EP 7

7K 1.1K 73
                                    

Unicode version

အဂျီ  ၇

" ဘွားပြန်လာပြီ "

အိမ်ရှေ့ခန်းက ဘွားအသံကြားမှ ဂျောင်ကုစာလုပ်နေရင်း နာရီကိုလှမ်းကြည့်မိတော့ ညတောင်မှောင်နေပြီ အဂျီပြန်မလာသေးဘူး။

" ဘွား အဂျီအဖေရောက်နေတာလား "

" ဟင်? မသိဘူးလေ ဘာလို့လဲအဂျီလေးမရှိဘူးလား "

" ညနေကဘွားဆိုင်ကနေ အိမ်ခနပြန်မယ်ဆိုပြီးပြန်သွားတာ "

" သူ့အဖေပြန်ရောက်လို့နေမှာပေါ့ အဂျီလေးလဲသူ့အိမ်ကိုလွမ်းရောပေါ့ဂျောင်ကုရယ် "

ဟုတ်ပါတယ်လေ အဂျီကဒီအိမ်မှာအမြဲနေမယ့်လူမှမဟုတ်တာ။ သူ့မှာလဲအိမ်ရှိတယ် အချိန်တန်လို့အိမ်ပြန်သွားတာမျိုးလား ။ ထူးဆန်းတာက သူ့အိမ်သူပြန်သွားတဲ့အဂျီကို ကျွန်တော်နဲ့အရမ်းဝေးသွားတယ်လို့ထင်နေရတာလဲ။ ပြန်လာမယ်လို့မျှော်လင့်ထားလို့များလား သွားကြိုဖို့စိတ်ကူးထားမိလို့လား။

" မြေး ထမင်းစားပြီးပြီလား "

" မစားရသေးဘူး ..... "

" အဂျီကိုစောင့်နေတာလား သူကပြန်လာမယ်တဲ့လား "

ဘွားဆီက ရိုးရှင်းတဲ့ဒီလိုမေးခွန်းကို ကျွန်တော်ဖြေဖို့စကားတွေပျောက်နေခဲ့မိသည်။ ဘာလို့ဒီလိုရူးကြောင်ကြောင်တွေဖြစ်နေရတာလဲ သူ့အိမ်သူပြန်သွားပါတယ်ဆို။
စိတ်ရှုပ်စွာပဲခေါင်းခါပြကာ အခန်းထဲကိုပဲပြန်ဝင်လာခဲ့လိုက်သည်။ အတွေးတွေရှုပ်လာရင်း စားပွဲပေါ်က ရီမုကိုယူကာအဲကွန်းကိုအဆုံးထိဖွင့်ပစ်လိုက်မိသည်။

ဒီညတော့ အေးနေအောင်တစ်ညလုံးဖွင့်ထားမယ် ။

" ဂျလောက် "

အခန်းတံခါးပိတ်သံကြောင့် အိပ်ပျော်နေရာမှကမန်းကတန်း ထကြည့်လိုက်တော့ ဘွားကပုံမှန်အတိုင်းမီးတွေလာစစ်ပြီး တံခါးပိတ်ပေးသွားတာပဲ။ စောင်ကိုခေါင်းအစ ခြေအဆုံးလုံနေအောင်ခြုံထားလိုက်ကာ သက်ပြင်းတွေပဲထပ်တလဲလဲချနေမိသည်။
ဆရာမ သင်တာနားမလည်လို့စိတ်တိုနေတာပဲဖြစ်မှာပါ။

စားပွဲပေါ်က သံပတ်နာရီလေးကိုဆွဲယူကာ အကြောင်းပြချက်မရှိ အချိန်ကြည့်လိုက်မိတော့ မနက် ၁နာရီ။ ဘယ်လိုမှလဲဆက်အိပ်လို့မရ အခန်းကဒီနေ့မှပဲ ပိုကျယ်နေသလိုလို ပိုအေးနေသလိုလိုနှင့်။
ဒီကောင်ကွာ မလာဖြစ်ရင်လဲပြောသွားပါလား။

" A Ji "Where stories live. Discover now