645

566 56 0
                                    

Chapter 645: နယ်မြေခြားသို့ အဆက်အသွယ်

မီးနှင့်ရေခဲ လျှို့ဝှက်နယ်မြေ

ရိုးရှင်းစွာ တည်ဆောက်ထားသော မီးတောင်ချော်ကျောက်တုံး အစည်းအဝေးခန်းမတစ်ခု။
အဖြူရောင်နယ်မြေမှ လင်းမန်၊အလင်းတော်ဂိုဏ်းမှ ယွန်ဟောင်၊နတ်ဆိုးတောင်ကြားမှ နီရူ၊သုခဘုံနန်းတော်မှ ချင်ကူချွမ်၊သိုင်းဝိညာဉ်နန်းတော်မှ ကွမ်းဟူ၊မှော်ရတနာဂိုဏ်းမှ လျှိုမျို၊တိုက်ခိုက်ရေးအဖွဲ့အစည်းမှ ယု၀မ်ကျင်းတို့ စုဝေးနေကြသည်။

သက်တမ်းရင့်အဖွဲ့ကြီးခုနှစ်ခုမှ ခေါင်းဆောင်များ…

ဒီလူခုနှစ်ယောက်သည် မြင့်မြတ်ခြင်းကုန်းမြေဒေသကြီးတစ်ခုလုံး၏ အုပ်ချုပ်သူများဖြစ်ကြသည်။
သူတို့ထဲမှ တစ်ယောက်ချင်းစီသည် မြင့်မြတ်ခြင်းကုန်းမြေဒေသကြီးမှ အကြွယ်၀ဆုံး အစိတ်အပိုင်းများကို နှစ်ပေါင်းများစွာ ခွဲဝေအုပ်ချုပ်လာကြသူများဖြစ်သည်။

ထို နေရာအနှံ့အပြားမှ သိုင်းထိပ်ခေါင်ကြီးများသည် ယနေ့ ဒီအစည်းအဝေးခန်းမတွင် လာရောက်စုဝေးနေကြ၏။

သူတို့၏ မျက်နှာများက တည်ကြည်လေးနက်နေပြီး ခန်းမအလယ်ရှိ ကြေးဝါဆေးပေါင်းအိုးကြီးကို စူးစိုက်ကြည့်နေကြသည်။
ကြေးဝါ ဆေးပေါင်းအိုးကြီးသည် ငါးမီတာခန့် မြင့်မားပြီး လူ၏ ခြေထောက်အရွယ်အစားကဲ့သို့သော ဒေါက်တိုင်သုံးခု ပါရှိသည်။

ကြေးဝါအိုးတစ်ခုလုံး မှော်ဆန်သော အရုပ်များဖြင့် ပြည့်နှက်နေသည်။
တိမ်တိုက်များ၊သားရဲများ၊မျိုးနွယ်ခြားများ၊တစ္ဆေများနှင့် မိစ္ဆာများဖြစ်ကြသည်။
အကုန်လုံးက ရုပ်လုံးကြွနေကြပြီး အမှန်တကယ် အသက်ရှိသော သတ္တဝါများကဲ့သို့ ဆေးပေါင်းအိုးတစ်လျှောက် တွားသွားနေကြသည့်အလားပင်။

ကြေးဝါအိုးထဲမှ အစိမ်းရောင်မီးခိုးလုံးများ ထွက်ပေါ်နေသည်။
ပတ်၀န်းကျင်တွင် စိတ်ကိုလန်းဆန်းစေသော မွှေးရနံ့များ ပျံ့လွင့်လို့နေသည်။
ထိုမွှေးရနံ့က လူအများ၏ ဝိညာဉ်ကို ငြိမ်သက်အေးချမ်းစေသည်။

ဒါက စကြ၀ဠာ ပြန်လည်၀င်စားခြင်းဆေးပေါင်းအိုးပင်ဖြစ်လေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now