728

515 75 0
                                    

အခန်း(၇၂၈) အမတ်ချုပ်ကြီး၏ အရှုံး၀န်ခံခြင်း

တာ့လီ၊ကျိယောင်နှင့် အခြားကြည့်နေသူများ မျက်နှာပျက်လျှက်ရှိသည်၊၊ သူတို့၏ တောက်ပသောမျက်လုံးများက ရှီယန်ကို မျက်တောင် မခတ် စိုက်ကြည့်နေသည်။ အလွန်တိတ်ဆိတ်နေသောကြောင့် ပတ်ဝန်းကျင်မှ အပ်ကျသံကိုပင် ကြားနိင်သည်။ ဤတ်ိတ်ဆ်ိတ်မှုက အလွန် ထိတ်လန့်စရာကောင်းသည်။

ရှီယန်နှင့် တာ့မန်အကြားမှ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲ။

ဒေါသအော်ရာများနှင့် အလင်းတန်းများ သူတို့အကြားတွင် လှည့်ပတ်လျက်ရှိသည်။

ထိုသူနှစ်ယောက်က ပတ်ဝန်းကျင်မှ ကြည့်နေသူများကို ဂရုမစိုက်။ သည်းကြီးမည်းကြီးတိုက်ခိုက်လျှက်ရှိသည်။

တာ့မန်ကသားရဲအဖြစ်ပြောင်းလဲပြီးသောအခါ သူ့တွင် သားရဲစွမ်းအားများရရှိလာပြီး

လူရုပ်မပေါ်တော့ချေ။

သူ၏ ပြိုင်ဘက် ရှီယန်က ပို၍ပင် ထူးဆန်းသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ကြုံ့၀င်ကာ အနည်းငယ် သေးကွေးသွားပြီး တစ်ကိုယ်လုံးရှိ သွေးကြောကွက်များမှ နွယ်ရှင်လက်တံများ ထွက်ပေါ်နေသည်။

ရှီယန်က နာကျင်မှုသို့မဟုတ် အခြားခံစားချက် တစ်စုံတစ်ရာ ရှိပုံမပေါ်ချေ။ သူက အပြင်းထန်ဆုံးသော ထိပ်တိုက်ရင်ဆိုင်မှုများကို အသုံးပြု တာ့မန်ကို ပြန်လည် တိုက်ခိုက်ခဲ့သည်။

မတူညီသော သိုင်းနည်းစနစ်များ၊ မတူညီသောဥာဏ်အလင်းမှရရှိသော စွမ်းအားများကို သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာစေသည်။ ထိုနှစ်ယောက်ကို ထူးဆန်းသည့် အလင်းရောင်များဖြင့် ဖုံးလွှမ်းထားသည်။

တိုက်ခိုက်နေစဉ် မှော်အလင်းစက်များသည် ကျိယောင်၊ တုဖုန်း၊ ဗာဂနှင့် အခြားသူများပေါ်တွင် ပေါ်လာသည်။ သူတို့က ဘာမှ မလုပ်နိုင်ပဲ ထိုအလင်းစက်များ ရှီယန့် နွယ်ရှင်လက်တံများဆီ စီးမြောသွားသည်ကို ကြည့်ရှုနေခဲ့ရသည်။ ထို အလင်းစက်များက သူ၏ မတည်ငြိမ်သော အကြမ်းဖက်စွမ်းအင်များနှင့် တ်ိုက်ပွဲစွမ်းအင်များအဖြစ် ပြောင်းလဲသွားသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now