွမ်းအင်လှိုင်းများကို သူမ လက်မောင်းပေါ်ရှိ မြွေလေးထံ ပို့လွှတ်ပေးလိုက်လေသည်။

ငါးရောင်ခြယ်သတ္တုများအတွင်းမှ အဆီအနှစ်စွမ်းအင်လှိုင်းများကို မျိုချပြီးသောအခါ မြွေကလေး၏ အရောင်က ပိုမိုတောက်ပလာသည်။

ထိုသတ္တုအဆီအနှစ်များက ၄င်းအတွက် အကျိုးဖြစ်ထွန်းစေမှန်း သိသာ၏။

အဖွားကြီး၏ အပြုံးက ပိုမိုနူးညံ့လာသည်။

သူမက ရှီယန့်ဘက်လှည့်ကာ ချိုသာသောလေသံဖြင့်

“ကောင်လေး…ကောင်းကောင်းနေနော်။မင်း ခန္ဓာကိုယ်ကို အမှီပြုပြီး ငါ့ကလေး အကျိုးရှိသွားရင် မင်းကို လွတ်လပ်ခွင့်ပေးမယ်”

ရှီယန်က မျက်နှာသေဖြင့်ပင်ရှိနေသည်။

ဘာစကားမှ ပြန်မပြော။

ဖာဂီနှင့် ဤအဖွားကြီးတို့၏စကားသည် လိမ်လည်မှုများသာ ပြည့်နေကြောင်း ရှီယန် သဘောပေါက်ထားပြီးဖြစ်သည်။

သူမယုံပါ။

သူ့ခန္ဓာကိုယ်သည် မြွေကလေးကို အဆင့်တက်အောင် ကူညီနိုင်ခဲ့လျှင်ပင် သူတို့က ချမ်းသာပေးလိမ့်မည်မဟုတ်။အသုံးပြုလို့ရသလောက်ထိ သုံးပြီး သတ်ပစ်ပေလိမ့်မည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now