694

560 71 0
                                    

Chapter 694: လောင်လူ၏ ရုပ်ပုံလွှာ

သိုင်းသမားများအတွက် ကောင်းကင်နှင့်မြေကြီး၏ သဘာ၀စွမ်းအင်က အသက်ပင်ဖြစ်သည်။

သဘာ၀ကီစွမ်းအင်၊မိစ္ဆာကီ၊အမှောင်ကီ၊ယင်ကီ မည်သည့်ကီစွမ်အင်မဆို ကောင်းကင်နှင့်မြေကြီး၏ သဘာ၀စွမ်းအင်များသာဖြစ်သည်။

သဘာ၀စွမ်းအင်သည် အသက်ရှင်သန်ရေးနှင့် အဆင့်အတန်းမြင့်မားရေးအတွက် အဓိကအရင်းအမြစ်ပင်ဖြစ်သောကြောင့် တစ်ကိုယ်တော်သိုင်းသမားကအစ ထိပ်သီးကလန်ကြီးများအဆုံး သဘာ၀စွမ်းအင်သုံးစွဲမှုကို ဘယ်တော့မှ မလျှော့ခဲ့ကြပါ။

နှစ်ထောင်ပေါင်းများစွာကြာပြီးနောက် ကုန်းမြေတိုက်ကြီးပေါ်တွင် ပြည့်နှက်နေခဲ့သော သဘာ၀စွမ်းအင်များလည်း တဖြည်းဖြည်း ပါးလျလာပြီဖြစ်သည်။နတ်ဘုရင်အဆင့်များ ထွက်ပေါ်မလာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ခြင်းက သက်သေပင်တည်း။

လက်ရှိ ကောင်းကင်နှင့်မြေကြီး၏ သဘာ၀စွမ်းအင်များ ရှားပါးနေသော အခြေအနေမျိုးတွင် အခြားကလန်များအနေဖြင့် ပေါင်အိုနှင့် ကျီးကျဲတို့၏ အကြံအစည်ကို သဘောမတူနိုင်ခြင်းမှာ သဘာ၀ကျပါသည်။

ပထမမြောက်မိစ္ဆာနယ်မြေအားဖွင့်ရန် ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ သဘာ၀စွမ်းအင် သုံးပုံတစ်ပုံ သုံးစွဲမည့်အရေးကို ကျန်ကလန်များအားလုံးက သေချာပေါက် တားဆီးရပေလိမ့်မည်။

“ပေါင်အိုနဲ့ ကျီးကျဲရော အခုဘယ်မှာလဲ…ဘယ်မှာသွားတွေ့ရမှာလဲ”

ရှီယန်က တစ်ချက်စဉ်းစားကာ မေးလိုက်သည်။

“ဒီထဲမှာ”

ပိုရူက မိစ္ဆာနတ်ဘုရားခန်မဆောင်၏ ကြမ်းပြင်ကို ညွှန်ပြသည်။

“သခင်ပေါင်အိုနဲ့ သခင်ကျီးကျဲတို့ လွတ်မြောက်နိုင်ရင် ဒီကိုသေချာပေါက်ရောက်လာပါလိမ့်မယ်။ငါတို့လုပ်နိုင်တာက သူတို့ ဘေးကင်းစေဖို့ ဆုတောင်းပြီး ထိုင်စောင့်နေရုံပဲရှိတယ်”

သူမစကားကြားသောအခါ မိစ္ဆာကလန်သားများအားလုံး မျက်နှာညှိုးငယ်သွားကြသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now