EP 1

17.5K 1.5K 158
                                    

Unicode Version
" အဂျီ "/ အပိုင်း (၁)

----------------------------

" A Ji " 1 " အ ဂျီ "

" ဘာတွေသင်နေတာလဲ "

" ငါလဲမသိဘူး "

စာသင်ဆောင်လေးထဲက အလယ်တန်းနှစ်၏အခန်းတစ်ခုထဲ၌ နောက်ဆုံးခုံမှထိုင်ကာ နီရဲကြိမ်းစပ်နေပြီဖြစ်သောမျက်လုံးကို အတင်းဆွဲဖြဲရင်း ဘေးကသူငယ်ချင်းကိုမေးလိုက်သောစကားဖြစ်သည်။

ထိုသူငယ်ချင်းကလဲ အလိုက်သိစွာ " မသိဘူး" လို့ပြန်ဖြေပေး၍ ‌လည်နေသောမျက်လုံးတွေကို မှိတ်ကာပြန်ဖွင့်ရင်း စာကိုအာရုံစိုက်ဖို့ကြိုးစားလိုက်သည်။ သို့သော်အချီးအနှီးသာ ..အိပ်ချင်နေတာပဲသိသည်။

" ဘယ်နှနာရီရှိပြီလဲ "

ထပ်မံစွာ အချိန်ကိုမေးမိပြန်တော့ ဘေးကကောင်ကလဲမျက်မှန်ကြီးကိုပင့်တင်ကာ နာရီကိုကြည့်လိုက်ပြီး ဆရာမမကြားအောင်ခပ်တိုးတိုးလေးပြန်ပြောသည်။

" စားရတော့မယ် "

ဝမ်းသာသွားကာ ချာလပတ်လည်နေတဲ့မျက်လုံးအစုံဟာ ပြူးကျယ်သွားပြီး တစ်ချိန်လုံးစာသင်နေတဲ့ဆရာ့ကို ကျေးဇူးတင်စကားနှင့်နှုတ်ဆက်ရန် အသင့်ပြင်ထားလိုက်သည်။

ကျောင်းဆင်းခေါင်းလောင်းထိုးသံကြားသည်နှင့် ဆရာကိုအော်ကာနှုတ်ဆက်ရင်း ဘေးကကောင်နှင့်အတိုင်အဖောက်ညီစွာ အခန်းထဲကပြေးထွက်ကြပြီး မုန့်ဈေးတန်းထဲသို့ အလုအယက်ပြေးကြရတော့သည်။

" ဂျီမင် ငါတို့နောက်ကျနေပြီထင်တယ် "

" မကျပါဘူးကွ ငါတို့ချက်ချင်းထွက်လာတာပဲကို "

မနေ့ထဲက ကျောင်းကိုအသစ်လာဖွင့်တဲ့ ‌အသုပ်ဆိုင်ကိုလူတိုးမနိုင်ဖြစ်လွန်း၍ စားချင်တာကိုလူတိုးမရခဲ့။
ဒါကြောင့် ဒီနေ့တော့ အဲ့ဒီအသုပ်စားရမှဖြစ်မည်လို့ နှစ်ယောက်သားသန်ဒိဠာန်ချကာ ခေါင်းလောင်းသံပင်မဆုံးသေးအရင်ပြေးလာခဲ့ရခြင်းဖြစ်သည်။

" A Ji "Where stories live. Discover now