723

531 62 0
                                    

အခန်း(723) ပြည်နယ်အမတ်ချုပ်ကြီး

ခရမ်းစွဲစစ်သင်္ဘောက ကောင်းကင်တွင် နေသုံးစင်းရှိသော တိုက်ကြီးတစ်ခုတွင် ရပ်တန့်သွားခဲ့သည်၊၊

စစ်သင်္ဘောပေါ်တွင် ရပ်နေရင်း ရှီယန်က ကောင်းကင်ပေါ်မှ ဧရာမ နေသုံးစင်းကို ကြည့်ရန် ခေါင်းမော့လိုက်သည်။ ကြယ်တာရာသိုင်းဝိညာဉ်က နေရောင်ခြည်စွမ်းအင်ကို စုပ်ယူနေသောကြောင့်  အလွန်သိပ်သည်းသော နေရောင်ခြည်အောက်တွင် သူ သက်တောင့်သက်သာရှိစွာ ခံစားရသည်။

ကောင်းကင်မီးလျှံ ပလ္လင်တွင်ရှိသော မြေကမ္ဘာမီးလျှံလည်း ပျော်ရွှင်နေပုံရသည်။ မြေကမ္ဘာမီးလျှံက နေစွမ်းအင် အဆီအနှစ်နှင့် ပေါင်းစည်းခဲ့ပြီးဖြစ်သောကြောင့် သူ၏ သဘာဝတွင် ဆိုလာစွမ်းအင်သဘောရှိသည်။

နေသုံးစင်း၏ အလင်းရောင် ဖြန်းပက်သော ကုန်းမြေတိုက်ကြီးပေါ်တွင် ရောက်နေသည့် ရှီယန်သည် အတော်အသင့် နွေးထွေးမှုကို ခံစားရနေသည်။

ဤတိုက်ကြီးပေါ်ရှိ ကောင်းကင်နှင့် မြေကြီး စွမ်းအင်များက ပမာဏ များပြားလှ၏။ ရှီယန်က စစ်သင်္ဘောပေါ်တွင် ရပ်နေသည့်တိုင် သူ၏ စိတ်လန်းဆန်းနေသည်ကို ခံစားရသည်။ ဤနေရာက သူ၏ ကျင့်ကြံခြင်းအတွက် အတော်လေး အထောက်အကူပြုပေလိမ့်မည်။

ဤနေရာမှလှမ်းကြည့်လျှင် ရှီယန်က ရေကန်များစွာနှင့် ဧရာမ နန်းတော်ကြီးများကို တွေ့မြင်ရသည်။ ထိုနန်းတော်ကြီးများက ကောင်းကင်ကိုထိုးဖောက်နေသော တောင်များနှင့် တူသည်။ ထိုရေကန်များနှင့် နန်းတော်များအလယ်တွင် ပန်းများလှပစွာ ဖူးငုံပွင့်နေကြသည်။ အမျိုးအမည်မသ်ိသော ပန်းများကို နေရာအနှံ့တွင် တွေ့နိင်ကာ စိမ်းလန်းသော မြို့ရိုးပေါ်တွင်ပင် တွေ့နိင်သည်။ ဤမြင်ကွင်းက ရှီယန်အတွက်တော့ အလွန်ခမ်းနားပါသည်။

ခရမ်းစွဲသင်္ဘောရပ်သွားသည့်အခါ လူထောင်ပေါင်းများစွာက သူတို့ကို နှုတ်ဆက်ရန် စုရုံးလာခဲ့ကြသည်။ ထိုအဖွဲ့၏ ခေါင်းဆောင်က တစ္ဆေမျက်အမှတ်အသားမျိုးနွယ်သိုင်းသမားဖြစ်သည်။ သူ၏ မျက်နှာတွင် ဆေးမှင်ကြောင်များ ရှိနေပြီး ဆံပင်က ပခုံးအထိ ဆင်းကျနေသည်။ သို့သော် သူ့ ခန္ဓာကိုယ် က ပိန်လှီလှသည်။ သူ့အဝတ်အစားများက တော့သက်တောင့်သက်သာရှိသည့် အမျိုးအစားမျိုးဖြစ်ပုံရ

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now