A Ji (Ending + Extra)

17.4K 1.3K 690
                                    

Unicode version

အဂျီ Ending

အိပ်ရာပေါ်မှာ ‌ဂွမ်းစောင်ကိုရင်ဘတ်တစ်ဝက်ထိသာခြုံထားပြီး ဘေးသို့စောင်းကာ လက်ထောက်ရင်းကြည့်နေလေသည်။
သူ့ကြည့်နေသည့်စောင်ပုံထဲမှ ခေါင်းလုံးလုံးလေးထွက်လာကာ အိပ်ချင်မူးတူးလူးလိမ့်နေသူကိုကြည့်ရင်း သဘောတွေကျနေရသည်။

မျက်တောင်လေးခတ်ကာ မျက်လွှာဖွင့်ရင်းမော့ကြည့်ကာပြုံးပြပြီး ရင်ခွင်ကျယ်ကြီးထဲတစ်ဖန်ပြန်ဝင်တိုးပြန်သည်။

" မောနင်းပါ အဂျီကောင်လေး "

" မောမနင်းချင်သေးဘူး "

" ဘာလို့လဲအိပ်ချင်သေးလို့လား "

ရင်ခွင်ထဲ၌ခေါင်းလေးခါရမ်းကာ လွှတ်ထွက်မှာစိုးသည့်အလားအတင်းဖက်တွယ်ထားသေးသည်။

" မနက်စာမပြင်ပေးနိုင်သေးဘူး ...... အောင့်လို့ ~~ "

အဆုံးသတ်စကားကိုခပ်တိုးတိုးလေးပြောတယ်ဆိုသော်ညား ရှင်းရှင်းလင်းလင်းကြားလိုက်ရတော့ သူဟန်မဆောင်နိုင်သွားတန်းတွေပေါ်သည်အထိကြည်နူးမိသည်။
ရင်ခွင်ထဲကအကောင်ပေါက်လေးကိုငုံ့ကြည့်လိုက်တော့ နားရွက်နီနီလေးက ရှက်ကြောင်းပြနေသလိုပင်။

ညကသူပဲကျွန်တော့်ဒဏ်ရာတွေကိုဆေးထည့်ပေးပြီး
စောစောအိပ်ခိုင်းခဲ့တာ။
ပြီးမှအိပ်မရလို့ဆိုပြီး ဘေးမှာထိုင်ကြည့်နေရင်း မအိပ်နဲ့တော့ဆိုပြီးနှိုးတော့သည်။
ဘယ်သူကစလို့စလိုက်မှန်းမသိပေမယ့် ခရီးတော်တော်ပေါက်ခဲ့တာမို့ အဂျီအခုတော့အထိနာရတော့သည်။

မနက်ခင်းအလင်းရောင်ဖြာကျနေတဲ့အဂျီမျက်နှာလေးက ပကတိဖြူပြီးရှင်းလို့နေသည်။
မော့ကြည့်နေတဲ့မျက်ဝန်းညိုလေးကအတိုင်းသားပေါ့။
ဘာစကားမှမပြောပဲ စိတ်လိုလက်ရပြုံးကာကျွန်တော့်ကိုသူအလွတ်မှတ်နေသလိုကြည့်နေတော့သည်။

"ဘာကြည့်နေတာလဲ အဂျီ "

မျက်လုံးမှိတ်ကာခေါင်းသာခါပြရင်း ရင်ခွင်ထဲဇွတ်တိုးဝင်တော့၏
ကျွန်တော့်မှာလဲ အဝတ်မဲ့နေတဲ့ကျောပြင်သေးလေးကိုနူးနူးညံ့ညံ့ပြန်လည်ပွတ်သပ်ပေးရင်း ဆံပင်တွေကြားအနမ်းခြွေမိသည်။

" A Ji "Where stories live. Discover now