EP 22

7.2K 1.1K 330
                                    

Unicode version

အဂျီ ၂၂

" လုပ်ဦး လုပ်ဦး ငါဘာဘောင်းဘီဝတ်ရမလဲ "

မိုးလင်းထဲကမနက်စာပြင်ပေးပြီး ရှိသမျှအဝတ်တွေထိုင်ရွေးနေတာ အခုထိမပြီးသေး။ ဒီနေ့ Fresher Welcome လိုမျိုးစီနီယာတွေနဲ့ ပျော်ပျော်ပါးပါးရင်းနှီးအောင်လုပ်ရတဲ့ပွဲရှိတာလေးနဲ့ပဲ သူ့မှာပျာယာတွေ‌ခတ်နေတာ။
သိပ်ကြည့်မရတော့ဘူး ဘယ်သူ့ကိုပြချင်နေမှန်းမှမသိတာ။

" ငကူးရွေးပေးဦး ဒါလား ဒါလား "

ဂျင်းဘောင်းဘီအနက်နှစ်ထည်ကိုင်ပြပြီးရွေးခိုင်းရတဲ့အထိ ကာလာဘလိုင်းဖြစ်သွားတာများလား။

" ဒီဟာ "

ဘယ်ဘောင်းဘီကိုရွေးရွေး အနက်တွေချည်းပဲမို့ တွေ့ရာလက်ညိုးကောက်ထိုးပြလိုက်တော့လဲ တစ်စခန်းပြီးသွားတာပဲ။

" အွန် ငကူးငါ့မှာဒါမျိုးနှစ်ကြိုးရှိတယ် ကျန်း "

ဘယ်ထဲကသွားရှာလာလဲမသိတဲ့ စတီးချိန်းကြိုးနှစ်ကြိုးကိုမြှောက်ပြရင်း အနားကိုပြန်လျှောက်လာကာ တစ်ကြိုးကိုသူဝတ်မယ့်ဘောင်းဘီမှာချိတ်လိုက်သည်။
နောက်တစ်ကြိုးကို ကျွန်တော်ဝတ်မယ့်ဘောင်းဘီမှာသွားချိတ်နေတော့

" ဟေ့ရောင် ငါမတပ်ဘူးနော် ရှုပ်ရှုပ်ယှက်ယှက်တွေမက်ြုက်ဘူး "

အပြုံးမပျက် သူလုပ်ချင်တာသာလုပ်နေရင်း

" သိပါတယ် ကူးရဲ့ ဒါမျိုးလေးတပ်ပြီးဝတ်ကြည့်လိုက်အရမ်းမိုက်သွားလိမ့်မယ် သိလား "

" ကျစ်* အဂျီကကွာအဲ့စတီးကြိုးကြီးတပ်ဝတ်တာက တောဂေါ်လီတွေပဲဝတ်တာ ဖြုတ်စမ်းပါကွာ "

" အော်ဟော ရှူးးး တိုးတိုးနေ ငါကကောင်းစေချင်လို့လုပ်ပေးနေတာ ဒီမှာကြည့်အရမ်းမှမသိသာတာ မင်းဝတ်လိုက်ရင်ဘယ်လောက်မိမိုက်နေမလဲ ငါပြောတာယုံစမ်းပါ ဂျောင်ကုလေးရဲ့ "

‌တားနေလဲလေသာကုန်မယ် ဒင်းကသူလုပ်ချင်တာလုပ်တဲ့အမျိုး။
မကြိုက်လို့ဖြုတ်ထားလဲ သတိရရင်ပြန်တပ်ခိုင်းမယ့်အတူတူတော့ ဒီတစ်ရက်တော့သီးခံပေးရမှာပေါ့။
တစ်ယောက်ထဲမှမဟုတ်တာ အတူတူဝတ်ထားရတာပဲ။

" A Ji "Where stories live. Discover now