EP 37

9.4K 1.1K 429
                                    

Unicode version

အဂျီ ၃၇

ရေပြည့်ဖို့အတွက် ရေစက်လေးတွေလိုက်စုကြရတာပဲ။

ကျွန်တော်တို့လိုအပ်မှုတွေပြည့်ဖို့အတွက်လဲ မှတ်မိတဲ့အပိုင်းအစတစ်ခုချင်းစီကို စိတ်တွင်းမှာဂဟေဆက်ရတာပေါ့။

အချိန် ငါးလကြာနေပြီဖြစ်ပြီး ကျွန်တော်အလုပ်အသစ်တောင်ရထားပြီးပြီ။
အရည်အချင်းရှိတဲ့ပညာရှင်အတွက် အလုပ်ရှင်တွေကလက်ခံပေမယ့်
အတိတ်မေ့နေတဲ့ချစ်သူအနေနဲ့တော့ ဂျီမင်ကလက်ခံမပေးဘူး။

ကျွန်တော်တို့အတူအိပ်ခဲ့ကြတဲ့ အိပ်ရာမှာပဲကျွန်တော်အိပ်တယ်။
အဲကွန်းကိုပိတ်ပြီး ပြတင်းပေါက်ဖွင့်တတ်လာတယ်။
ညစာမရှိရင် လမ်းလျှောက်ပြီးကုန်စုံဆိုင်မှာသွားဝယ်တော့လဲ ကုန်းပိုးပြီးလိုက်မယ့်လူမရှိတော့ ဟာတာတာရယ်ပါ။

ရေချိုးခန်းထဲကအဖြစ်အပျက်တစ်ချို့သတိရမိသွားတော့
ရှက်လိုက်ရတာဗျာ အဲ့အချိန်တုန်းကတံခါးအပြင်ဘက်မှာဆရာကြီးလာလုပ်တဲ့ ဂျီမင့်ကြောင့် ကျွန်တော့်မှာဇောချွေးတွေပြန်ခဲ့သေးတာ။

အလတ်လေးကလဲ ဂရုတစိုက်နဲ့သေချာကုသပေးရှာတယ်။
သူ့ကျေးဇူးမမေ့ဖို့ကလဲ နေ့တိုင်းမှာနေတဲ့စကား။
ဂျီမင့်ရဲ့နေ့စဉ်လှုပ်ရှားမှုအဝဝကိုတော့ ကိုယ်တော်ချောကိုအချိုသတ်ပြီးဖုန်းဆက်ခိုင်းကာ သတင်းယူရသည်။

ကိုယ့်ချစ်ရသူလေးထမင်းစားပြီးပြီလားဆိုတာမျိုးတောင် ကိုယ်တိုင်မမေးရဲသည့်အဖြစ်မို့ အလတ်ကောင်ကနှိပ်ကွပ်တတ်သေးသည်။

" ရော့ မင်းဆေးခန်းမပိတ်သေးဘူးလား "

ကြက်ကြော်မှမစားရရင်သေတော့မလိုဖုန်းလှမ်းဆက်လို့ ကြည့်မရသော်လဲမျက်နှာချိုသွေးဖို့ဝယ်လာပေးရသည်။

" ပိတ်တော့မှာ အစ်ကို့ကိုစောင့်နေတာ ကြက်ကြော်တော့အိမ်ရောက်မှဆွဲတော့မယ် ဘယ်လိုလဲအစ်ကို ဒီည "

ပုခုံးကိုတိုက်ကာ ပါးစပ်မှတောက်ခနဲအသံထွက်အောင်လုပ်ပြရင်း အရက်သောက်ဖို့အဖော်ညှိတော့သည်။
ငြင်းရလွန်းလို့လဲအားနာနေရပြီ သူကဇွဲကောင်းတုန်း

" A Ji "Where stories live. Discover now