EP 9

6.8K 1.1K 29
                                    

Unicode version

အဂျီ ၉

ရှက်ပြီးအားနာနေရသည်မို့ အခန်းဝမှာသာ ခေါင်းကိုငုံ့ပြီးငြိမ်နေရသည် ဒါကိုသိတဲ့ဂျောင်ကုက ဘေးမှာအတူလာရပ်ပေးသည်။ အရပ်ရှည်လာတော့ ဂျောင်ကုဘေးမှာ‌ရပ်နေရတဲ့အချိန်တိုင်းက လုံခြုံပြီးသက်တောင့်သက်သာရှိနေစေတယ်။

" ဘွား သား....တကယ်တောင်းပန်ပါတယ် သားအမှားကိုသိပါပြီ "

ဆရာမနှင့်တွေ့ကာလက်မှတ်လိုက်ထိုးပေးပြီးသည်နှင့် ဂျီမင်ချက်ချင်းခေါင်းကိုငုံ့ကာခါးကျိုးမတတ်တောင်းပန်ရှာတော့သည်။ ဘေးကနေမျက်မှောင်ကြီးကြုတ်ကာကြည့်နေတဲ့ မြေးဖြစ်သူကိုကြည့်ပြီး ဘွားတစ်ယောက်ရီချင်တာကိုအောင့်ထားရသည်။

" ဟုတ်ပါပြီ မြေးဆိုးလေးတွေရဲ့ နောက်တစ်ခါဒီအဘွားကြီးကိုပင်ပန်းအောင်မလုပ်တော့ဘူးမလား "

" သားတောင်းပန်ပါတယ်ဘွား နောက်လုံးဝမဖြစ်စေရတော့ပါဘူး သားကတိပေးပါတယ် "

" အေးပါအေးပါ ရော့သားတို့အတွက်မုန့်ဖိုး နှစ်ယောက်သားအရသာရှိတာတွေစားပြီး ဒီနေ့လဲကောင်းကောင်းကုန်ဆုံးခဲ့ကြနော် "

" ဘွား.... "

မုန့်ဖိုးပေးတဲ့ပိုက်ဆံကိုလဲမြင်ရော အဂျီကောင်တစ်ယောက် ဘွားကိုဖက်ကာမျက်ရည်လေးစမ်းစမ်းနှင့်။ ဘေးက မြေးအရင်းကတော့ ပေးတဲ့မုန့်ဖိုးတွေကို ယူနီဖောင်းကအိပ်ကပ်ထဲထိုးထည့်လိုက်ကာ မြေးအဘွားနှစ်ယောက်ဒရမ်မာရိုက်နေသည်ကို ရပ်ကြည့်နေတော့သည်။

" ကဲကဲ သွားကြတော့ ဘွားလဲဆိုင်ကိုပစ်ထားခဲ့တာသွားတော့မယ် "

" ဟုတ်ဘွား ဂရုစိုက်သွားအုန်းနော် "

ကျောင်းအပြင်ရောက်တဲ့အထိ နှစ်ယောက်က အပြန်အလှန်တာ့တာ ပြနေကြသည်ကို ဂျောင်ကုစိတ်မရှည်ချင်တော့ပေ။ မျက်မှောင်ကကြုတ်သည်ထက် ကြုတ်လာကာသာ မိန့်မိန့်ကြီးရပ်ကြည့်နေလိုက်သည်။

" လာ ကူး အခန်းထဲပြန်သွားရအောင် "

" ဘယ်တုန်းကအဲ့လောက်ချစ်သွားကြတာလဲ "

" ဟင်? "

" ဘာမှမဟုတ်တော့ဘူး မင်းဘာသာအခန်းထဲဝင်ချင်ဝင် မဝင်ချင်နေ "

" A Ji "Where stories live. Discover now