788

538 76 0
                                    

Chapter 788: တားမြစ်နယ်မြေသို့ ထိုးဖောက်ခြင်း
“ဟေ့…ဟေ့…မတူညီတဲ့ အသက်စွမ်းအင်ဖြာထွက်မှု ငါးခုပေါ်လာပြီ”
ရဲ့လန်က တံဆိပ်တော်ကို ပွတ်သပ်နေရင် ရုတ်တရက် ပတ်၀န်းကျင်ရှိ အရာရာတိုင်းကို ကျီးကန်းတောင်းမှောက်ကြည့်သည်။
သူမ အနည်းငယ် ခေါင်းကိုက်သွားသည်။
တိုင်မူက ရတက်မအေးဟန်ဖြင့်
“ဒီငနဲအိုကြီးက ငါတို့ရဲ့ သန့်စင်ခြင်း တံဆိပ်တော်တွေကို ဘယ်လို လှည့်စားခဲ့မှန်း ငါ မသိဘူး။ လက်ရှိ သူ့အော်ရာက မတူညီတဲ့ နေရာငါးခုကို ညွှန်ပြနေတယ်။ ဘယ်လမ်းကို ရွေးချယ်ရမလဲ ငါ မသိဘူး”
ရှီယန်က သူတို့ကို ကျော်ဖြတ်တက် သွားသည်။ သူ့ခန္ဓာကိုယ်မှ သွေးများ စီးကျနေသည်။ သူက ပါးစပ်ထောင့်မှ သွေးစက်များကို သုတ်ရင်း အေးစက်စက် ပြုံးသည်။
“လမ်းကြောင်း ငါးခုလုံးက အတုတွေပဲ။ ခွေးအိုကြီးက တကယ့်ကို ဉာဏ်များလွန်းတယ်…”
ရဲ့လန်နှင့် တိုင်မူက စက္ကန့်အနည်းငယ်မျှပင် ငိုင်တွေသွားကြသည်။
ပြီးမှ ရဲ့လန်က တီးတိုးရေရွတ်သည်။
“နင်က တကယ်ကြမ်းတာပဲ။ နတ်ဘုရင်အဆင့်ရောက်ပြီးမှ သိပ်အားကြီးလာတယ်”
ခုနတိုက်ပွဲတွင် ရှီယန်က အဓိကဖြစ်ခဲ့သည်။
သူ့စွမ်းအားက အဖိုးကြီးကို အခိုက်အတန့်အားဖြင့် ရပ်တန့်စေခဲ့သည်။
ထိုအချက်က ရဲ့လန်နှင့်တိုင်မူတို့ ပြန်လှန်တိုက်ခိုက်ရန် အခွင့်အရေးဖြစ်ခဲ့သည်။
အကယ်၍ ရှီယန်က လူအိုကြီးကို စိတ်အနှောက်အယှက် ဖြစ်အောင် မလုပ်နိုင်လျှင် သူတို့ ပုံရိပ်ယောင်ကို အလျင်အမြန် စုတ်ဖြဲ နိုင်မည် မဟုတ်ပါ။ အမှန်တော့ သူတို့တွင် ထိုလူကြီးကို ထိခိုက်အောင် လုပ်ဖို့ အခွင့်အရေး မရှိပါ။
သူတို့သည် ရှီယန်နှင့် လူအိုကြီးကြားမှ တိုက်ပွဲကို မြင်ခဲ့သည်။ သူတို့သည် ရှီယန်ကဲ့သို့ ငနဲအိုကြီးကို တန်ပြန် တိုက်ခိုက် နိုင်ခြင်း မရှိပါ။
ရှီယန်၏ စွမ်းအားက သူတို့ထက် ပိုမို ကြမ်းတမ်း ကြောက်မက်ဖွယ် ကောင်းသည်။
“ငါ့နောက်လိုက်ခဲ့။ သောက်ငနဲအိုကြီး ဘယ်မှာလဲဆိုတာ ငါ သိတယ်။ ဒီမြေခွေးအိုကြီးက ဉာဏ်နီဉာဏ်နက် များတယ်။ သူက ငါတို့ကို တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်ဖို့အထိ သွေးထိုးခဲ့တယ်။ ဒါကြောင့် သူ့ကို အဆုံးစွန်းထိ ရှင်းလင်းရမယ်။ ငါတို့ သူ့အကွက်ထဲမ၀င်ဘူးဆိုတာ သိတော့ သူက ပုံရိပ်ယောင်တွေ အသုံးပြုပြီး သတ်ဖြတ်ဖို့ လုပ်ခဲ့တယ်။ သူက ငါတို့ကို အသက်ရှင်လျှက် မြင်ချင်မှာ မဟုတ်ဘူး”
ရှီယန်က နှာခေါင်းရှုံ့ရင်း ဆက်ပြောသည်။
သူ့ရဲ့ အသိစိတ်ပင်လယ်ထဲမှာ ငါ့ ဝိညာဉ်အသိ အမျှင်တန်းတစ်ခု ထည့်ထားလိုက်နိုင်တယ်။
ငါ သူ့ကို ထောက်လှမ်းနိုင်တယ်။ ငါတို့ရဲ့ သန့်စင်ခြင်းတံဆိပ်တော်မှာ ပြနေတာတွေက သူဖန်တီးထားတာ။ အကုန်အတုတွေ”
“နင်က နတ်ဘုရင် ပထမ အဆင့်ပဲရှိသေးတယ်။ သူ့ရဲ့ ဝိညာဉ် အသိ ပင်လယ်ထဲမှာ နင့်ရဲ့ ဝိညာဉ် အသိ အမျှင်တန်းကို ချန်ထားခဲ့တယ်။နင်…သေချာရဲ့လား…”
ရဲ့လန်က တုန်လှုပ်စွာပြောသည်။
တိုင်မူကလဲ ပါးစပ်အဟောင်းသားဖြစ်နေပြီးမှ
“မဖြစ်နိုင်ဘူး…မင်းနဲ့ သူက အဆင့်နှစ်ဆင့်တောင်ကွာတယ်။ သူ့အသိစိတ်ပင်လယ်ထဲကိုတောင် သူမသိအောင် ဝိညာဉ်အသိထည့်ထားခဲ့တယ် ဟုတ်လား…ဒါကိုမင်းဘယ်လိုလုပ်ခဲ့တာလဲ”
“ငါက အထူး စွမ်းအင် အသိကို လေ့ကျင့်ခဲ့တယ်။ ငါ့ဝိညာဉ် အသိက ဟင်းလင်းပြင် စွမ်းအင် အသိနဲ့ ရောနှောခဲ့တယ်။ အဲဒါက အချိန်တို အတွင်းမှ သူရဲ့ အာရုံ ခံစားမှုကို ရှောင်တိမ်းနိုင်တယ်။ ဒါပေမဲ့ အကြာကြီး ခံမှာ မဟုတ်ဘူး။ ငါတို့ မြန်မြန် လုပ်ရမယ်။ ငါတို့ နောက်ကျသွားရင် သူ့ဝိညာဉ် ပင်လယ်ထဲက ငါ့စွမ်းအင် အမျှင်တန်းကို ရှာတွေ့သွား လိမ့်မယ်။ ဒါဆို ငါတို့ သူ့ကို ရှာနိုင်မှာ မဟုတ်တော့ဘူး…”
သူ့စကားကြောင့် ရဲ့လန်နှင့် တိုင်မူတို့ ထပ်မံ အထွန့်မတက်တော့ပဲ ခေါင်းညိတ်လိုက်ကြသည်။
ရှီယန်က ဦးဆောင်သွားသည်။
သူက ကြယ်ကြွေသလိုမျိုး သစ်တောကို ဖြတ်သန်းသွားသည်။
ရဲ့လန်နှင့် တိုင်မူတို့က သူ့နောက်တွင် ကပ်လျှက် လိုက်ပါလာကြ၏။
တစ်နာရီကြာပြီးနောက် သူက ရပ်တန့်လိုက်သည်။
သူတို့အရှေ့ရှိ ချိုင့်ဝှမ်းကို ကြည့်ရင်းလက်ဝှေ့ယမ်းပြကာ
“ဒီနေရာပဲ”
ရဲ့လန်နှင့် တိုင်မူတို့ ရပ်တန့်ပြီး ချိုင့်ဝှမ်းကို မယုံသင်္ကာဖြင့် ကြည့်ကာ “မဖြစ်နိုင်ဘူး” ဟု ပြိုင်တူ အော်ပြောသည်။
တောင်ကြားထဲရှိ ချိုင့်ဝှမ်းကို မြူခိုးများ၊ မီးခိုးရောင်အရိပ်လွှာများဖြင့် ဖုံးအုပ်နေသည်။
အတားအဆီးများက နေရာတစ်ခုလုံးကို ဖုံးအုပ်ထားမှန်း သိသာသည်။
အတားအဆီးများတွင် ကစဉ်းကလျားစွမ်းအင်များ ရှိနေသည်။
၄င်းက အလွန်အမင်း အန္တရာယ်ရှိဟန်ရ၏။
ထိုဧရိယာသည် အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေ အတွင်းရှိ တားမြစ် ကုန်းမြေ တစ်ခု ဖြစ်သည်။ မှော်ဆန်သော အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေတွင် ထိုကဲ့သို့ တားမြစ် ဧရိယာ အများအပြား ရှိသည်။ သာမန် ပြိုင်ပွဲဝင်သူ များသည် ထိုသို့သော နေရာကို အတတ်နိုင်ဆုံး ရှောင်ကျဉ် ကျသည်။ ဘယ်သူမှ မကျူးကျော်ရဲပါ။
ကောလာဟလများ အရ ထိုအတားအဆီးများကို သည်ကုန်းမြေ၏ မူလ သဘာဝ အစီအရင်များဖြင့် ဖန်းတီးထားခဲ့ခြင်း ဖြစ်သည်။ သူတို့ကို အစောပိုင်း ဧကရာဇ် အကြံပေးများက ဖန်းတီးခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲဝင်များကို အသာထား၊ နတ်ဘုရား နိုင်ငံ၏ ဘုရင် တုထျန်းကျင်ပင်လျှင် ထိုအတားအဆီးများကို လုံးဝ နားမလည်ပါ။
ပြိုင်ပွဲဝင်သူများသည် အထွတ်အထိပ် သန့်ခြင်းခြင်း နယ်မြေသို့ မဝင်ရောက်မီ ထိုတားမြစ် ဧရိယာများကို ရှောင်ကျဉ်ရန် ရှင်းပြ၊ ပြောပြ ထားသည်။
သူတို့ ပြောကြားချက်အရ ထိုတားမြစ် ဧရိယာများသည် အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေကို ဖန်တီးခဲ့သည့် အဓိက သော့ချက် ဖြစ်သည်။ ထိုဧရိယာများတွင် ဆန်းကြယ်သော အန္တရာယ်များ ပုန်းအောင်းနေသည်။ အကယ်၍ သူတို့က ထိုနေရာများသို့ အဆင်အခြင်မဲ့စွာ ဝင်ရောက်ခဲ့လျှင် သူတို့၏ ဝိညာဉ် ယစ်ပလ္လင်ပင် ပျောက်ကွယ် သွားနိုင်သည်။ ထို့ပြင် အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေ၏ ဟန်ချက်ညီမှု ကျိုးပေါက်သွားနိုင်သည်။
ပြိုင်ပွဲဝင် အားလုံးက ထိုစည်းမျဉ်းကို လိုက်နာကြသည်။ သူတို့က ထိုနေရာများသို့ ဆန္ဒရှိစွာ ဝင်ရောက်သွားမည် မဟုတ်ပါ။ ထိုနေရာသို့ ကျူးကျော် ဝင်ရောက်သူများသည်လည်း အသက် မရှင်သန်ပါ။
ထိုချိုင့်ဝှမ်းထဲမှ မှော်ဆန်သော စွမ်းအင် အတက်အကျ အမှတ်အသားက ယင်းနေရာသည် အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေ၏ တားမြစ် နေရာများအနက် တစ်ခုဖြစ်ကြောင်းဖော်ပြနေသည်။
အကယ်၍ ရှီယန်သည် အစောပိုင်း ကျင့်ကြံမှု၌ ရှိနေလျှင် ထိုကဲ့သို့ နေရာကို ကျူးကျော် ဝင်ရောက်မည် မဟုတ်ပါ။ သူက မမျှော်လင့်ထားသော ပြဿနာများကို ရှောင်ကျဉ်ရန် စောစောစီးစီး ထွက်ခွါသွားပေမည်။
သို့သော်လည်း ယခု ခြားနားသွားခဲ့ပြီ။ ထိုဉာဏ်နီဉာဏ်နက်များသော ငနဲအိုကြီးက သည်နေရာတွင် ပုန်းအောင်းနေသည်။ သူ ပြန်လည် အားပြည့်လာသည်နှင့် ဒုတိယအကြိမ် ထွက်ပေါ်လာကာ အန္တရာယ် ကြီးကြီးမားမား သယ်ဆောင် လာပေလိမ့်မည်။ အကယ်၍ ထိုငနဲအိုကြီး ဒဏ်ရာ ရနေချိန်၌ မဖျက်စီးခဲ့လျှင် ရှီယန် သူ့ကိုယ်သူ ဘယ်တော့မှ ခွင့်လွှတ်နိုင်မည် မဟုတ်ပါ။
“သူတောင် ဝင်ရဲသေးတာပဲ။ ငါတို့က ဘာကို ကြောက်နေရမှာလဲ”
ရှီယန်က ဆုံးဖြတ်ချက် ချထားသော မျက်နှာပေးဖြင့် ရဲ့လန်နှင့် တိုင်မူကို ကြည့်သည်။
“မင်းတို့ ငါနဲ့ လိုက်ချင်လိုက်၊ မလိုက်ချင်နေ…ငါကတော့ သွားရလိမ့်မယ်။ ဒီဉာဏ်နီဉာဏ်နက် များတဲ့ ငနဲအိုကြီးက ငါတို့အပေါ်မှ အာဃာတ ထားလိမ့်မယ်။ သူက ငါတို့ကို အလွယ်တကူ လွတ်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ ငါတို့ထက် သူက အထွတ်အထ်ိပ် သန့်စင်ခြင်း နယ်မြေနဲ့ ပိုရင်းနှီးတယ်။ သန့်စင်ခြင်း တံဆိပ်တော်ရဲ့ အာရုံခံမှုကို ရှောင်တိမ်နိုင်တယ်။ တကယ်လို့ သူ အသက် ရှင်နေရင် ငါတို့ လျှို့ဝှက် အန္တရာယ်နဲ့ အမြဲ ရင်ဆိုင် နေရမယ်။ ဒါကြောင့် အခု ငါတို့ သူ့ကို ဖျက်စီးပစ်ရမယ်…”
“အဲဒီ လူထူးဆန်းက အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေကို အကြိမ်များစွာ ဝင်ခဲ့ပြီးပြီ။ သူက ဒီနေရာနဲ့ ရင်းနှီးတယ်။ တကယ်လို့ ငါတို့ အထဲကို ဝင်ခဲ့့ရင် သူ တန်ပြန် တိုက်ခိုက်လိမ့်မယ်လို့ ငါ ထင်တယ်။ ဒီနေရာနဲ့ ပတ်သက်ပြီး ငါတို့ ဘာမှ မသိဘူး။ ဒါက စွန့်စားလွန်ရာ မရောက်ဘူးလား…”
တိုင်မူက စိုးရိမ် ပူပန်သော အမူအရာဖြင့် ပြောသည်။ သူ့စိတ်သူ မထိန်းချုပ်နိုင်ပါ။
ရဲ့လန်က မျက်မှောင်ကြုတ်ရင်း အထဲ ဝင်ရမည်လော သို့မဟုတ် ထွက်သွားရမည်လော ဟူသည်ကို စဉ်းစားရ ကျပ်နေသည်။
“တားမြစ် ဧရိယာထဲမှာ လျှို့ဝှက်ချက် အချို့ ရှိနေလိမ့်မယ်။ လျှို့ဝှက်ချက်တွေက အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေနဲ့ ဆက်နွယ်နေတယ်။ အဲဒီ လျှို့ဝှက်ချက်တွေကြောင့် လူအိုကြီးက သန့်စင်ခြင်း တံဆ်ိပ်တော်ရဲ့ အာရုံ ခံစားမှုကို ရှောင်တိမ်းနိုင်တာ ဖြစ်ရမယ်။ သူတောင် သိနိုင်သေးတာပဲ…ငါတို့က ဘာကြောင့် မလုပ် နိုင်ရမှာလဲ”
ရှီယန်က တခဏမျှ စဉ်းစားပြီးနောက် ယတိပြတ် ပြောလိုက်သည်။
“ငါ အထဲကို သေချာပေါက် ဝင်ရမယ်…”
သည်နောက် သူက ထက်ရှသော ဓားတစ်ချောင်းကဲ့သို့ အတားအဆီးများ ဖုံးအုပ်ထားသော ချိုင့်ဝှမ်းဆီသို့ ပျံသန်း သွားသည်။
ဘန်း…
သူသည် ဧရာမ ရော်ဘာ ဘောလုံးကြီးနှင့် တိုက်မိ သကဲ့သို့ ထင်မှတ်ရသည်။ သူ့သွေးထွက်နေသော ခန္ဓာကိုယ်က ကြောက်မက်ဖွယ် အားတစ်ခုနှင့်အတူ အဝေးသို့ ပြန်ကန် လွင့်ထွက် သွားသည်။ သူ့ခန္ဓာကိုယ်တစ်လျှောက် ကြီးမားသော အားတစ်ခု ဖြတ်သန်း ပြေးလွှာနေသည်။ ထိုသက်ရောက်မှုက သူ့ကို မူးဝေး သွားစေသည်။
ရှီယန် စိတ်ရှုပ်ထွေးစွာဖြင့် ရဲ့လန်နှင့် တိုင်မူတို့ထံ ပြန်သွားလိုက်သည်။ သူ့မျက်နှာက မည်းမှောင်နေကာ…
“သန်မာလိုက်တဲ့ အတားအဆီး။ ချိုးဖျက်ဖို့ ခက်ခဲတယ်။ ငါ အဲတာကို မချိုးဖျက်နိုင်ဘူး။ သောက်ငနဲအိုကြီးက ဘယ်လို လုပ်ခဲ့တာလဲ”
“သူက အတားအဆီးရဲ့ ဆန်းကြယ်မှုကို သိရမယ်”
ရဲ့လန်၏ မျက်နှာက သုန်မှုန်နေသည်။ သူမက အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။
“ငါတို့ သူ့ကို လက်လျှော့လိုက်သင်တယ်လို့ ထင်တယ်။ တကယ်လို့ ငါတို့ စွန့်စားပြီး ဝင်ခဲ့ရင် ငါတို့ လက်တွဲ တိုက်ခိုက်နိုင်မယ်လို့ မသေချာဘူး။ ဒါပေမဲ့ ပြင်ပမှာဆိုရင် ငါတို့ လက်တွဲပြီး တိုက်ခိုက်နိုင်တယ်…”
တိုင်မူက သူမ ပြောသည်ကို ထောက်ခံသည်။
“ရှီယန်၊ အလျင်စလို မလုပ်နဲ့။ ခေါင်းမာတာက အမြဲတမ်း ကောင်းတာ မဟုတ်ဘူး…”
“အောင်မြင်မှု ကြီးကြီးမားမားကို လိုချင်တဲ့ လူတွေက ခေါင်းမာပြီး ရူးသွပ် ကြတယ်”
ရှီယန်က တစ်စက္ကန့်မျှ စဉ်းစားပြီးနောက် ဆိုးညစ်စွာ ရယ်မောသည်။
“ဒါက အတားအဆီး တစ်ခုပဲ။ အဲတာကို ဘယ်လို ချိုးဖျက်ရမလဲဆိုတာ ငါ စဉ်းစားမိပြီ”
ထို့နောက် သူက အတွေးတစ်ချက် ပို့လွှတ်လိုက်သည်။
သူ၏ သိုလှောင်လက်စွပ်ထဲမှ အာကာခွင်းလွန်းပျံ ထွက်ပေါ်လာ၏။
သူ့ဝိညာဉ်အသိကို လွန်းပျံနှင့် ချိတ်ဆက်လိုက်သည်။
အာကာခွင်းလွန်းပျံဝိညာဉ်၏ အလန့်တကြား အော်သံ ထွက်ပေါ်လာသည်။
“နတ်ဘုရင်အဆင့်…နတ်ဘုရင်အဆင့်…ဟာ…မင်းက ဘယ်လိုလုပ်….”
ရှီယန်က ရယ်ချင်သွားသော်လည်း စကားဖြတ်ကာပြောလိုက်သည်။
သူက အလျင်လိုနေ၏။
“ပြောရရင် အရှည်ကြီးပဲ။ ငါအခု အရေးပေါ်ဖြစ်နေတယ်။ ရှေ့က အတားအဆီးကို လေ့လာကြည့်။ အဲ့ဒါကို ချိုးဖျက်ဖို့ စွမ်းအင်ဘယ်လောက်လိုလဲ”
အာကာခွင်းလွန်းပျံမှ မီးမောင်းထိုးသကဲ့သို့ အလင်းတန်းတစ်ခုထွက်လာကာ မြူခိုးထုကို လွှမ်းခြုံသည်။
“သိပ်အားကောင်းတာပဲ… ဒါမျိုး မတွေ့ဖူးတာ အရမ်းကိုကြာခဲ့ပြီ…ဒါပေမဲ့ ဘာဖြစ်လဲ ငါ့သခင်လေးက နတ်ဘုရင်အဆင့်ပဲ…ငါက လုံလောက်အောင် ထက်ရှပေးရမှာပေါ့… ဟဲဟဲဟဲ”
ရှီယန်က လွန်းပျံဝိညာဉ်ကို တော်တော် စိတ်ရှည်လိုက်ရသည်။
ခနအကြာတွင်
“ကောင်းပြီ…မင်းစွမ်းအားရဲ့ သုံးပုံတစ်ပုံ… ဟားဟား…ဒီတစ်ခါ မင်းစွမ်းအင်ကို တိုင်းတာရတာ အားရလိုက်တာ…ဒီတစ်ခါ မင်းစွမ်းအင်ကို တိုင်းတာရတာ အားရလိုက်တာ...ည်။
ခုထွက်လာကာ မြူခိုးထုကို လွှမ်းခြုံသည်။
က်ဖို့ စွမ်းအင်ဘယ်လောက်လိုလဲ”
“အေး…”
စွမ်းအင်အမျှင်တန်းများ လှည့်ပတ်လာပြီးနောက် အာကာခွင်းလွန်းပျံထဲသို့ သွန်းလောင်းသွားသည်။
အာကာခွင်းလွန်းပျံမှ မျက်စိကျိန်းမတတ် အလင်းတန်းများ လျှံကျလာပြီးနောက်တွင်တော့ တားမြစ်နယ်မြေ၏ အလယ်ဗဟိုသို့ အတားအဆီးမဲ့စွာ ထိုးဖောက်ပျံသန်းသွားလေတော့သည်။
ရှီယန်က နောက်လှည့်ကာ တိုင်မူနှင့် ရဲ့လန်ကိုကြည့်သည်။
သူတို့၏ အံ့အားသင့်နေသော မျက်နှာကို လျစ်လျူရှုပြီးနောက် ရှီယန်က အလင်းဥမင်ထဲ တိုး၀င်ပျောက်ကွယ်သွားလေတော့သည်။
“သူ ချိုးဖောက်သွားတာလား။ သူ ဘယ်လို ချိုးဖောက် သွားတာလဲ”
တိုင်မူက သူ မြင်နေရသည်ကို မယုံကြည်နိုင်ဟန် ဖြစ်နေသည်။
“ဒီကောင်လေးက ဘယ်သူလဲ။ သူ့မှာ ဘယ်လိုမှော်ပညာတွေ ရှိနေတာလဲ”
“သူက အိုကဲရာရဲ့ နေရာမှ အစားထိုးခံရတာ အံ့သြစရာ မဟုတ်တော့ဘူး။ သူက ဒီလို မာကျောတဲ့ လူတစ်ယောက်ပဲ။ နောက်ဆုံးတော့ ဆရာ ခါသေ့က သူ့ကို ဘာကြောင့် ကူညီပေးခဲ့မှန်း ငါ သိပြီ”
ရဲ့လန်က တခဏမျှ စဉ်းစားပြီးနောက် အံ့အားသင့် နေသည်။ သူမက တိုင်မူဘက် လှည့်ကာ…
“ အခု ဘာလုပ်ကြမလဲ”
“ဒါက…”
တိုင်မူ တုံ့ဆိုင်းသွားသည်။
“အထဲက အခြေအနေကို ငါတို့ မသိဘူး။ တကယ်လို့ ငါတို့ အထဲကို ဝင်သွားရင် လုံခြုံလိမ့်မယ်လို့ မသေချာဘူး။ လူအိုကြီးက နတ်ဘုရင် တတိယ အဆင့် သိုင်းသမား တစ်ယောက်ပဲ။ ဒီနေရာက သူရဲ့ သားရဲတွင်းပဲ။ ကျူးကျော်တာက အကြံကောင်း မဟုတ်ဘူးလို့ ငါ ထင်တယ်”
ရဲ့လန်က တခဏမျှ စဉ်းစားပြီးနောက် သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။
“အဲဒါကို မေးနေတာ။ ငါတို့ ခနလောက် စောင့်ကြတာပေါ့။ တစ်စုံတစ်ယောက်ရဲ့ ပိုင်နက်ထဲကို ကျူးကျော်တာက ကြီးမားတဲ့ စွန့်စားမှု တစ်ခုပဲဆိုတာ ငါ သိတယ်”
သူတို့ စကားပြောနေစဉ်မှာပင် အာကာခွင်းလွန်းပျံ ဖောက်ထားခဲ့သော အလင်းဥမင်က တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
အကယ်၍ သူတို့ အထဲသို့ ၀င်ရောက်ချင်လျှင်ပင် ထိုအခွင့်အရေးက ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။
-----
မြင်ကွင်းက သိမ်မွေ့စွာပြောင်းလဲသွားသည်။
လှပသော ချိုင့်ဝှမ်း အတွင်း၌ ရှီယန် ရပ်နေသည်။ စမ်းချောင်း နှစ်ခုက တစ်ခုကို တစ်ခု ဖြတ်သန်း စီးဆင်းနေပြီး အောက်ခြေကို မြင်ရလောက်အောင် ကြည်လင်သည်။ ငါးသေးသေးလေးများက ပျော်ရွှင်စွာ ကူးခတ် သွားလာနေသည်။ ချိုင့်ဝှမ်း၏ ထောင့်တိုင်းတွင် မြက်ရိုင်းများက ခါးအထိ မြင့်တက် ကြီးထွားနေသည်။ မြက်ရိုင်းများက သားရဲကြီး တစ်ကောင်၏ အမွှေးပွများကဲ့သို့ ထင်မှတ်ရသည်။
လေက လတ်ဆတ်အေးမြပြီး ချိုင့်ဝှမ်းက စိုစွတ်နေသည်။ ကောင်းကင်နှင့် မြေကြီး၏စွမ်းအင်များက အလွန် သိပ်သည်းသည်။ မြက်ရိုင်းများ ရိတ်ထားသော နေရာသေးသေးလေးတွင် အိမ်သေးသေးလေး တစ်လုံး ရှိနေသည်။ တံခါး ပွင့်နေပြီး ဆေးပြားများသုံးကာ ပြန်လည် အားဖြည့်နေသော ဖြူလျော်နေသည့် လူအိုကြီး တစ်ယောက် ရှိနေသည်။
ဒါက ရှီယန် ရင်ဆိုင်ခဲ့ရသော အဖိုးကြီးပင်ဖြစ်လေသည်။
ရှီယန် လူအိုကြီးကို မြင်သည့်အခိုက်၌ လူအိုကြီးသည်လည်း ရှီယန်ကို သတိ ထားမိသွားသည်။သူက ထခုန်ရင်း အံ့အားသင့်ဟန် အမူအရာဖြင့် အော်ပြောသည်။
“ကောင်လေး၊ မင်း ဒီနေရာကို ဘယ်လို ရောက်လာတာလဲ။ အတားအဆီးကို မင်း ဘယ်လို ဖြတ်ကျော်ခဲ့တာလဲ…။ မင်း ဘယ်လို လုပ်ခဲ့တာလဲ”
“မဖြစ်နိုင်တာ ဘာမှ မရှိဘူး”
ရှီယန် မျက်မှောင် ကြုတ်လိုက်သည်။ သူ့မျက်လုံးက သွေးကဲ့သို့ နီရဲနေဆဲ ဖြစ်ပြီး ဒေါသများကို ထိန်းသိမ်း ထားသည်။ သူ့ခန္ဓာကိုယ် တစ်လျောက်တွင် စွမ်းအင်များ ပွက်ပွက်ဆူကာ ရုန်းကြွနေပြီး သူ့အော်ရာ အရှိန်အဝါက ကြမ်းတမ်း ပြင်းထန်နေသည်။
သူက လူအိုကြီးဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ သူ့မျက်လုံးက ပိုမို အကြင်နာ ကင်းမဲ့ကာ သွေးဆာနေသည်။
“ခင်ဗျားက ဆိုးဆိုးဝါးဝါး ဒဏ်ရာ ရထားတယ်။ ဒီနေရာမှာ ပုန်းအောင်းပြီး ဒဏ်ရာတွေကို ကုသ နေတယ်။ ဒါကြောင့် ကျုပ်တို့ ဆက်လက်ပြီး တိုက်ခိုက် ကြတာပေ့ါ။ ဟားဟား။ ခင်ဗျားမှာ တကယ့်ကို နေရာကောင်း တစ်ခု ရှိနေတာပဲ။ ဒီနေရာမှာ အချိန်အတော်ကြာ နေထိုင်ပြီး အခြေအနေတွေ အားလုံးနဲ့ ရင်းနှီး ကျွမ်းဝင် နေတာပေ့ါ…”
ထိုလူအိုကြိးက သူ့အော်ရာကို ပြန်သိမ်းရင်း တဲအိမ်လေးမှ အပြင်သို့ လမ်းလျှောက် ထွက်လာသည်။ သူက ချောင်းနှစ်ခု ဖြတ်သန်း စီးဆင်းနေသော နေရာတွင်
သူက ချောင်းထဲမှာ ငါးဖမ်းရန် ပိုက်ကွန်တစ်ခုကို တပ်ဆင်နေသည်။
သူက ၀မ်းစာအတွက် ငါးရှာမည့် သာမန်တံငါအိုတစ်ယောက်သဖွယ် အေးဆေးလျှက်ရှိသည်။
မြင်ကွင်း တစ်ခုလုံးက လှပကာ သဟဇာတ ဖြစ်နေသည်။ လူအိုကြီးက ချောင်းဘေးတွင် ရပ်နေသည်။ လေထဲတွင် ပျံလွင့်နေသော ပန်းရနံ့များကို ရှူရှိုက်ရင်း ငါးသေးသေးလေးများကို ကြည့်ရှုနေသည်။ သူ့တွင် တင်းမာမှု သို့မဟုတ် စိတ်ရှုပ်ထွေးမှုများ ရှိမနေပါ။ သူက ရှီယန်ကိုပင် ပြုံးပြလိုက်သည်။
“မင်း လာတဲ့ အတွက် ငါ ဝမ်းသာပါတယ်။ အခု ငါရဲ့ သန့်စင်ခြင်း တံဆိပ်တော်က ဒီနေရာကို ရောက်လာပြီ”
ရှီယန်က ပြုံးရင် ခေါင်းခါကာ ပြောလိုက်သည်။
“ဒါက ပြောသလောက် မလွယ်ကူဘူး…”
ရှီယန်၏ ပုံစံသည်လည်း ရှုခင်းနှင့် လိုက်ဖက်စွာပင် သက်သောင့်သက်သာ ရှိနေခဲ့လေသည်။
----- ----- ------ ------ ----- ----- ------ ------ -----

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now