Part - 24 U & Z

136 12 2
                                    

At ဘန်ကောက်,
At Tanapon group
ဘန်ကောက်က Tanapon group အတွင်းမှာတော့ ရှယ်ယာရှင်တွေနဲ့တွေ့ဆုံနေတဲ့ " P'Sandi" သူဟာ Tanapon group ရဲ့ရှယ်ယာ ဆယ်ရာခိုင်နှုန်းကိုကိုင်ကာ Perth Tanapon ဟာငယ်သေးတဲ့အပြင်လုပ်ငန်းအတွေ့အကြုံမရှိသေးတဲ့ခလေးသာသာ သာဖြစ်ပြီး စီးပွားရေးနဲ့ပတ်သက်ပြီးဘာဘွဲ့ဘာအတွေ့အကြုံမှမရှိတဲ့အတွက် CEO ရာထူးနဲ့မထိုက်တန်ကြောင်း ဒီပုံစံအတိုင်းသာဆိုဒီလုပ်ငန်းစုကပြိုလဲဖွယ်ရာရှိကြောင်း ရှယ်ယာရှင်တွေ့ရဲ့ ရှယ်ယာများကိုဝယ်လိုကြောင်းမရောင်းချင်ရင်လဲသူနဲ့ပူးပေါင်းပြီး အရည်အချင်းရှိတဲ့ CEO အသစ်ခန့်အပ်ရန် ရှယ်ယာရှင်အားလုံးကို စည်းရုံးနေတော့သည်။ ဒါပင်မဲ့သူလမ်းပျောက်
နေတာတစ်ခုက ရှယ်ယာရဲ့ 20 ရာခိုင်နှုန်းကိုင်ဆောင်ထားသူကိုရှာမတွေ့ခြင်းပင်ဖြစ်သည်။ ကုမ္ပဏီရှယ်ယာများတွင် Perth ဟာ သူ့မိဘတွေရဲ့ရှယ်ယာတွေဖြစ်တဲ့ရှယ်ယာ 40 ရာခိုင်နှုန်းနဲ့ရှယ်ယာအများဆုံးကိုင်ထားသူဖြစ်ပြီးကျန်လူများကတော့ 5%,10%,20% အသီးသီးကိုင်ဆောင်ထားကြသည်။ Mr.Tanapon အိပ်ယာထဲလဲပြီး Perth မအုပ်ချုပ်ခင်အချိန်အတွင်းမှာ ရှယ်ယာရှင်တစ်ချို့ကရှယ်ယာတွေရောင်းလိုက်တာမို့ လက်ရှိ ရှယ်ယာရဲ့ 20 ရာခိုင်နှုန်းကိုင်ဆောင်ထားသူကို ရှာမရဖြစ်နေခြင်းဖြစ်သည်။ ရှယ်ယာ 20% ကပိုင်ဆိုင်သူဟာတစ်ယောက်ထဲဆိူတာကိုတော့သူစုံစမ်းသိရှိရသည်။ အဲ့လူက အစည်းအဝေးလဲတစ်ခါမှမတက်သည့်အတွက်ကြောင့် အကယ်၍ CEO ဖြုတ်ချရေးမဲခွဲချိန်သူမလာလျှင်လူစားထိုးဟန်ဆောင်ခိုင်ပြီးမဲအသာယူဖို့ထိသူစီစဉ်ထားလိုက်တော့သည်။
တစ်ဖက်က P'Sandi ရဲ့အဖေဖြစ်သူကလဲ Saint ရဲ့ S&T group ကိုချုပ်ကိုင်နိုင်ရန်ကြိုးစား‌နေသော်လဲ အဆင်မပြေ Saint က စီးပွားရေးလောကထဲစဝင်လာကတည်းက နိုင်ငံခြားအထိပါထိုးဖောက်ချုပ်ကိုင်ထားသည်မို့ သူဝင်ဖောက်ဖို့်မလွယ်ဖြစ်နေပေသည်။
. . . . . . . . .. . . . . . . . .. . . . ..  .. .
At ချင်းမိုင်,
Saint ကိုဆေးရုံပြပေးကာ Perth လက်ရှိနေ နေတဲ့ချင်းမိုင်မှာရှိတဲ့ Tanapon အပန်းဖြေအိမ် ကိုသာခေါ်လာခဲ့လိုက်တော့သည်။
တစ်ခြားအခန်းတွေမရှင်းရသေးတာမို့သူနေတဲ့အခန်းမှာပဲ ခဏအိပ်ရန်နေရာချပေးခဲ့ပြီး ဆေးသောက်ရန်စားစရာတစ်ခုခုစီစဉ်ပေးဖို့မီဖို့ချောင်ထဲဝင်လာခဲ့တော့သည်။ တစ်ယောက်ထဲနိုင်ငံခြားမှာလေးနှစ်နေလာသူမို့ အချက်အပြုတ်ကသူ့အတွက်မခက်ခဲတာကြောင့်အိမ်မှာခြံစောင့် ဘကြီးတစ်ယောက်သာရှိသည်။ ညနေပိုင်းဆိုသူပြန်လာသည်နှင့်ခြံစောင့်ဘကြီးက အိမ်ပြန်သည်မို့ ညပိုင်းဆိုသူတစ်ယောက်ထဲသာရှိတတ်သည်။ ညစာလဲ သူ့ဘာသာချက်စားတာမို့ အဆင်ပြေသည်။ အားလုံးချက်ပြုတ်အပြီး ထမင်းစားခေါ်ရန် အပေါ်ထပ်သို့တက်လာခဲ့တော့သည်။
ဒေါက် ဒေါက်
တံခါးခေါက်ပင်မဲ့အထဲမှအသံမကြားတာမို့ တံခါးလေးဖွင့်ကာခေါင်းပြူကြည့်မိတော့ ခုတင်ထောင့်လေးကပ်ကာ ခွေခွေလေးအိပ်ပျော်နေတဲ့သူ့ ကိုကို
ခုတင်နားဖြေးဖြေးလေးကပ်သွားပြီးခုတင်ဘေးလေးမှာထိုင်ချရင်း
Perth POV.
တုတ်တုတ်မှမလှုပ်ပဲ အိပ်မောကျနေတဲ့ကိုကို့ ကိုကြည့်ပြီး ကျွန်တော်စကားတွေပြောနေမိခဲ့တယ်
"ကိုကို ကအရင်ကထက်ပိုချောလာတယ် Gym တွေလဲဆော့ဖြစ်တယ်ထင်တယ် ဗလတွေထွက်လာတယ် အခုလိုအိပ်နေပုံလေးကအပြစ်ကင်းစင်လိုက်တာ ကိုကို ရယ်ဘာလို့ကျွန်တော့ကိုမစောင့်နိုင်ခဲ့တာလဲဗျာ ကျွန်တော်အရောက်ပြန်လာမှာမို့ဆက်ဆက်စောင့်နေစေချင်ခဲ့တာ အခုတော့အရာအားလုံးဘာမှလုပ်လို့မရတော့ဘူး ကိုကိုရက်စက်တယ်ဗျာ ဒါပင်မဲ့ကျွန်တော်မုန်းမရပါလားကိုကိုရာ အခုကရော ဘာလို့ကျွန်တော့ကိုအရင်လိုပဲဆက်ဆံနေရပြန်တာလဲ ကျွန်တော့ကိုအရူးလုပ်နေတာလား ကိုကိုချစ်တာ P'Sandi မဟုတ်ဘူးလား ဘာလို့ ဘာလို့များအရင်လိုဆက်ဆံနေရပြန်တာလဲဗျာ
ဒီနေ့တစ်ရက်တော့ ကိုကို့ အနားမှာပြုစုခွင့်ပေးပါ P'Sandi ကျွန်တော်အတ္တကြီးစွာနဲ့တောင်းဆိုပါရစေ"
မြက်နိုးရာ နှဖူး လေးက ဖွဖွလေးအနမ်းခြွေရင်း မျက်ရည်စတို့က ကျလာပါတော့တယ်
ကျွန်တော်ငိုမိပြန်ပြီ ကိုကို နဲ့ပတ်သက်လာရင်ကျွန်တော် အရမ်းကိုပျော့ညံ့လွန်းတယ်ဗျာ ကိုယ့်ကိုကိုယ်သိပင်မဲ့လဲ ပြင်မရသေးဘူး မျက်ရည်များသုတ်ကာ ကိုကို့ကို နှိုးလိုက်တော့သည်။
Perth : ကိုကို ကိုကို ကိုကို !
အသာလှုပ်နှိုးလိုက်တော့ အင်းအဲ လုပ်ပြီး ကိုကို့ ဆီမှအသံထွက်လာကာမျက်လုံးလေးပွင့်လာတော့တယ်။
Perth : ထမင်းစားရအောင်လေ ကျွန်တော်အကုန်ပြင်ပြီးပြီ
Saint : အင်း ကိုယ်ရေအရင်ချိုးချင်တယ်
Perth : ဟင် ရေချိုးလို့ဘယ်ဖြစ်မလဲ လက်မောင်းကအနာရေစိုကုန်မှာပေါ့
Saint : လူကညီးစီစီကြီးဖြစ်နေလို့ပါငယ်ရာ နော် နော်
စူပုတ်ပုတ်ရုပ်လေးနဲ့ကိုကိုက လာချွဲနေတော့သည်။
Perth : ကဲ ဒီလိုလုပ် ကျွန်တော်ရေပတ်တိုက်ပေးမယ်လေ နော် ရေတော့မချိုးပါနဲ့ ကိုကိုရယ်
Saint : အင်း ငယ့်သဘော
Perth : အာ့ဆိုခဏစောင့်
ရေဇလုံနဲ့ရေပတ်ဝတ်ယူကာပြန်ထွက်လာတော့ ကိုကို ကကုတင်ပေါ်ကနေပြုံးပြုံးလေးထိုင်ကြည့်နေတော့သည်။ မျက်နှာပူပူနဲ့ပဲအင်္ကျီသေချာချွတ်ပေးပြီး ရေပက်တိုက်ပေးကာ အဝတ်အစား လဲပေးပြီး
Perth : ရော့ဒီမှာဘောင်းဘီ ဒါကျွန်တော့မှာရှိတာအကြီးဆုံးပဲ အဆင်ပြေလောက်မယ်ထင်တာပဲ ကျွန်တော်အောက်ကစောင့်နေမယ်
Saint POV
အားလူံးလုပ်ပေးပြီး မျက်နှာလေးရဲကာဆင်းသွားသောချစ်ရသူကိုကြည့်ကာပိုပိုမြတ်နိုးရပါတယ်သည်းငယ်ရယ်
လက်တစ်ဖက်နဲ့အမြန်လဲပြီး ထမင်းစားရန်ဆင်းလာလိုက်တော့သည်။ထမင်းစားခန်းထဲရောက်တော့ ထမင်းဟင်းတွေ စားပွဲပေါ်မှာနေရာချနေသော ကျောပြင်လေးကိုကြည့်ကာ "အမြဲဒီလိုလေးသာနေရရင် ဘယ်လောက်ကြည်နူးဖို့ကောင်းလိုက်မလဲငယ်ရယ် အရာအားလုံးအတွက်ကိုယ်တောင်းပန်ပါတယ် " ကျလာတဲ့မျက်ရည်စက်များကိုသုတ်ကာ ထမင်းစားပွဲဆီဝင်သွားလိုက်တော့သည်။
Perth : လာကိုကို ဖြည်းဖြည်းဒီမှာထိုင် ကိုကို စားလို့အဆင်ပြေပါ့မလားမသိဘူး ကျွန်တော် ကတစ်ယောက်ထဲဆိုတော့ဘာမှအများကြီးဝယ်မထားမိဘူး ရှိလာလေးတွေပဲအဆင်ပြေအောင်ချက်ထားတယ် ထည့်စားနော်
Saint : ငယ်ကိုယ်တိုင်ချက်ထားတာ
Perth : အင်းဟုတ်တယ်လေ ကျွန်တော်နိုင်ငံခြားမှာနေတုန်းကလဲဒီလိုပဲချက်စားဖြစ်လို့ချက်တတ်သွားတာ အရသာက စား‌လို့တော့ရပါတယ်ကိုကိုရဲ့
Saint : အင်းးးတစ်ကိုယ်လုံးကိုက်ခဲနေသလိုပဲ ငယ်ရယ် ဇွန်းတောင်မသည်ချင်တော့ဘူး ဒီဘက်လက်ကနာနေသေးတယ်ဒီဘက်လက်ကလဲ အကြောတွေတက်နေသလိုပဲ ငယ် ကိုယ့် ကိုခွံ့ကျွေးပါလားဟင်
မျက်လုံးလေးပုတ်ခက် ပုတ်ခက် ‌နှင့်တောင်းဆိုနေတဲ့ ကိုကိုကတကယ့်ခလေးလိုပင် ဒီလေးနှစ်အတွင်း ကိုကို ဘယ်လိုတောင်ချွဲတတ်သွားတာပါလိမ့်ဟုတောင်တွေးမိတော့သည်။
Perth : အင်းအာ့ဆို ကျွန်တော်ခွံ့ပေးမယ်နော်
ခွံ့ကျွေးတဲ့ထမင်းတွေကို ပြုံးပြုံးကြီးတမြုံ့မြုံ့နဲ့အားရပါးရစားပြီး ကျွန်တော့်ကိုပဲကြည့်နေတဲ့ကိုကိုက တကယ့်ကြောင်ပေါက်လေးလိုပင်။ ထမင်းကျွေးပြီးဆေးသေချာတိုက်ကာ အိပ်ခန်းဆီပြန်လွှတ်လိုက်ပြီး ကျွန်‌တော်လဲထမင်းအနည်းငယ်စားကာ ဆေး‌ကြောပြီးအပေါ်တက်ကြည့်တော့ကိုကိုကဆေးအရှိန်နဲ့အိပ်ပျော်နေလေပြီ။ ဆောင်သေချာခြုံပေးကာ ရေမိုးချိုးပြီး ကျွန်တော်လဲအိပ်ခန်းထဲကဆိုဖာပေါ်မှာသာအိပ်လိုက်တော့သည်။
Saint POV.
ဆေးအရှိန်ကြောင့်မှေးခနဲအိပ်ပျော်သွားပြီးနိုးလာတော့ ငယ်ကဆိုဖာပေါ်မှာအိပ်ပျော်နေလေပြီ ငယ့်နားဖြည်းဖြည်းလေးကပ်သွားကာ
"တောင်းပန်ပါတယ်ငယ် ကိုယ်တောင်းပန်ပါတယ် ငယ့်ဘက်ကမပြောင်းလဲသလောက်ကိုယ့်ဘက်မှာအရာအားလုံးလွန်ကုန်ပြီ ကိုယ်လက်ထက်ရတော့မယ် သူ့မှာ သူ့မှာကိုယ်ဝန်ရှိနေပြီ ကိုယ် ကိုယ်တာဝန်မယူလို့မရတော့ဘူး ကိုယ် ကိုယ်ငယ့်ကိုအရမ်းချစ်တယ်ဆိုတာလေးတော့ငယ်ယုံပေးပါ အရားအားလုံးအတွက်ထပ်တောင်းပန်ပါတယ်
ကိုယ့်အချစ်တွေဘယ်တော့မှမပြောင်းလဲဘူးငယ်" လက်မောင်းကဒဏ်ရာကိုဂရုမစိုက်ဘဲ ငယ်ကိုယ်လုံးလေးကိုပွေ့ချီကာအိပ်ယာပေါ်သို့တင်ပေးလိုက်‌ပြီး ဆောင်သေချာခြုံပေးကာ ငယ့်မျက်နှာလေးကိုထိုင်ကြည့်နေလိုက်သည်။ နာရီအနည်းငယ်ကြာပြီးမှ ကိုယ်တည်းခိုရာ ဟော်တယ်သို့သာ ပြန်လာလိုက်တော့သည်။ ကုမ္ပဏီနှစ်ခုလုံးကိုယ့်အစီအစဉ်နဲ့ကိုယ်နေကြတာဖြစ်လို့ဝန်ထမ်းတွေအတွက်ကတော့ဒီကရုံးချုပ်ကိုအိမ် တစ်လုံးစီစဉ်ခိုင်းပြီး ကိုယ်ကတော့ ဒီမှာရှိတဲ့ကိုယ့်ဟော်တယ်မှာပဲ နေလိုက်တော့သည်။
နောက်ရက်ကစပြီ ငယ်ကတော့အရင်လိုကျွန်တော့်ကိုပြန်ပြီးစိမ်းကားသွားပါတော့တယ်
. . . . . . . . .
တစ်လအကြာ,
Perth side,
ဟိုနေ့ညက ကျွန်တော်အိပ်နေပြီအထင်နဲ့ကိုကို ပြောနေသမျှတွေအကုန်ကျွန်တော်ကြားပါတယ် လုပ်ရက်လိုက်တာလို့လဲအပစ်တင်မိတယ် ဒါနဲ့များကျွန်တော့်ကိုချစ်တယ်ပြောသွားသေးတယ် ခင်ဗျားကြီးကလူလိမ်ကြီးပါဗျာ သူထွက်သွားတာသိပင်မဲ့မတားမိတော့သလို မျက်ရည်တွေကြားကကြိတ်မှိုတ်သာအိပ်လိုက်တော့သည်။ အိပ်ယာနိုးတော့ကိုကိုကအစောကြီးပြန်သွားပြီဆိုတဲ့အသိကြောင့် ရင်ထဲမကောင်းဖြစ်မိသလိုအထီးကျန်ခြင်းတွေကလဲတိုးဝင်လာခဲ့ပင်မဲ့ ဒါဖြစ်သင့်တယ်လေ P'Sandi အပေါ်မတရားမလုပ်သင့်ဘူးလို့ တွေးမိပြီး အဲ့ရက်ပြီးကတည်းက ကျွန်တော် အရင်လိုပဲ ကိုကို့ကို ရှောင်နေမိတယ် အလုပ်ကိစ္စကလွဲပြီးကျန်တာမပြောဖြစ်တာ ဒီနေ့အထိပဲဆိုပါတော့
. . . . .  . . . . .
ဒီနေ့လုပ်ငန်းခွင်အတွက်လိုအပ်တဲ့ပစ္စည်းတွေရောက်မှာမို့လို့ Perth တစ်ယောက်ပုံမှန် 5နာရီလောက်ပြန်နေကျပင်မဲ့မပြန်ဖြစ် ပစ္စည်းက 6 နာရီရောက်မယ်ပြောပြီးအခု 7 နာရီဖြစ်နေပြီရောက်မလာသေး။ အလုပ်သမားတစ်ချို့ကလဲစောင့်ရတာကြာနေပြီမို့အနားယူရန်မနက်မှပစ္စည်းချဖို့ပြောပြီးပြန်လွှတ်လိုက်တော့သည်။အားလုံးအရမ်းပင်ပန်းနေကြပြီလေ။ ကျွန်တော်ကတော့ ပစ္စည်းလက်ခံလက်မှတ်ထိုးရမှာဖြစ်လို့မပြန်ဖြစ်သေးအိမ်ကိုဖုန်းဆက်ကာနောက်ကျမှာမို့ ခြံစောင့်ဘကြီးကိုအရင်ပြန်နှင့်ရန် လှမ်းပြောထားလိုက်တော့သည်။ ပစ္စည်းတွေရောက်လာတော့ ည 9 နာရီဖြစ်နေပြီ လမ်းမှာကားပျက်နေသဖြင့်နောက်ကျခြင်းဖြစ်ကြောင်းတောင်းပန်သဖြင့် နားလည်ပေးလိုက်ကာ ဆိုဒ် မန်နေဂျာမှပစ္စည်းတွေစစ်ပြီး လက်ခံလက်မှတ်ထိုးပေးကာ အိမ်ပြန်ရန်ကားရှိရာသို့ထွက်လာခဲ့တော့သည်။ ဆိုဒ်နဲ့ ကားထားရာနေရာနည်းနည်းလှမ်းသလို နည်းနည်းလဲချောင်ကျတာမို့တော်တော်မှောင်နေသည်။ အနောက်မှ ခြေသံကြား၍လှည့်ကြည့်တော့လူမရှိ စိတ်ထဲကိုယ့်ကိုတစ်ယောက်ယောက်ကြည့်နေသလိုခံစားမိတာမို့လို့ စိတ်နည်းနည်းရှုပ်သွားမိသည်။ စိတ်ထင်တာနေမှပါလေလို့စိတ်ဖြေပြီး ဆက်လျှောက်လာကာ ကားနားအရောက် အမှောင်ကွယ်မှ မဲမဲအရိပ်တစ်ခုထွက်လာကာ အနောက်မှဖမ်းချုပ်ခံရပြီးနှခေါင်းထဲစိမ်းရွှေရွှေအနံ့တစ်ခုဝင်လာကာ လောကကြီးနဲ့အဆက်အသွယ်ပြတ်တောက်သွားတော့သည်။
🙆🙆🙆🙆🙆🙆🙆
စောင့်ဖတ်ပေးတဲ့ ဒါဒါလေးတွေကိုချစ်တယ်နော် 😍😍😍
Zawgyi
At ဘန္ေကာက္,
At Tanapon group
ဘန္ေကာက္က Tanapon group အတြင္းမွာေတာ့ ႐ွယ္ယာ႐ွင္ေတြနဲ႔ေတြ႕ဆုံေနတဲ့ " P'Sandi" သူဟာ Tanapon group ရဲ႕႐ွယ္ယာ ဆယ္ရာခိုင္ႏႈန္းကိုကိုင္ကာ Perth Tanapon ဟာငယ္ေသးတဲ့အျပင္လုပ္ငန္းအေတြ႕အၾကဳံမ႐ွိေသးတဲ့ခေလးသာသာ သာျဖစ္ၿပီး စီးပြားေရးနဲ႔ပတ္သက္ၿပီးဘာဘြဲ႕ဘာအေတြ႕အၾကဳံမွမ႐ွိတဲ့အတြက္ CEO ရာထူးနဲ႔မထိုက္တန္ေၾကာင္း ဒီပုံစံအတိုင္းသာဆိုဒီလုပ္ငန္းစုကၿပိဳလဲဖြယ္ရာ႐ွိေၾကာင္း ႐ွယ္ယာ႐ွင္ေတြ႕ရဲ႕ ႐ွယ္ယာမ်ားကိုဝယ္လိုေၾကာင္းမေရာင္းခ်င္ရင္လဲသူနဲ႔ပူးေပါင္းၿပီး အရည္အခ်င္း႐ွိတဲ့ CEO အသစ္ခန္႔အပ္ရန္ ႐ွယ္ယာ႐ွင္အားလုံးကို စည္း႐ုံးေနေတာ့သည္။ ဒါပင္မဲ့သူလမ္းေပ်ာက္
ေနတာတစ္ခုက ႐ွယ္ယာရဲ႕ 20 ရာခိုင္ႏႈန္းကိုင္ေဆာင္ထားသူကို႐ွာမေတြ႕ျခင္းပင္ျဖစ္သည္။ ကုမၸဏီ႐ွယ္ယာမ်ားတြင္ Perth ဟာ သူ႕မိဘေတြရဲ႕႐ွယ္ယာေတြျဖစ္တဲ့႐ွယ္ယာ 40 ရာခိုင္ႏႈန္းနဲ႔႐ွယ္ယာအမ်ားဆုံးကိုင္ထားသူျဖစ္ၿပီးက်န္လူမ်ားကေတာ့ 5%,10%,20% အသီးသီးကိုင္ေဆာင္ထားၾကသည္။ Mr.Tanapon အိပ္ယာထဲလဲၿပီး Perth မအုပ္ခ်ဳပ္ခင္အခ်ိန္အတြင္းမွာ ႐ွယ္ယာ႐ွင္တစ္ခ်ိဳ႕က႐ွယ္ယာေတြေရာင္းလိုက္တာမို႔ လက္႐ွိ ႐ွယ္ယာရဲ႕ 20 ရာခိုင္ႏႈန္းကိုင္ေဆာင္ထားသူကို ႐ွာမရျဖစ္ေနျခင္းျဖစ္သည္။ ႐ွယ္ယာ 20% ကပိုင္ဆိုင္သူဟာတစ္ေယာက္ထဲဆိူတာကိုေတာ့သူစုံစမ္းသိ႐ွိရသည္။ အဲ့လူက အစည္းအေဝးလဲတစ္ခါမွမတက္သည့္အတြက္ေၾကာင့္ အကယ္၍ CEO ျဖဳတ္ခ်ေရးမဲခြဲခ်ိန္သူမလာလွ်င္လူစားထိုးဟန္ေဆာင္ခိုင္ၿပီးမဲအသာယူဖို႔ထိသူစီစဥ္ထားလိုက္ေတာ့သည္။
တစ္ဖက္က P'Sandi ရဲ႕အေဖျဖစ္သူကလဲ Saint ရဲ႕ S&T group ကိုခ်ဳပ္ကိုင္ႏိုင္ရန္ႀကိဳးစား‌ေနေသာ္လဲ အဆင္မေျပ Saint က စီးပြားေရးေလာကထဲစဝင္လာကတည္းက ႏိုင္ငံျခားအထိပါထိုးေဖာက္ခ်ဳပ္ကိုင္ထားသည္မို႔ သူဝင္ေဖာက္ဖို႔္မလြယ္ျဖစ္ေနေပသည္။
. . . . . . . . .. . . . . . . . .. . . . ..  .. .
At ခ်င္းမိုင္,
Saint ကိုေဆး႐ုံျပေပးကာ Perth လက္႐ွိေန ေနတဲ့ခ်င္းမိုင္မွာ႐ွိတဲ့ Tanapon အပန္းေျဖအိမ္ ကိုသာေခၚလာခဲ့လိုက္ေတာ့သည္။
တစ္ျခားအခန္းေတြမ႐ွင္းရေသးတာမို႔သူေနတဲ့အခန္းမွာပဲ ခဏအိပ္ရန္ေနရာခ်ေပးခဲ့ၿပီး ေဆးေသာက္ရန္စားစရာတစ္ခုခုစီစဥ္ေပးဖို႔မီဖို႔ေခ်ာင္ထဲဝင္လာခဲ့ေတာ့သည္။ တစ္ေယာက္ထဲႏိုင္ငံျခားမွာေလးႏွစ္ေနလာသူမို႔ အခ်က္အျပဳတ္ကသူ႕အတြက္မခက္ခဲတာေၾကာင့္အိမ္မွာျခံေစာင့္ ဘႀကီးတစ္ေယာက္သာ႐ွိသည္။ ညေနပိုင္းဆိုသူျပန္လာသည္ႏွင့္ျခံေစာင့္ဘႀကီးက အိမ္ျပန္သည္မို႔ ညပိုင္းဆိုသူတစ္ေယာက္ထဲသာ႐ွိတတ္သည္။ ညစာလဲ သူ႕ဘာသာခ်က္စားတာမို႔ အဆင္ေျပသည္။ အားလုံးခ်က္ျပဳတ္အၿပီး ထမင္းစားေခၚရန္ အေပၚထပ္သို႔တက္လာခဲ့ေတာ့သည္။
ေဒါက္ ေဒါက္
တံခါးေခါက္ပင္မဲ့အထဲမွအသံမၾကားတာမို႔ တံခါးေလးဖြင့္ကာေခါင္းျပဴၾကည့္မိေတာ့ ခုတင္ေထာင့္ေလးကပ္ကာ ေခြေခြေလးအိပ္ေပ်ာ္ေနတဲ့သူ႕ ကိုကို
ခုတင္နားေျဖးေျဖးေလးကပ္သြားၿပီးခုတင္ေဘးေလးမွာထိုင္ခ်ရင္း
Perth POV.
တုတ္တုတ္မွမလႈပ္ပဲ အိပ္ေမာက်ေနတဲ့ကိုကို႔ ကိုၾကည့္ၿပီး ကြၽန္ေတာ္စကားေတြေျပာေနမိခဲ့တယ္
"ကိုကို ကအရင္ကထက္ပိုေခ်ာလာတယ္ Gym ေတြလဲေဆာ့ျဖစ္တယ္ထင္တယ္ ဗလေတြထြက္လာတယ္ အခုလိုအိပ္ေနပုံေလးကအျပစ္ကင္းစင္လိုက္တာ ကိုကို ရယ္ဘာလို႔ကြၽန္ေတာ့ကိုမေစာင့္ႏိုင္ခဲ့တာလဲဗ်ာ ကြၽန္ေတာ္အေရာက္ျပန္လာမွာမို႔ဆက္ဆက္ေစာင့္ေနေစခ်င္ခဲ့တာ အခုေတာ့အရာအားလုံးဘာမွလုပ္လို႔မရေတာ့ဘူး ကိုကိုရက္စက္တယ္ဗ်ာ ဒါပင္မဲ့ကြၽန္ေတာ္မုန္းမရပါလားကိုကိုရာ အခုကေရာ ဘာလို႔ကြၽန္ေတာ့ကိုအရင္လိုပဲဆက္ဆံေနရျပန္တာလဲ ကြၽန္ေတာ့ကိုအ႐ူးလုပ္ေနတာလား ကိုကိုခ်စ္တာ P'Sandi မဟုတ္ဘူးလား ဘာလို႔ ဘာလို႔မ်ားအရင္လိုဆက္ဆံေနရျပန္တာလဲဗ်ာ
ဒီေန႔တစ္ရက္ေတာ့ ကိုကို႔ အနားမွာျပဳစုခြင့္ေပးပါ P'Sandi ကြၽန္ေတာ္အတၱႀကီးစြာနဲ႔ေတာင္းဆိုပါရေစ"
ျမက္ႏိုးရာ ႏွဖူး ေလးက ဖြဖြေလးအနမ္းေႁခြရင္း မ်က္ရည္စတို႔က က်လာပါေတာ့တယ္
ကြၽန္ေတာ္ငိုမိျပန္ၿပီ ကိုကို နဲ႔ပတ္သက္လာရင္ကြၽန္ေတာ္ အရမ္းကိုေပ်ာ့ညံ့လြန္းတယ္ဗ်ာ ကိုယ့္ကိုကိုယ္သိပင္မဲ့လဲ ျပင္မရေသးဘူး မ်က္ရည္မ်ားသုတ္ကာ ကိုကို႔ကို ႏိႈးလိုက္ေတာ့သည္။
Perth : ကိုကို ကိုကို ကိုကို !
အသာလႈပ္ႏိႈးလိုက္ေတာ့ အင္းအဲ လုပ္ၿပီး ကိုကို႔ ဆီမွအသံထြက္လာကာမ်က္လုံးေလးပြင့္လာေတာ့တယ္။
Perth : ထမင္းစားရေအာင္ေလ ကြၽန္ေတာ္အကုန္ျပင္ၿပီးၿပီ
Saint : အင္း ကိုယ္ေရအရင္ခ်ိဳးခ်င္တယ္
Perth : ဟင္ ေရခ်ိဳးလို႔ဘယ္ျဖစ္မလဲ လက္ေမာင္းကအနာေရစိုကုန္မွာေပါ့
Saint : လူကညီးစီစီႀကီးျဖစ္ေနလို႔ပါငယ္ရာ ေနာ္ ေနာ္
စူပုတ္ပုတ္႐ုပ္ေလးနဲ႔ကိုကိုက လာခြၽဲေနေတာ့သည္။
Perth : ကဲ ဒီလိုလုပ္ ကြၽန္ေတာ္ေရပတ္တိုက္ေပးမယ္ေလ ေနာ္ ေရေတာ့မခ်ိဳးပါနဲ႔ ကိုကိုရယ္
Saint : အင္း ငယ့္သေဘာ
Perth : အာ့ဆိုခဏေစာင့္
ေရဇလုံနဲ႔ေရပတ္ဝတ္ယူကာျပန္ထြက္လာေတာ့ ကိုကို ကကုတင္ေပၚကေနျပဳံးျပဳံးေလးထိုင္ၾကည့္ေနေတာ့သည္။ မ်က္ႏွာပူပူနဲ႔ပဲအက်ႌေသခ်ာခြၽတ္ေပးၿပီး ေရပက္တိုက္ေပးကာ အဝတ္အစား လဲေပးၿပီး
Perth : ေရာ့ဒီမွာေဘာင္းဘီ ဒါကြၽန္ေတာ့မွာ႐ွိတာအႀကီးဆုံးပဲ အဆင္ေျပေလာက္မယ္ထင္တာပဲ ကြၽန္ေတာ္ေအာက္ကေစာင့္ေနမယ္
Saint POV
အားလူံးလုပ္ေပးၿပီး မ်က္ႏွာေလးရဲကာဆင္းသြားေသာခ်စ္ရသူကိုၾကည့္ကာပိုပိုျမတ္ႏိုးရပါတယ္သည္းငယ္ရယ္
လက္တစ္ဖက္နဲ႔အျမန္လဲၿပီး ထမင္းစားရန္ဆင္းလာလိုက္ေတာ့သည္။ထမင္းစားခန္းထဲေရာက္ေတာ့ ထမင္းဟင္းေတြ စားပြဲေပၚမွာေနရာခ်ေနေသာ ေက်ာျပင္ေလးကိုၾကည့္ကာ "အၿမဲဒီလိုေလးသာေနရရင္ ဘယ္ေလာက္ၾကည္ႏူးဖို႔ေကာင္းလိုက္မလဲငယ္ရယ္ အရာအားလုံးအတြက္ကိုယ္ေတာင္းပန္ပါတယ္ " က်လာတဲ့မ်က္ရည္စက္မ်ားကိုသုတ္ကာ ထမင္းစားပြဲဆီဝင္သြားလိုက္ေတာ့သည္။
Perth : လာကိုကို ျဖည္းျဖည္းဒီမွာထိုင္ ကိုကို စားလို႔အဆင္ေျပပါ့မလားမသိဘူး ကြၽန္ေတာ္ ကတစ္ေယာက္ထဲဆိုေတာ့ဘာမွအမ်ားႀကီးဝယ္မထားမိဘူး ႐ွိလာေလးေတြပဲအဆင္ေျပေအာင္ခ်က္ထားတယ္ ထည့္စားေနာ္
Saint : ငယ္ကိုယ္တိုင္ခ်က္ထားတာ
Perth : အင္းဟုတ္တယ္ေလ ကြၽန္ေတာ္ႏိုင္ငံျခားမွာေနတုန္းကလဲဒီလိုပဲခ်က္စားျဖစ္လို႔ခ်က္တတ္သြားတာ အရသာက စား‌လို႔ေတာ့ရပါတယ္ကိုကိုရဲ႕
Saint : အင္းးးတစ္ကိုယ္လုံးကိုက္ခဲေနသလိုပဲ ငယ္ရယ္ ဇြန္းေတာင္မသည္ခ်င္ေတာ့ဘူး ဒီဘက္လက္ကနာေနေသးတယ္ဒီဘက္လက္ကလဲ အေၾကာေတြတက္ေနသလိုပဲ ငယ္ ကိုယ့္ ကိုခြံ႕ေကြၽးပါလားဟင္
မ်က္လုံးေလးပုတ္ခက္ ပုတ္ခက္ ‌ႏွင့္ေတာင္းဆိုေနတဲ့ ကိုကိုကတကယ့္ခေလးလိုပင္ ဒီေလးႏွစ္အတြင္း ကိုကို ဘယ္လိုေတာင္ခြၽဲတတ္သြားတာပါလိမ့္ဟုေတာင္ေတြးမိေတာ့သည္။
Perth : အင္းအာ့ဆို ကြၽန္ေတာ္ခြံ႕ေပးမယ္ေနာ္
ခြံ႕ေကြၽးတဲ့ထမင္းေတြကို ျပဳံးျပဳံးႀကီးတျမဳံ႕ျမဳံ႕နဲ႔အားရပါးရစားၿပီး ကြၽန္ေတာ့္ကိုပဲၾကည့္ေနတဲ့ကိုကိုက တကယ့္ေၾကာင္ေပါက္ေလးလိုပင္။ ထမင္းေကြၽးၿပီးေဆးေသခ်ာတိုက္ကာ အိပ္ခန္းဆီျပန္လႊတ္လိုက္ၿပီး ကြၽန္‌ေတာ္လဲထမင္းအနည္းငယ္စားကာ ေဆး‌ေၾကာၿပီးအေပၚတက္ၾကည့္ေတာ့ကိုကိုကေဆးအ႐ွိန္နဲ႔အိပ္ေပ်ာ္ေနေလၿပီ။ ေဆာင္ေသခ်ာျခဳံေပးကာ ေရမိုးခ်ိဳးၿပီး ကြၽန္ေတာ္လဲအိပ္ခန္းထဲကဆိုဖာေပၚမွာသာအိပ္လိုက္ေတာ့သည္။
Saint POV.
ေဆးအ႐ွိန္ေၾကာင့္ေမွးခနဲအိပ္ေပ်ာ္သြားၿပီးႏိုးလာေတာ့ ငယ္ကဆိုဖာေပၚမွာအိပ္ေပ်ာ္ေနေလၿပီ ငယ့္နားျဖည္းျဖည္းေလးကပ္သြားကာ
"ေတာင္းပန္ပါတယ္ငယ္ ကိုယ္ေတာင္းပန္ပါတယ္ ငယ့္ဘက္ကမေျပာင္းလဲသေလာက္ကိုယ့္ဘက္မွာအရာအားလုံးလြန္ကုန္ၿပီ ကိုယ္လက္ထက္ရေတာ့မယ္ သူ႕မွာ သူ႕မွာကိုယ္ဝန္႐ွိေနၿပီ ကိုယ္ ကိုယ္တာဝန္မယူလို႔မရေတာ့ဘူး ကိုယ္ ကိုယ္ငယ့္ကိုအရမ္းခ်စ္တယ္ဆိုတာေလးေတာ့ငယ္ယုံေပးပါ အရားအားလုံးအတြက္ထပ္ေတာင္းပန္ပါတယ္
ကိုယ့္အခ်စ္ေတြဘယ္ေတာ့မွမေျပာင္းလဲဘူးငယ္" လက္ေမာင္းကဒဏ္ရာကိုဂ႐ုမစိုက္ဘဲ ငယ္ကိုယ္လုံးေလးကိုေပြ႕ခ်ီကာအိပ္ယာေပၚသို႔တင္ေပးလိုက္‌ၿပီး ေဆာင္ေသခ်ာျခဳံေပးကာ ငယ့္မ်က္ႏွာေလးကိုထိုင္ၾကည့္ေနလိုက္သည္။ နာရီအနည္းငယ္ၾကာၿပီးမွ ကိုယ္တည္းခိုရာ ေဟာ္တယ္သို႔သာ ျပန္လာလိုက္ေတာ့သည္။ ကုမၸဏီႏွစ္ခုလုံးကိုယ့္အစီအစဥ္နဲ႔ကိုယ္ေနၾကတာျဖစ္လို႔ဝန္ထမ္းေတြအတြက္ကေတာ့ဒီက႐ုံးခ်ဳပ္ကိုအိမ္ တစ္လုံးစီစဥ္ခိုင္းၿပီး ကိုယ္ကေတာ့ ဒီမွာ႐ွိတဲ့ကိုယ့္ေဟာ္တယ္မွာပဲ ေနလိုက္ေတာ့သည္။
ေနာက္ရက္ကစၿပီ ငယ္ကေတာ့အရင္လိုကြၽန္ေတာ့္ကိုျပန္ၿပီးစိမ္းကားသြားပါေတာ့တယ္
. . . . . . . . .
တစ္လအၾကာ,
Perth side,
ဟိုေန႔ညက ကြၽန္ေတာ္အိပ္ေနၿပီအထင္နဲ႔ကိုကို ေျပာေနသမွ်ေတြအကုန္ကြၽန္ေတာ္ၾကားပါတယ္ လုပ္ရက္လိုက္တာလို႔လဲအပစ္တင္မိတယ္ ဒါနဲ႔မ်ားကြၽန္ေတာ့္ကိုခ်စ္တယ္ေျပာသြားေသးတယ္ ခင္ဗ်ားႀကီးကလူလိမ္ႀကီးပါဗ်ာ သူထြက္သြားတာသိပင္မဲ့မတားမိေတာ့သလို မ်က္ရည္ေတြၾကားကႀကိတ္မိႈတ္သာအိပ္လိုက္ေတာ့သည္။ အိပ္ယာႏိုးေတာ့ကိုကိုကအေစာႀကီးျပန္သြားၿပီဆိုတဲ့အသိေၾကာင့္ ရင္ထဲမေကာင္းျဖစ္မိသလိုအထီးက်န္ျခင္းေတြကလဲတိုးဝင္လာခဲ့ပင္မဲ့ ဒါျဖစ္သင့္တယ္ေလ P'Sandi အေပၚမတရားမလုပ္သင့္ဘူးလို႔ ေတြးမိၿပီး အဲ့ရက္ၿပီးကတည္းက ကြၽန္ေတာ္ အရင္လိုပဲ ကိုကို႔ကို ေ႐ွာင္ေနမိတယ္ အလုပ္ကိစၥကလြဲၿပီးက်န္တာမေျပာျဖစ္တာ ဒီေန႔အထိပဲဆိုပါေတာ့
. . . . .  . . . . .
ဒီေန႔လုပ္ငန္းခြင္အတြက္လိုအပ္တဲ့ပစၥည္းေတြေရာက္မွာမို႔လို႔ Perth တစ္ေယာက္ပုံမွန္ 5နာရီေလာက္ျပန္ေနက်ပင္မဲ့မျပန္ျဖစ္ ပစၥည္းက 6 နာရီေရာက္မယ္ေျပာၿပီးအခု 7 နာရီျဖစ္ေနၿပီေရာက္မလာေသး။ အလုပ္သမားတစ္ခ်ိဳ႕ကလဲေစာင့္ရတာၾကာေနၿပီမို႔အနားယူရန္မနက္မွပစၥည္းခ်ဖို႔ေျပာၿပီးျပန္လႊတ္လိုက္ေတာ့သည္။အားလုံးအရမ္းပင္ပန္းေနၾကၿပီေလ။ ကြၽန္ေတာ္ကေတာ့ ပစၥည္းလက္ခံလက္မွတ္ထိုးရမွာျဖစ္လို႔မျပန္ျဖစ္ေသးအိမ္ကိုဖုန္းဆက္ကာေနာက္က်မွာမို႔ ျခံေစာင့္ဘႀကီးကိုအရင္ျပန္ႏွင့္ရန္ လွမ္းေျပာထားလိုက္ေတာ့သည္။ ပစၥည္းေတြေရာက္လာေတာ့ ည 9 နာရီျဖစ္ေနၿပီ လမ္းမွာကားပ်က္ေနသျဖင့္ေနာက္က်ျခင္းျဖစ္ေၾကာင္းေတာင္းပန္သျဖင့္ နားလည္ေပးလိုက္ကာ ဆိုဒ္ မန္ေနဂ်ာမွပစၥည္းေတြစစ္ၿပီး လက္ခံလက္မွတ္ထိုးေပးကာ အိမ္ျပန္ရန္ကား႐ွိရာသို႔ထြက္လာခဲ့ေတာ့သည္။ ဆိုဒ္နဲ႔ ကားထားရာေနရာနည္းနည္းလွမ္းသလို နည္းနည္းလဲေခ်ာင္က်တာမို႔ေတာ္ေတာ္ေမွာင္ေနသည္။ အေနာက္မွ ေျခသံၾကား၍လွည့္ၾကည့္ေတာ့လူမ႐ွိ စိတ္ထဲကိုယ့္ကိုတစ္ေယာက္ေယာက္ၾကည့္ေနသလိုခံစားမိတာမို႔လို႔ စိတ္နည္းနည္း႐ႈပ္သြားမိသည္။ စိတ္ထင္တာေနမွပါေလလို႔စိတ္ေျဖၿပီး ဆက္ေလွ်ာက္လာကာ ကားနားအေရာက္ အေမွာင္ကြယ္မွ မဲမဲအရိပ္တစ္ခုထြက္လာကာ အေနာက္မွဖမ္းခ်ဳပ္ခံရၿပီးႏွေခါင္းထဲစိမ္းေ႐ႊေ႐ႊအနံ႔တစ္ခုဝင္လာကာ ေလာကႀကီးနဲ႔အဆက္အသြယ္ျပတ္ေတာက္သြားေတာ့သည္။
🙆🙆🙆🙆🙆🙆🙆
ေစာင့္ဖတ္ေပးတဲ့ ဒါဒါေလးေတြကိုခ်စ္တယ္ေနာ္ 😍😍😍

နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Where stories live. Discover now