EP 20

7.3K 1K 100
                                    

Unicode version

အဂျီ ၂၀

" ဘွားရေ ဘွား "

" ဟဲ့ ဟဲ့ ကလေးတွေဖြေးဖြေးလာကြပါ "

" အောင်တယ် ! အောင်တယ် အဂျီကောင်အောင်တယ်တဲ့ သားလဲအောင်တယ် "

သူကိုယ်တိုင်ပြောချင်လို့ပါဆိုတဲ့လူထက်ကျော်လွန်ကာ ရှေ့ကနေပြေးပြီးတစ်ရပ်ကွက်လုံးကြားအောင်အော်ဟစ်နေတော့သည်။ အဂျီကောင်လေးခမျာနောက်ကပြေးလိုက်ရတာနဲ့ မောပြီးဒူးပေါ်လက်ထောက်ကာသာ အသက်ဝအောင်ရှူနေရသေးသည်။

" အမလေး ငါ့မြေးတွေအောင်မယ်ဆိုတာဘွားကသိပြီးသား အဂျီလေးလဲအောင်တော့ပိုဝမ်းသာတယ် တက္ကသိုလ်ကျောင်းသားကြီးတွေဖြစ်ကြတော့မှာပေါ့ "

" ဟုတ်တယ် အဂျီကလက်မှုပညာမေဂျာတတ်ချင်တာတဲ့ သူ့အိမ်မက်ကပန်းပုဆရာ‌လေ သားလဲအဲ့ကျောင်းတက်မှာအမှတ်ကြည့်ပြီးအဆင်ပြေတဲ့မေဂျာတက်မှာ နော်ဘွားနော် "

ဘွားအောက်မှာကျုံ့ကျုံ့လေးတွေဝင်ထိုင်ကြကာ ကပ်ချွဲပူဆာတော့သည်။
အမှတ်နဲ့ဆိုသေချာပေါက် professional ဘာသာတစ်ခုကိုလေ့လာနိုင်တာမို့ ဘွားမှာငြင်းပယ်စရာမရှိပဲ ပီတိကိုသာစားရတော့သည်။
နှစ်ယောက်စာပျော်ရသလို နှစ်ယောက်စာလဲဝမ်းသာရရှာသည်။

" ဘွားမုန့်ဖိုးပေး သားတို့အပြင်သွားမလို့ "

" ကူးကလဲ ဘွားဆီကမတောင်းနဲ့ဆိုနေမှ "

" ဘာဖြစ်လဲ ဘာဖြစ်လဲ "

မိမိထိုင်ခုံအောက်မှာထိုင်နေတဲ့မြေးနှစ်ယောက်လုံး အချင်းချင်းစကာနောက်ကာနေတော့ ဘွားမှာလဲလိုက်ရီရပြန်သည်။
ဒီလိုတော်တဲ့ ကလေးတွေကိုသူဆုချရမှာပေါ့။
ပိုက်ဆံအတ်ကြီးထဲကနေ ကတ်လေးတစ်ကတ်ကိုထုတ်ကာ

" ဂျောင်ကုလေး ဒါသားနာမည်နဲ့လုပ်ထားတဲ့ကတ် ဒါဘာကတ်လဲသိတယ်မလားအဂျီလေးကိုပါခေါ်ပြီး လျှောက်သွားခဲ့ကြနော် "

မျက်စိရှေ့မှာမြင်နေရတဲ့ ရွှေရောင်ကတ်လေးကြောင့် ဂျောင်ကုလက်မဦးခင် အဂျီအရင်ဖြတ်ယူလိုက်ကာ ဘွားအိတ်ထဲပြန်ထိုးထည့်ပေးလိုက်သည်။
ငကူး အဲ့လိုစိတ်ကြိုက်မသုံးရပါဘူး။
အကျင့်ပျက်လိမ့်မယ် ။

" A Ji "Where stories live. Discover now