EP 8

7.1K 1.1K 29
                                    

Unicode version

အဂျီ ၈

" ငါရေချိုးလိုက်အုန်းမယ် ကူး "

" မြန်မြန်ဆန်ဆန် ချိုး လေဖြတ်နေအုန်းမယ် "

ဂျောင်ကုဆိုသည်မှာ ဘယ်တော့မှသူစိတ်ပူသည်ဆိုတဲ့အကြောင်းမပြောဖို့ဆုံးဖြတ်ထားသလားမှတ်ရတယ်။ ညင်ညင်သာသာတစ်ခါမှမပြောဘူးသည့် ဒီကောင်ကိုမှကျွန်တော်ကလဲအပြစ်တစ်ခါမှမမြင်ခဲ့ဖူးတာတော့ ထူးဆန်းသည်။

" တကယ်လေဖြတ်တော့မယ်ဒီကောင်တော့ "

ရေချိုးတာအနည်းငယ်ကြာသွားပြီထင်ရင်လဲ ထွက်ခဲ့တော့လို့မပြောပဲ ရေချိုးခန်းရှေ့ကနေ ပွစိပွစိလုပ်နေတတ်သူလဲဖြစ်သည်။

" ပြီးပါပြီ ကူးကလဲ "

ရေချိုးခန်းထဲက တစ်ဘတ်အကြီးကြီးကိုခေါင်းထိခြုံကာထွက်လာတော့ ရေချိုးခန်းရှေ့မှာ ကျက်နေတဲ့စာအုပ်ကိုလက်တစ်ဖက်ကကိုင်ပြီး လျှော်ရမယ့်အဝတ်တွေကိုစက်ထဲထည့်နေလေသည်။

" ကူး ထားလိုက်ပါ ငါလျှော်လိုက်မယ် မင်းဘာသာစာသွားကျက်နေ "

" ရတယ် စာကျက်ပြီးခါစမို့လာလုပ်နေတာ "

လျှော်နေသည့်အဝတ်ထဲတွင် ဂျီမင့်ရဲ့ အတွင်းခံကအစပါနေသည်မို့ အားနာမိပေမယ့် အားနာတာကိုမကြိုက်တဲ့ဂျောင်ကုကြောင့် သူလဲအခန်းထဲပဲမြန်မြန်ပြေးဝင်ကာ အဝတ်အစားလဲလိုက်သည်။

" ကူးရေ ငါ့ကိုဒီပုစ္ဆာလေးလာရှင်းပြစမ်းပါ "

" အေး ခနလေး "

" ခနမလေးနဲ့ မြန်မြန်လာ "

ဇွတ်အတင်းစာကြည့်စားပွဲကနေ အော်ခေါ်လိုက်တော့ အသဲအသန်ပြေးဝင်လာပြီး ဆပ်ပြာမပြောင်သေးတဲ့လက်နှစ်ဖက်ကို ပေမှာစိုးလို့ဆိုပြီးမြှောက်ထားသည်။
နားမလည်သည့် သင်္ချာတစ်ပုဒ်ကိုလက်ညိုးထိုးပြလိုက်ကာ အနားကတစ်ရှူးနှင့် ဂျောင်ကုလက်ကဆပ်ပြာတွေကိုသုတ်ပေးလိုက်သည်။

" ကူး တွက်ထားနှင့်အုန်း နောက်ဖေးသွားလိုက်အုန်းမယ် "

" အေး "

ကျွန်တော်မရဘူးဆိုသည့် ပုစ္ဆာကိုဖြေရှင်းပေးဖို့ ကြိုးစားပန်းစားတွက်နေသည့် ကူးကိုအခန်းထဲထားခဲ့ပြီး နောက်မှာသူလျှော်လက်စ အဝတ်တွေကို စက်နဲ့မြန်မြန်ပြီးအောင်လှည့်ကာ ခပ်မြန်မြန်ဝရန်တာထွက်လှန်းလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဘွားရဲ့ကျေးဇူးတွေရော ကူးရဲ့ကျေးဇူးတွေပါ သူအများကြီးလက်ခံထားရတာ အဝတ်တွေကိုဒီလိုကြီးလျှော်ဖို့တော့ သူအနေခက်ရသည်။ ကူး ကလဲဘယ်တော့မှတားလို့မရဘူး အကုန်သူ့ခြေသူ့လက်လုပ်ချင်တာ တစ်ခါတစ်ခါကျ အိမ်ရှင်နဲ့ဧည့်သည်တောင်လွဲနေသလိုပဲ။

" A Ji "Where stories live. Discover now