EP 28

5.4K 1K 156
                                    

Unicode version

အဂျီ ၂၈

လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါတယ်....

လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်.....

" တောက် ! "

စိတ်မထိန်းနိုင်တော့၍ ဖုန်းကိုပစ်ပေါက်ပစ်လိုက်သည်။
တစ်ပတ်ရှိပြီ .... စက်ပိတ်ထားတာတစ်ပတ်ရှိပြီ။
ဖေဖေပြန်ရောက်လာတာမို့လို့ အနားမှာနေပေးရင်း တစ်ဖက်မှာလဲဖုန်းဆက်တိုက်ဆက်နေတာ။
ဘာဖြစ်နေတာလဲကွာ တစ်ခုခုဆိုငါ့ကိုပြောပါလို့မှာလိုက်တာတောင်။

" သားကြီး ဘာဖြစ်နေတာလဲ "

" ဘာမှမဖြစ်ပါဘူး "

ဒေါသစိတ်ထက် စိုးရိမ်စိတ်ပါရောယှက်နေသည်မို့
မျက်နှာလဲသိသိသာသာပျက်နေပြီဆိုတာ တစ်အိမ်ထဲနေဖေဖေလဲရိပ်မိနေပြီ။
ကျွန်တော့်ဟန်ဆောင်ထိန်းထားလို့မရတော့။
‌ဖေဖေ့အနားနေရင်း ဒီကောင်စာလုပ်ဖို့မီးအိမ်လုပ်ပေးထားတာ။ ပြန်လာရင်လက်ဆောင်ပေးဖို့လေ။ အခုဖုန်းတောင်ပိတ်ထားလိုက်သေးတယ်။
ကြားလို့တောင်ကောင်းသေးရဲ့လား။

" ဖေဖေသားခရီးသွားစရာရှိတယ် "

" ဘယ်လဲသား "

" ဂျောင်ကုဆီ "

သိသိသာသာအမူအရာပျက်နေခဲ့သော သားကိုဘာမှထပ်ပြီးမေးမြန်းခြင်းမပြုနေတော့။ လွယ်အိတ်ဆွဲပြီးဖုန်းပြန်ကောက် စုထားတဲ့ပိုက်ဆံထည့်ကာ အိမ်ပေါ်ကကောက်ခနဲ ထသွားတော့လဲ သူခေါင်းသာခါနေခဲ့မိသည်။

ငါ့ကိုပလစ်သွားတဲ့ကောင် ငါကိုယ်တိုင်သတ်မယ် ငကူး။
မင်းစောင့်နေ။

စိတ်တွေလွင့်ကာသာ အဝေးပြေးကားပေါ်တက်ရင်း
ငကူးမွေးရပ်မြေကိုသူသွားနေခဲ့သည်။
တစ်လမ်းလုံးတစ်မှေးတောင်မအိပ်နိုင်ပဲနဲ့
ဘာမှစားဖို့လဲအာရုံမရှိတော့ပဲနဲ့
မြန်မြန်သာရောက်ချင်နေတဲ့ စိတ်သာဦးဆောင်နေ၏

****

ကားဂိတ်မှအငှားယဉ်ငှားရင်း ဂျောင်ကုအိမ်ကိုသူရောက်လာခဲ့ပေမယ့် အလျှင်လိုခဲ့သောခြေလှမ်းတို့ တုန်လှုပ်သွားသည်။
အနက်ရောင်ဝတ်စုံတွေသာဝတ်ထားကြပြီး
ဝမ်းနည်းကြီးစွာ ငိုနေကြသော လူတွေဟာ
ထိုခြံထဲမှာအပြည့်။

" A Ji "Where stories live. Discover now