EP 12

7K 1K 32
                                    

Unicode version

အဂျီ ၁၂

" ကူး အိမ်ထဲမဝင်ပဲဘာလုပ်နေတာလဲ "

" စောင့်နေတာ မင်းအဖေလာတယ်ဆို "

" အေး ဒီညတော့ငါအိမ်သွားအိပ်ရမယ် မင်းတစ်ယောက်ထဲအဆင်ပြေရဲ့လား "

တိုက်ခန်းရဲ့လှေကားပေါ်ကိုတက်လာကြရင်း အိမ်သော့ဖွင့်ကာစကားပြောနေကြသည်။ နောက်ကလိုက်လာတဲ့ဂျောင်ကုက ခေါင်းတစ်ငြိမ့်ငြိမ့်နှင့်နားထောင်ကာ အိမ်ထဲအရင်ဝင်သည်။

" ပြေပါတယ် မင်းကိစ္စတစ်ခုခုရှိရင်သာငါ့ကိုပြော "

" အေးပါ ထမင်းဆာပြီလားငါရေချိုးချင်သေးလို့ "

" ချိုးပြီးမှစားတော့မယ် "

" အိုခေ "

အပေါ်ဝတ်လေးကိုချွတ်ကာ ရေချိုးဖို့ပြင်ဆင်နေသည့်အဂျီ့ကို အိမ်ရှေ့ခန်းကလှမ်းကြည့်လိုက်ရင်း ဂျောင်ကုစိတ်မကောင်းဖြစ်မိသည်။ မနက်ကကျောင်းကို အဂျီ့အဖေလာတွေ့သည် အလတ်ကောင်လေးပါအတူတူခေါ်သည်မို့ မိသားစုကိစ္စတစ်ခုခုတော့ဖြစ်နေပုံပေါ်‌သည်။ ရုံးခန်းမှာသူ့အဖေကိုတွေ့ပြီးထဲက မျက်နှာမကောင်းဖြစ်နေရှာပြီး အခုလဲအလတ်ကောင်လေးနဲ့စကားပြောချင်သေးတယ်ဆိုလို့ ဂျောင်ကုအိမ်အရင်ပြန်လာခဲ့ရသည်။

" စားလေ ငကူးရဲ့ မင်းပဲရှောက်သီးသုပ်စားချင်နေတာဆို "

" စားပါတယ် "

ထမင်းစားပြီးရင် သောက်ရတယ်လို့ငယ်ငယ်ကကျောင်းမှာသင်ထားသည့်အတိုင်း အဂျီကထမင်းဝိုင်းပြင်နေရင် ဂျောင်ကုကနှစ်ယောက်စာရေကိုတစ်ယောက်တစ်ခွက်ထည့်ထားတတ်သည်ကအကျင့်ဖြစ်လို့နေသည်။

" သွားပြီနော် ကူး ညကျငါမရှိဘူးဆိုပြီးအဲကွန်းအဆုံးထိမဖွင့်ထားနဲ့ အအေးပတ်မယ် "

အိမ်ရှေ့တံခါးနားမှာ လွယ်အိတ်တစ်လုံးနဲ့အဂျီက ဖိနပ်စီးနေရင်း ဂျောင်ကုကိုလှမ်းမှာသည်။ လိုက်ပို့ပေးမယ်ဆိုတာကို လက်မခံတာကြောင့် ဂျောင်ကုအိမ်ထဲမှာသာ စိတ်ညစ်ညစ်နဲ့ကျန်ခဲ့ရတော့သည်။

****

" သားရောက်ပြီ ဖေဖေ "

ထုံးစံအတိုင်းတစ်နှစ်မှတစ်ခါသာပြန်ရောက်လာတဲ့ ဖေဖေဟာသူ့ခရီးဆောင်အိတ်ကိုသေချာရှင်းလင်းလို့နေသည်။ ခပ်ပါးပါးသားပြုံးပြရင်း မေးငေါ့ပြကာသာ လုပ်စရာရှိတာတွေလုပ်ကြသည်။ သားဖနှစ်ယောက်ရဲ့မေးထူးခေါ်ပြောလို့ပဲပြောရမလားမသိတော့။

" A Ji "Where stories live. Discover now