EP 17

6.7K 1.1K 72
                                    

Unicode version

အဂျီ ၁၇

" ဝါး ! "

" ပလုတ်တုတ် ! !~ "

အခန်းရဲ့ဝရန်တာမှာရပ်ကာ ခြံထဲကိုငေးကြည့်နေသည့်အဂျီ့ရဲ့ခါးသိမ်သိမ်အား ကလိထိုးပြီးစလိုက်တော့ အလန့်တကြားထအော်တော့သည်။ ဒါကိုပဲ ကူးကပျော်ရွှင်စွာရီသည်။

" လန့်ပြီးပြုတ်ကျသွားရင်ဘယ်လိုလုပ်မလဲ ငကူးရ "

" ငါကမင်းကို အကျခံပါ့မလား "

ဝရန်တာလက်ရန်းပေါ်မှာ လက်နောက်ပြန်ထောက်ရင်း တမေ့တမောငေးနေတဲ့ အဂျီ့ကိုသူပြန်ငေးသည်။
ဘာတွေကိုများအဲ့လောက်ထိတွေးနေမိလို့ မျက်နှာငြိုးနေရတာလဲကွာ~။

" ပျင်းနေလို့လား အဂျီ "

လှည့်ကြည့်ကာတစ်ချက်ပြုံးပြပေမယ့် အပြုံးတို့ကအားဖျော့သည်။ ဘေးတိုက်မြင်နေရတဲ့ ဆံပင်ညှပ်ပြီးခါစ ဂုတ်သားဖြူဖြူပေါ်မှာ မမြင်တာကြာပြီဖြစ်တဲ့ မှည့်နက်နက်

" မဟုတ်ပါဘူး ငါတွေးနေတာ .... ငါဘာမှမသိသေးဘူးပဲလို့ "

" ဘာကိုလဲ "

" မင်းနဲ့ပတ်သပ်ရင်လေ ... ငါဘာမှမသိသေးဘူး "

သူသဘောတကျအသံထွက်အောင်ခပ်ဖွဖွရီရင်း အဂျီ့နည်းတူ ခြံအပြင်ဘက်သို့မျက်နှာမူလိုက်၏။

" ငါဘာမှမသွယ်ဝှက်ဖူးနော် အဂျီ မင်းသိသင့်တဲ့ဟာမှန်သမျှငါအကုန်ပြောပြခဲ့ပြီးပြီ "

" မပြောခဲ့တဲ့အကြောင်းတွေက ငါမသိသင့်ဘူးထင်လို့လား "

အဂျီ့ကိုသူနောက်တစ်ခါငဲ့ကြည့်မိတော့ ဆွေးဆွေးမြေ့မြေ့နဲ့မေးခွန်းတွေများတဲ့မျက်ဝန်းလှလှတွေနဲ့ဆုံသည်။ သူထပ်ပြီးကြာကြာမကြည့်နိုင်ပဲ ထုံးစံအတိုင်းနှုတ်ခမ်းဖူးဖူးကိုသာတစ်ချက်အကြည့်လွှဲရင်း တစ်ခြားအပြင်လောကဆီမျက်လွှာပို့သည်။
ဘာတွေထပ်သိချင်နေသေးတာလဲအဂျီရယ် .....

" မင်းငါ့ကိုအကုန်ပြောပြပြီးပြီဆိုတာ သေချာလားငကူး "

" အင်း "

အပေါ်နှုတ်ခမ်းတွန့်ရုံမျှ မဲ့ပြုံးသည်လား လှောင်ပြုံးသည်လားမခွဲတတ်သောအပြုံးကို လှစ်ခနဲပြုရင်း အခန်းထဲသို့ပြန်ဝင်သွားတော့ ကျွန်တော်လိုက်မသွားမိ။ စိတ်ထဲမှာလေးလံခြင်းအတိကနေရာယူထားလေတော့ အသက်ဝဝရှု‌ချင်သေးသည်။

" A Ji "Where stories live. Discover now