EP 6

7.3K 1.1K 14
                                    

Unicode version

အဂျီ (၆)

ကျွန်တော်တို့ အခုဆိုအထက်တန်းသို့တက်နေကြပြီဖြစ်သည်။

ယူနီဖောင်းအရောင်တွေပြောင်းပြီးဝတ်ကြရပြီး သင်ရတဲ့စာတွေလဲပိုများလာခဲ့သည်။

" ဂျောင်ကုရေ....ကူးရေ ဗိုက်အောင့်လိုက်တာ "

အရာရာပြောင်းလဲသွားပေမယ့် မပြောင်းလဲတာက ကျွန်တော်တို့ရဲ့ရင်းနှီးမှု နောက်ပြီးတော့ အတူတူအိပ်ပြီး အတူတူထတဲ့မနက်ခင်းတိုင်းအိမ်သာလုရသည့်ကိစ္စတို့။
အပြင်ကအော်နေသည့် အဂျီ့အသံကြောင့် အိမ်သာတက်ရင်းငုပ်တုပ်အိပ်ပျော်နေသည့် ဂျောင်ကုလဲလန့်နိုးလာရသည်ကထုံးစံတစ်ခု။

" အမလေး မင်းမလဲ...မပြောလိုက်ချင်ဘူး "

အိမ်သာအပြင်ရောက်သည့်အလျောက် ပွစိပွစိကလဲအမြဲအပြောခံရသေးသည် ပေါင်းလာတာကြာတော့လဲရိုးနေပါပြီ။ တစ်ခါတစ်လေ အဘွားနှစ်ယောက်ရနေသလိုပဲ။ ထုံးစံအတိုင်း အဂျီကမနက်စာပြန်နွှေးထားတတ်ပြီး ကျွန်တော်ကအသင့်စားရုံပဲ ကျွန်တော့်တာဝန်က ညထဲကမနက်ယူရမယ့်စာအုပ်တွေထည့်ပေးဖို့နဲ့ နေ့လည်စာထမင်းဗူးထည့်ဖို့ပဲ။ အဂျီကအခုဆိုစက်ဘီးလဲစီးတတ်ပြီမို့ တစ်ယောက်တစ်လှည့်နင်းပြီးကျောင်းသွားလေ့ရှိသည်။

" အဂျီမြန်မြန်လုပ် မင်းရေချိုးရအုန်းမယ်နော် မနေ့ကလဲမချိုးဘူး "

" သိတယ် အော်မနေနဲ့ "

အိမ်သာထဲကနေ လှမ်းအော်သည့်အသံကလဲ ဟိုဘက်တိုက်ကပါကြားနိုင်သည်အထိ အသံပါဝါလဲကောင်းလာသည်။ ကျွန်တော်တို့ကြားထဲမှာ ဘာမှမပြောင်းလဲပေမယ့် ရုပ်ပိုင်းဆိုင်ရာအရဆိုရင် အဂျီကဖြူဖြူသေးသေးနဲ့ ပိန်ရှည်ရှည်ကောင်လေးဖြစ်လာတယ်။ ကျောင်းကမိန်းကလေးတွေဆို သူ့ကိုအသဲစွဲပဲ။
ကျွန်တော်ကတော့ ဘားဆွဲပြီး Appetonပုံမှန်သောက်ခဲ့တဲ့အကျိုးကျေးဇူးကြောင့် အဂျီကောင်ထက်ခေါင်းတစ်လုံးပိုသာတဲ့အထိအရပ်ရှည်ထွက်လာပြီးတော့ လူကောင်နဲနဲပိုကြီးလာတယ်။ ကျွန်တော်လဲလူကြိုက်များပါတယ် ဒါကိုအဂျီကောင်က လက်မခံချင်ဘူး။
ရှိစေတော့....

" A Ji "Where stories live. Discover now