နေနဲ့လရဲ့ချစ်ခြင်းအပြိုင် Part 22

123 14 0
                                    

Perth တစ်ယောက်ဆုပေးပွဲကအပြန် bodyguard တွေကိုပြန်လွှတ်ကာအိမ်ကိုပဲတန်းမောင်းလာခဲ့တော့သည်။ကားမောင်းနေရင်းသူ့နောက်ကိုကားတစ်စီးသိသိသာသာလိုက်လာတာမို့ သူလန့်နေမိသည်။
Perth POV.
ဘယ်သူပါလိမ့် ကိုကို့ ကားလဲမဟုတ်ပါဘူး ဘယ်လိုတွေတောင်အတင်းလိုက်ကပ်နေတာလဲတိုက်ကုန်တော့မှာပဲ
ပြောလို့မှမဆုံးသေး နောက်မှလိုက်လာသည့်ကားက Perth ရဲ့ကားကိုဘေးချင်းယှဉ်လိုက်ကာ Perth ကားကိုလမ်းဘေးဆွဲချသွားတော့သည်။ Perth လဲရုတ်တရက်ကားကအရမ်းကပ်လာတော့ တိုက်မိမှာစိုးရိမ်သဖြင့်လမ်းဘေးသို့ဆွဲချလိုက်မိတော့လမ်းဘေးရှိသစ်ပင်နှင့်တိုက်မိကာကားရပ်သွားသည်နှင့်တစ်ပြိုင်နက်ခုနကကားမှာချက်ချင်းမောင်းထွက်သွားတော့သည်။ သစ်ပင်နဲ့ပြေးစောင့်ထားသည့်အရှိန်ကြောင့်လူကမူးနောက်‌ကာလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားတော့သည်။
At hospital,
ကျွန်တော်နိုးလာတော့ဆေးရုံကိုရောက်နေပြီ ဘယ်သူပို့ပေးတာလဲမေးတော့ nurse တစ်ယောက်ကိုမေးတော့ သူကပြောတယ် အသားဖြူဖြူအရပ်ရှည်ရှည်နဲ့အကိုတစ်ယောက်လာပို့သွားတာတဲ့ ကျွန်တော်စိတ်ချရပြီဆိုတော့မှပြန်သွားတာတဲ့ ကျေးဇူးတင်စကားတောင်မပြောလိုက်ရဘူး
Plan : ဟျောင့် နိုးပြီးလာမအေဘေးလေးကားကိုဘယ်လိုတောင်မောင်းလို့ဒီကိုရောက်လာတာတုန်း
Perth : မင်းကဘယ်လိုရောက်လာတာလဲ
Plan : ဆေးရုံကလှမ်းအကြောင်းကြားလို့လေ မင်း connect ထဲကတစ်ဦးတည်းသောနံပါတ်က ငါ့နံပါတ်ဆိုတော့ ငါ့ဆီအကြောင်းကြားတော့တာပေါ့ မင်းကဘယ်လိုဖြစ်ရတာတုန်း
Perth : ငါနောက်မှအေးအေးဆေးဆေးရှင်းပြပါ့မယ်ကွာလောလောဆယ်ငါ့ကိုအိမ်ပြန်ပို့ပေးစမ်းပါ
Plan : အေးအေးပြီးရော

At Tanapon အိမ်တော် ,
Perth : မင်းအမေတို့ကိုဘာမှသွားမပြောနဲ့နော်တော်ကြာစိတ်ပူနေအုံးမယ်
Plan : အေးပါဟ
Mis.Tanapon : သားတောင်ပြန်လာပြီ နောက်ကျလိုက်တာ အမေကစိတ်ပူနေတာဒါနဲ့မေ့သားငယ်လေး ဆုတွေအများကြီးရလို့ congratulations ပါ
Perth : ဟုတ်မေမေ ကျေးဇူးပါ
Mis.Tanapon :  ဟယ် သားPlan လဲပါလာတာကို မတွေ့တာတောင်ကြာပြီကွယ် ချောလာလိုက်တာအားလုံးအဆင်ပြေတယ်ဟုတ်
Plan : ဟုတ်အန်တီအဆင်ပြေပါတယ်
Perth : မေမေဒါဆိုသားတို့အပေါ်တက်တော့မယ်နော် သားညစာမစားတော့ဘူး plan နဲ့စကားပြောလိုက်အုံးမယ် အမေလဲနားတော့နော်တော်တော်နောက်ကျနေပြီ
Mis.Tanapon : အေးအေးသွားကြသားတို့
အခန်းထဲရောက်တော့မှ
Plan : ကဲပြော မအေဘေးလေး ငါ့ကိုဘာလို့ဖုန်းမဆက်တာလဲ ဟန် လူလဲရောက်မလာဘူး ငါကတော့မင်းဘယ်တော့လာမလဲလို့မျှော်နေတာ နောက်ဆုံးတော့ဆေးရုံရောက်မှပဲမြင်ရတော့တယ် ဒါနဲ့ P'Saint ကဘာလို့ပြန်လိုက်မပို့တာလဲ မင်းတို့အဆင်ပြေကြရဲ့လား
Perth : ငါတို့ကဘာအဆင်ပြေစရာရှိမှာလဲ သူလဲသူ့လမ်းသူလျှောက်ငါလဲငါ့လမ်းငါလျှောက်နေတာလေ ပြန်ရောက်ကတည်းက စကားတောင်ကောင်းကောင်းမပြောဖြစ်ဘူး ဒီနေ့လဲ မပြောဖြစ်ပါဘူး သူ့ကောင်မလေး
ဘေးရှိတော့ငါလဲအားနာတာနဲ့ ဒီအတိုင်းပဲပြန်လာလိုက်တာ လမ်းမှာ . . . .
ပြသနာကတော့အဲ့ဒါပဲ ဘယ်ကောင်လဲမသိပါဘူးကွာ သူလုပ်နေတဲ့ပုံကငါ့ကိုတမင်လုပ်တာကွ
Plan : အင်း စဉ်းတော့စဉ်းစားစရာပဲ မင်းရန်တွေဘာတွေဖြစ်သေးလား မင်းကိုမကျေနပ်တဲ့လူဘယ်သူရှိလဲ
Perth : ငါပြန်ရောက်တာမှာသိပ်မကြာသေးဘူး ငါကဘယ်သူနဲ့ရန်ဖြစ်ရမှာလဲ အခုလဲအဖေကကျန်းမာရေးမကောင်းတော့ကုမ္ပဏီကိစ္စတွေဒီတစ်ပတ်အပြီးလေ့လာပြီးနောက်တစ်ပတ်ကုမ္ပဏီဝင်ရတော့မှာ ဘယ်မှာလာပြီးငါကရန်ဖြစ်ချိန်ရမှာလဲ ငါ့ကိုမကျေနပ်သူရှိမရှိကတော့ငါလဲဘယ်သိမလဲကွ
Plan : ထားပါစောင့်ကြည့်ကြတာပေါ့ မင်းသတိလဲထားအုံးနော် ဒီပုံအတိုင်းဆိုမင်းအသက်အန္တရာယ်ကိုထိခိုက်လာနိုင်တယ်
Perth : အေးပါငါဂရုစိုက်ပါ့မယ်
Plan : ဒါနဲ့မင်းအဖေရဲ့အတွင်းရေးမှူးကကော
Perth : ရှိတယ်လေ အခုတော့သူပဲကုမ္ပဏီကိုစီမံခန့်ခွဲနေတာ ဒါပင်မဲ့ ဖေဖေကတော့သူ ပိုက်ဆံတွေလက်လွန်နေတာတွေရှိတယ်လို့တော့ပြောတယ် အဲ့ဒါကတော့ငါရုံးရောက်တော့မှပဲသူ့ကိုသတိပေးရတော့မှာပဲဘာပဲဖြစ်ဖြစ်သူ့လုပ်သက်ကနည်းတာမှာမဟုတ်တာ
Plan : ကဲပါအဲ့ဒါဆိုမင်းလဲနားတော့ငါလဲပြန်တော့မယ် အချိန်မနည်းတော့ဘူး နောက်မှဖုန်းဆက်လိုက်မယ်
Perth : အင်း
. . . . . . . . . . . . . . .
Plan POV.
မဟုတ်သေးဘူး တစ်ုခုတော့လွဲနေပြီ ငါစိတ်ထင်တာမဟုတ်တော့ဘူး ငါ ဘယ်သူနဲ့စကားပြောရင်ကောင်းမလဲ🤔🤔 ငါတစ်ခုခုတော့လုပ်မှာဖြစ်တော့မယ်
. . . . . . . . . . . . . . . . .
Plan ထဲက်သွားပြီးအိပ်မလို့ကြံရုံရှိသေးဖုန်းထမြည်လာတော့
ဗြီး ဗြီး ဗြီး
Perth POV
ငါ့ကိုဖုန်းဆက်မဲ့လူလဲမရှိပါဘူးဘယ်သူပါလိမ့်
ဖုန်းနံပါတ်ကြည့်လိုက်တော့
Perth : ဟဲလို Mark ပြော ငါ့ဖုန်းနံပါတ်ကိုဘယ်လိုရလာပြန်တာတုန်း
Mark : ငါ့အတွက်မခက်ပါဘူးကွာ ဟဲ ဟဲ
Perth : အေးပါငါသိပါတယ် ပြောဖုန်းဆက်ရတဲ့အကြောင်း
Mark : မင်းအဆင်ပြေရဲ့လား ကားကော
Perth : ဟင် ဒါလဲသိတာပဲလား အေးဘာမှမဖြစ်ဘူးအလက်ကြီးရှိသေးတယ် ပြီးတော့ငါ‌မင်းကိုကျေးဇူးတင်ပါတယ် ငါမရှိတဲ့ လေးနှစ်အတွင်းဘယ်သူ့ကိုမှငါ့ နေရာကိုမပြောပြခဲ့လို့
Mark : မလိုပါဘူးကွာ မင်းကိုကြီးကမင်းဘက်မှာအမြဲရှိပါတယ်
Perth : ဒါနဲ့ Moon Entertainment က P'Gun ကတော့ဘယ်လိုများစုံစမ်းပြီးရောက်လာလဲမသိဘူး သူတော်တော် တော်တယ်
Mark : ဟဲဟဲ အဲ့ဒါအတွက်တော့ ငါတောင်းပန်ပါတယ် ငါ့ချစ်ချစ်လေးကမေးတော့လဲငါမငြင်းနိုင်ဘူးလေ
Perth : ဘာ ! မင်းလက်ချက်ပေါ့ ခုနကကျေးဇူးတင်တာပြန်ရုတ်သိမ်းတယ်ကွာ ဒါနဲ့ P'Gun ကမင်းချစ်ချစ်လို့ပြောလိုက်တာလား
Mark : အေးကွ ငါလိုက်နေတာနှစ်နဲ့ချီနေပြီ မင်းအရေးကိစ္စနဲ့မှပဲ ငါတို့ချစ်သူဖြစ်သွားတာ ဟီးဟီး
Perth : aww မင်းကငါ့ကိုခုတုံးလုပ်သွားတာပေါ့လေ
Mark : ညီလေးကလဲကွာ မင်းကိုကြီး လင်ကောင်းသားကောင်းရတာ မင်းဂုဏ်ယူလိုက်ပါကွာ
Perth : အေးပါကွာမင်းအဆင်ပြေရင်ပြီးတာပဲ ဒါနဲ့ငါနောက်တစ်ပတ် ကုမ္ပဏီစဝင်တော့မယ် မင်းလာကူဖို့စဉ်းစားအုံး
Mark : ဟာကွာမလုပ်စမ်းပါနဲ့ ငါ့ဘာသာကုမ္ပဏီအလုပ်မလုပ်ချင်လို့တောင်ပတ်ပြေးနေတာမင်းကပါပြသနာမရှာစမ်းပါနဲ့ကွာ မင်း case ကိုငါရှင်းပေးမယ်လေ ကုမ္ပဏီကိုတော့မခေါ်စမ်းပါနဲ့ကွာ
Perth : ဒီ case လေးနဲ့လဲရမှာလား
Mark : မင်းမသိသေးတာတွေအများကြီးရှိသေးတယ်ကွ ငါအားလုံးရှင်းပြီးရင်ပြောပြမယ် မင်းကားကိစ္စက စလိုက်ရမှာပဲ အဲ့ကိစ္စက  မင်းတွေးထားသလောက်မရိုးစင်းဘူးကွ
Perth : လုပ်ချင်ရာသာလုပ်ကွာ ငါ‌တော့
အခုဘာမှမသိချင်သေးဘူး အိပ်တော့မယ် ဒါပဲကွာ
Mark : အေးပါနားတော့ဒါပဲ
. . . . . . . . . . .  . .
At Z group ,
ဝုန်း (တံခါးတွန်းဖွင့်သံ)
Saint : P'Sandi ဘယ်လိုလုပ်လိုက်တာလဲ
P'Sandi : ဘယ်လိုဖြစ်လာတာလဲ Saint ရယ် ဒါရုံးခန်းဆိုတာလဲသတိထားပါအုံး မနက်စောစောစီးစီးဘာဖြစ်လာတာတုန်း
Saint : ကျွန်တော်ဘာဖြစ်လာလဲဆိုတာ P' အသိဆုံးပဲဖြစ်မှာပါ Perth ကို ဒုက္ခမပေးပါနဲ့ကျွန်တော်အတန်တန်သတိပေးထားရက်နဲ့ P' ဘာလုပ်လိုက်တာလဲ
P'Sandi : P' ဘာမှမလုပ်ပါဘူး Saint ရဲ့ နည်းနည်းသတိပေးလိုက်ရုံပါပဲ
Saint : ဘာကိုသတိပေးတာလဲ
P'Sandi : မင်းကိုလေ အပျော်လွန်ပြီး P' ကိုမေ့နေတဲ့မင်းကိုသတိပေးလိုက်ရုံပါ
Saint : ဘာပြောတယ် ခင်ဗျားသတိပေးရုံက တစ်ခုခုများအရှိန်လွန်သွားရင် ကျန်တော်သာသူ့နောက်လိုက်မသွားမိခဲ့ရင် အဲ့နားမှာတင်သူတစ်ခုခုဖြစ်သွားနိုင်တယ် အဲ့ဒါခင်ဗျားနားလည်လား သူ့ကိုဘာမှမလုပ်ဖို့ကျွန်တော်အတန်တန်သတိပေးထားတယ် ခင်ဗျားဖြစ်စေချင်တာတွေအကုန်ကျွန်တော်လိုက်ရောပေးနေတာပဲ ကျေးဇူးပြုပြီး ငယ့်ကိုထိခိုက်အောင်မလုပ်ပါနဲ့ဗျာ ကျွန်တော်တောင်းပန်ပါတယ်
P'Sandi : မင်းဘာလို့အဲ့လောက်တောင်ဖြစ်နေတာလဲ ငါ့ဗိုက်ထဲကမင်းခလေးကိုလဲအားနာပါအုံး Saint Suppapong ရဲ့
Saint : အဲ့ဒါကြောင့်လဲအခုခင်ဗျားနားမှာကျွန်တော်ရှိနေတာလေ အဲ့ဒါကို ဘာလို့ ငယ့်ကိုဒုက္ခသွားပေးလဲ ဒါနောက်ဆုံးဖြစ်ပါစေ P' နောက်တစ်ခါဆိုရင်တော့ကျွန်တော်ဘာလုပ်မိမလဲမသိဘူး
P'Sandi : မင်း
Saint : ကျွန်တော့်ကိုသွားခွင့်ပြုပါအုံး
Saint side ,
ဆုပေးပွဲကျရင်ငယ်နဲ့စကားပြောပြီး ဖြစ်ခဲ့သမျှအားလုံးရှင်းပြမယ်ပြီးတော့ ငယ့်ဖေဖေ ကုမ္ပဏီကလဲသိပ်မဟန်တော့ဘူး ငယ့် ဖေဖေ ကျန်းမာရေးကြောင့်နားလိုက်ကတည်း က ကုမ္ပဏီရှယ်ယာတွေကအောက်လမ်းကနေတစ်စတစ်စထွက်နေတယ်လို့သတင်းရထားတယ် သတင်းကြားကြားချင်းကတည်းက ရှယ်ယာတွေတစ်ခြားလူဆီပါမသွားအောင်ကျွန်တော်ထိန်းဝယ်နေရတယ် အဲ့ဒါကြောင့် P'Sandi တိူ့သားအဖကိုကန်ထုတ်ဖို့ကျွန်တော်ငွေမလည်ဘူးဖြစ်နေတယ် အဲ့ကိစ္စလဲငယ်နဲ့တိုင်ပင်ရမယ်လို့တွေးထားပင်မဲ့ ဂြိုလ်ဆိုးဝင်လာတာကတော့ P'Sandi နဲ့ရိုက်ခဲ့တဲ့ ဇာတ်ကားအောင်အောင်မြင်မြင်ပြသနိုင်ခဲ့လို့ဂုဏ်ပြုပွဲလုပ်ခဲ့တဲ့နေ့ပဲ အဲ့နေ့က ကျွန်တော်ငယ့်ကိုလဲအရမ်းလွမ်းနေတာနဲ့ အရက်တွေဖိသောက်ခဲ့မိတယ်ဒါပင်မဲ့ကျွန်တော့် limit မကျော်ခဲ့ပါဘူး နောက်ဆုံးတစ်ခွက်လို့သက်မှတ်ပြီးသောက်လိုက်တဲ့တစ်ခွက်မှာကျွန်တော်စိတ်လွတ်သွားခဲ့တယ် မနက်ရောက်‌တော့ကျွန်‌တော် အမှားကြီးတစ်ခုလုပ်မိလိုက်ပြီဆိုတာသိလိုက်ရတယ် ဒါပင်မဲ့ P'Sandi ကနားလည်ပေးပါတယ်တဲ့ဘာမှမဖြစ်ခဲ့သလိုပဲနေပေးပါမယ်တဲ့လေ ကျွန်တော့်နားတောင်ကျွန်တော်မယုံနိုင်ခဲ့ဘူး ဒီတစ်ခါတော့ ကျွန်တော်အရမ်းကျေးဇူးတင်မိတယ်
ဒါပင်မဲ့ဂြိုလ်ဆိုး ဝင်ချင်တော့ ဆုပေးပွဲမတိုင်ခင် နှစ်ရက်အလိုမှာ P'Sandi နဲ့ သူ့အဖေရုံးကိုရောက်လာခဲ့တယ် အဲ့နေ့ကကျွန်တော်ကမ္ဘာပျက်တဲ့နေ့ပေါ့ P'Sandi မှာကျွန်တော်နဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီတဲ့လေ ကျွန်တော် လမ်းပျောက်သွားခဲ့တယ် ငယ့်ကိုလဲအရမ်းအားနာမိတယ် ကျွန်တော်ယောက်ျား‌တစ်ယောက်ဖြစ်ပြီးတာဝန်မဲ့လို့မဖြစ်ဘူးလေ
ပြီးတော့ P' ရဲ့အဖေ ကသူ့သမီးကိုတာဝန်မယူရင် ငယ့်လုံခြုံရေးကိုအာမ မခံနိုင်ဘူးတဲ့လေ ကျွန်တော့်ကြောင့်ငယ်ထိခိုက်ရပေါင်းများပြီ ကျွန်တော်ငယ်ကိုတစ်ခုခုအဖြစ်မခံနိုင်တာကြောင့်သူတို့သားအဖပြောသမျှလက်ခံပြီး နေခဲ့ရတယ် မကြာမီစေ့စပ်ပွဲလုပ်တော့မယ်တဲ့ ကျွန်တော်ငယ်နဲ့‌တစ်ခေါက်လောက်တွေ့ပြီးသေချာတောင်းပန်ချင်ပါသေးတယ် နောက်ဆုံးအနေနဲ့ပဲဖြစ်ဖြစ်ပေါ့ ကျွန်တော်မှားခဲ့တာတွေအားလုံးအတွက် ငယ့်ကိုဝန်ချတောင်းပန်ချင်ပါတယ်
🙆🙆🙆🙆🙆
ဒါဒါလေးတွေအားလုံးကိုချစ်တယ် 😘😘

နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Where stories live. Discover now