603

682 82 1
                                    

Chapter 603: လူမျိုးသုဉ်း ကပ်ဘေးကြီး

“သခင်…သူတို့ အားလုံးကို ငါ သတ်ပေးရမလား”

တစ္ဆေသားရဲက သူ့ကို ခပ်အေးအေးပင်ပြောသည်။ဘာခံစားချက်မှမပါ။

ချောင်ချူထောင်တို့ အုပ်စုကို သတ်ဖို့ဆိုသည်မှာ သူ့အတွက် ပုရွက်ဆိတ်သတ်သလောက်ပင် မခက်သလိုပြောနေခြင်းဖြစ်သည်။
သူ့ပုံစံအရ သူသည် ဒီလူအုပ်ကို မျက်စိထဲပင်ထည့်ဟန်မတူ။

သို့သော်လည်း ချောင်ချူထောင်၊ချောင်ကျီလန်း၊ဖန်ရှင်းယွန်တို့အုပ်စုခင်ဗျာ ရေခဲတိုက်ထဲရောက်သွားသလို ခံစားကြရသည်။
သူတို့ ဝိညာဉ်ပင် အေးစက်လို့သွားသည်။

တစ္ဆေသားရဲသည် အဆင့် ကိုးသို့ ရောက်ရှိသွားချေပြီတကား။

ထိုအဆင့်တွင် သားရဲများသည် လူသား အစစ်အမှန်နတ်ဘုရားအဆင့်များကဲ့သို့ အားကြီးလာပြီဖြစ်သည်။
ခန္ဓာကိုယ် သန်စွမ်းမှု သက်သက်ဖြင့်ပင် တောင်ကြီးများကို ရွှေ့နိုင်ပြီး ပင်လယ်ကို လှန်နိုင်သည်။
ဥာဏ်ပညာ မြင့်မားရုံတင်မက ပင်ကိုယ် သဘာ၀လွန် စွမ်းအင်များကြောင့် သာမန် အစစ်အမှန်နတ်ဘုရားအဆင့်ထက်ပင် အန္တရာယ်များနေပြီဖြစ်သည်။

ချောမောကြည့်ကောင်းသော မျက်နှာကျနှင့် တစ္ဆေသားရဲသည် အေးစိမ့်ကြမ်းကြုတ်သော အော်ရာကို ထုတ်လွှတ်သည်။
သူ့ သွေးနီရောင်မျက်လုံးများကို တစ်ချက်ကြည့်ရုံဖြင့် ဒီကောင် လူကောင်းမဟုတ်ကြောင်း သိသာသည်။

တစ္ဆေသားရဲက ယခုပင် အဆင့် အသစ်တစ်ခုသို့ ချိုးဖြတ်တက်ရောက်သွားခြင်းဖြစ်သောကြောင့် သူ့ အသစ်စက်စက် အရည်အချင်းကို စမ်းသပ်ချင်နေဟန်တူသည်။
သူက ချောင်ချူထောင်တို့လူစုကို သူ့ လေ့ကျင့်ကွင်းအဖြစ် အသုံးပြုချင်နေခြင်းဖြစ်သည်။

ရှီယန့် ကြိုးစားပြုံးလိုက်ရင်း
“မင်း…မင်း ဒီလောက် မြန်မြန် အဆင့်တက်သွားမယ်လို့ မထင်မိဘူး…တကယ့်ဂြိုလ်သားကောင်ပဲ”

တစ္ဆေသားရဲ၏ အဆင့်တက်နှုန်းက သူ့ထက်ပင် မြန်သေးသည်။
တစ္ဆေသားရဲနှင့် ပထမအကြိမ် တွေ့စဉ်အချိန်ကို ရှီယန် သတိရမိသေးသည်။
ဒီ သားရဲကောင်သည် ထိုစဉ်က အဆင့်ခြောက်သားရဲမျှသာဖြစ်သည်။
ဒါက နှစ် အနည်းငယ်သာ ရှိသေးသည်မဟုတ်လော။တစ္ဆေသားရဲသည် အဆင့်ကိုး သားရဲကြီးဖြစ်သွားချေပြီ။
အဆင့်အတန်းမြင့် သားရဲကြီး။
သူ့ ခွန်အားသည် ရှီယန့်ထက် လျော့နည်းလိမ့်မည်မဟုတ်ချေ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now