EP 19

6.7K 1.2K 96
                                    

Unicode version

အဂျီ ၁၉

သူမေမေ့ကိုပြောခဲ့မိတဲ့စကားတွေအတွက် အရမ်းအားနာရှာကာ ဆက်တိုက်တောင်းပန်ရင်းအိပ်ပျော်သွားရှာတော့သည်။ ဘယ်သူကဘယ်သူ့ကို တောင်းပန်ရမယ်မှန်းတောင် မခွဲတတ်တော့တဲ့အထိ သူတစ်တွတ်တွတ်တောင်းပန်ခဲ့‌ရှာသည်။

ပင်ပန်းကာအိပ်ပျော်သွားသူရဲ့ လက်မောင်းနဲ့လက်မဖဝါးမှာမနေ့ကဆိုင်ကယ်မှောက်ခြင်းကြောင့်ရတဲ့ ဒဏ်ရာတွေကအလှဆင်တော့ သူထိုင်ကြည့်မိနေသည်။
ဒဏ်ရာဆိုတာ လှပတဲ့အဆင်တန်‌ဆာတစ်ခုမဟုတ်မှန်းသိရက်နဲ့များ .....။

အိပ်ပျော်သူနိုးမသွားစေရန်သာ သက်ပြင်းသံတိုးတိုးလေးချရင်း အရက်ပြန်နဲ့ဆေးတစ်ချို့ကိုယူကာ အနားမှာဝင်ထိုင်လိုက်သည်။

ဂွမ်းစမှာအရက်ပြန်တို့ရင်း ပွန်းရာလေးပေါ်တင်မိတော့ အင့်ခနဲတစ်ချက်လှုပ်သွားပေမယ့် လုံးလုံးနိုးမသွားလို့တော်သေးသည်။

ဆေးထည့်ပေးနေသည်နှင့်အပြိုင် လေတစ်ဖူးဖူးကိုအဆက်မပြတ်မှုတ်ပေးလိုက်ကာ ပလာစတာလေးတွေကို ကပ်ထားပေးရသည်။

" ငါ့အမှားကြောင့်ပါ " လို့ခပ်တိုးတိုးလေးရွတ်ရင်း ကိုယ့်အနာကိုလဲပြန်ဆေးထည့်ရတော့သည်။ မဆီမဆိုင်အချုပ်ထဲအိပ်ခဲ့ရတဲ့ညကိုပြန်တွေးမိတော့ စိတ်လဲတိုသလို ကြည်လဲကြည်နူးမိပြန်သည်။
ရန်ဖြစ်ခဲ့တာနဲ့ အဂျီဘာပြောချင်မှန်းသေချာမသိလိုက်ဘူး။

" အင်း......အင်း "

ရေချိုးပြီးချိန် ဗီဒိုထဲကအဂျီ့အဝတ်တွေကို လျှော်ဖို့လုပ်နေတုန်း တိုးညင်းညင်းညီးသံကြောင့်သူ ကုတင်နားသွားကြည့်မိတော့ အဖြူရောင်ပုလဲလုံးလေးက အိပ်ရာပေါ်လူးလွန့်နေရှာသည်။
နဖူးပေါ် လက်ဖဝါးအုပ်ကြည့်မိတော့ ဘုရားရေပူကျစ်နေတာပဲ။

အလျှင်အမြန် ကုတင်ပေါ်ကထပြေးကာအခန်းမှာရှိတဲ့ပြတင်းပေါက်တွေအကုန်လိုက်ဖွင့်လိုက်သည်။
ရေခဲသေတ္တာထဲမှရေခဲအနည်းငယ်ကိုထုတ်ရင်း ရေနဲ့ရောကာအဝတ်တစ်ထည်စိမ်လိုက်တယ်။
ကုတင်ပေါ်မှာ အသက်ရှူသံပြင်းပြင်းနဲ့အိပ်ပျော်နေသူအား ကိုယ်ပေါ်ကအဝတ်အစားတွေအကုန်ချွတ်ပစ်ရတော့ ဖြူဖြူဖွေးဖွေး ပန်းရောင်ဥဥက ရင်ဘတ်ပေါ်မှာနေရာယူထားတာကို ခနကြောင်ကြည့်နေမိ၏

" A Ji "Where stories live. Discover now