631

562 69 0
                                    

Chapter 631: မီးနှင့် ရေခဲ လျှို့ဝှက်နယ်မြေ

မိုးကောင်းကင်သည် ဂေါ်မုတ်နီရောင်ဖြစ်နေခဲ့သည်။
ထိုအနီရောင် အမိုးခုံးကြီးအောက်တွင် အပိုင်းနှစ်ပိုင်း ပိုင်းကန့်ခြားနားထားသည်။
တစ်ပိုင်းက ခြောက်သွေ့အက်ကွဲနေသော မြေပြင်ဖြစ်ပြီး တရှိန်ရှိန်တောက်လောင်နေသော မီးတောက်မီးလျှံများဖြင့် ဖုံးလွှမ်းထားသည်။
စေးပျစ်သော ချော်ရည်ပူများက နေရာအနှံ့အပြား တဗွက်ဗွက် စီးဆင်းနေပြီး လူအများကို အနေရအထိုင်ရ ခက်စေလောက်အောင်ပင် အပူချိန်မြင့်မားလှသည်။

အခြားတစ်ဘက်ကတော့ အဆုံးမရှိသော ရေခဲမြစ်ပြင်ကြီးဖြစ်ပြီး ဘယ်ကစလို့ ဘယ်မှာဆုံးမည်ကို မြင်တွေ့နိုင်ခြင်းမရှိပါ။
နေရာတစ်ခုလုံးက အေးစက်ပြီး ငြိမ်သက်နေကာ မည်သည့် သက်ရှိ လက်က္ခဏာမျှ ရှာမတွေ့နိုင်ချေ။

ကမ္ဘာကြီးက အေးခဲနေခဲ့ပြီး မြေကြီးကတော့ တောက်လောင်နေခဲ့သည်။
အလယ်ဗဟိုရှိ မီးနှင့်ရေခဲ ဆုံတွေ့သော နေရာတွင်သာ အပူချိန် မျှတပြီး မြူခိုးများ ဖုံးလွှမ်းလို့နေသည်။

ထိုနေရာသည် လူသူကင်းမဲ့သော ဖုန်းဆိုးမြေတစ်ခုဖြစ်သည်။သစ်ပင်မရှိ။လူသားများမရှိ။တိရိစ္ဆန်များမရှိ။
ယုတ်စွအဆုံး ပိုးကောင်မွှားကောင်များပင်မရှိပါ။
မီးတောက်မီးလျှံများနှင့် လေအေးများသာ ဟိုမှဒီ ပြန့်ကျဲလျှက်ရှိသည်။

မီးတောင်ကျောက်များ ရေခဲတုံးများနှင့် တည်ဆောက်ထားသော ရိုးရိုး အဆောက်အအုံများကတော့ သိုင်းသမားများ စုဝေး ဆွေးနွေးရာဖြစ်ပုံရသည်။

ဒီနေရာသည်ပင် သက်တမ်းရင့် အဖွဲ့အစည်းကြီး ခုနှစ်ခု စုဝေးသော မီးနှင့်ရေခဲ လျှို့ဝှက်နယ်ကြီး ဖြစ်လေတော့သည်။

နှစ်ပေါင်း ထောင်သောင်းချီ သက်တမ်းအတွင်း စိတ်ဝိညာဉ်နန်းတော်၏ ထိန်းသိမ်းမှုအောက်တွင်ရှိခဲ့သည်။
မရေမတွက်နိုင်အောင် ကြာမြင့်ပြီးတဲ့နောက်တွင်မှ တစ်ကြိမ်တစ်ခါ ပွင့်လှစ်လာတတ်သောနယ်မြေလဲဖြစ်သည်။
သို့သော်လည်း ကောင်းကင်နှင့်မြေကြီး မဟာပြောင်းလဲမှုကြီးအပြီး ဒီနယ်မြေက ၄င်း စည်းမျဉ်းစည်းကမ်းများကို ပြောင်းလဲခဲ့ဟန်တူသည်။
ပြင်ပကမ္ဘာနှင့် ဆက်သွယ်သော လမ်းကြောင်းကို နောက်တစ်ကြိမ် မပိတ်ဆို့ခဲ့တော့ပါ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now