နေနဲ့လရဲ့ချစ်ခြင်းအပြိုင် Part 17

103 11 0
                                    

ကိုကို့ဆီက ထွက်လာပြီး ဖေဖေ တို့နဲ့လဲမဆက်သွယ်ချင်တာနဲ့ဖေဖေတို့စီစဉ်ပေးတဲ့ဩစီကိုမသွားဘဲ US ကိုသာထွက်လာခဲ့တော့တယ် ကျောင်းကိစ္စအားလုံးစီစဉ်ပြီး ကျောင်းအဆောင်မှာပဲနေရင်း အချိန်ပိုင်းအလုပ်များစွာလုပ်ခဲ့တယ်။ မေဂျာကတော့ အနုပညာမေဂျာပဲယူပြီးတေးရေးတေးဆိုပိုင်းကိုအဓိကယူခဲ့တယ်။ အဲ့ကြားထဲရတဲ့အချိန်ကို စီးပွားရေးနဲ့ပတ်သက်တဲ့ Deplomer တွေလိုက်တက်ပြီးလေ့လာခဲ့ပါတယ်။ တစ်နေ့တစ်နေ့ အိပ်ချိန်မှလွဲ၍သူ့ကိုယ်သူ့နားချိန်တောင်မပေးပဲ ပိုက်ဆံရှာပညာရှာနဲ့အလုပ်ရှုပ်အောင် အချိန်ဇယားအပြည့်ဆွဲထားခဲ့တယ်။ ဒါပင်မဲ့လဲ သူ့ကိုကိုအကြောင်းတွေကိုတော့ သတိရတိုင်းလိုင်းပေါ်ကနေရှာဖွေနေတတ်ပါတယ်။ဘာလိုလိုနဲ့သူကျောင်းပြီးသွားတော့  သူစီစဉ်ခဲ့သည့်အတိုင်း Deplomer တွေအားလုံးရခဲ့ပါပြီ။ ကျောင်းမှာကော Deplomer အတန်းတွေဘက်မှာပါအတော်ဆုံးကျောင်းသားဖြစ်တာကြောင့်လဲ ကျောင်းမပြီးခင်ကတည်း အခွင့်အလမ်းများစွာ ကမ်းလှမ်းလာခဲ့ပါတယ် ။ အဲ့ထဲမှာ ကမ္ဘာ့အကြီးဆုံးနံပါတ်တစ်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ sky group ကလဲကမ်းလှမ်းလာခဲ့တယ် ဒါပင်မဲ့ Perth ငြင်းခဲ့တယ် ။ Perth ဘက်ကငြင်းပင်မဲ့ sky group ဘက်မှကမ်းလှမ်းတာကိုပြန်မယုတ်သိမ်းပဲအမြဲတမ်းအတွက်အကြုံးဝင်ကြောင်း စိတ်ဝင်စားတဲ့အချိန် လာနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်။သုံးနှစ်ဆိုတဲ့အတိုင်းအတာက သူ့အတွက်လုံလောက်ခဲ့ပြီလေ ပြန်မယ်လို့ဆုံးဖြတ်ချက်ချအပြီးမှာတော့ ဟိုးလေးတစ်ကျော်ကျော်နဲ့ထွက်လာခဲ့တဲ့ Saint ရဲ့သတင်းကြောင့် သူဆုံးဖြတ်ချက်တစ်ခုချလိုက်တော့တယ်။
ဘန်ကောက်သို့ပြန်မည့်မနက်,
ထိုင်းနိုင်ငံမှနိုင်ငံကျော်သရုတ်ဆောင် လဲဖြစ် S&T group ရဲ့ဆက်ခံသူလဲဖြစ်တဲ့ Saint Suppapong ဟာ နိုင်ငံကျော်မင်းသမီးလဲဖြစ် S&T group ရဲ့ရှယ်ယာဝင် Z group ရဲ့အမွေဆက်ခံသူလဲဖြစ်တဲ့ Sandi purk နဲ့ တွဲနေတာကြာပြီဖြစ်ကြောင်း  . . . . . . .
Perth POV
ကျွန်တော့်ယုံကြည်ချက်တွေကိုတစ်မနက်ထဲနဲ့ရိုက်ချိုးလိုက်တာပဲဗျာ ကိုကိုရယ်ဒီသတင်းတရက်လေးသာနောက်ကျခဲ့ရင်ကောင်းမှာပဲဗျာ ဒါပင်မဲ့လူချင်းတွေ့ပြီးမှ ရင်ကွဲရတာထက်ဆာရင်အခုလိုအရင်သိလိုက်ရတော့လဲ ကျွန်တော်နှောက်ဆုတ်ဖို့အချိန်ရသွားတာ‌ပေါ့ ခင်ဗျားကြီးအခုလောက်ဆိုအမှန်တရားအားလုံးသိပြီးလောက်ပြီပေါ့အဲ့ဒါတောင်ကျွန်တော့ကို မစောင့်ခဲ့ဘူးနော် ရက်စက်လိုက်တာဗျာ ခင်ဗျားကြီးအချစ်ကဒီလောက်ပဲလား  လေးနက်မှု နက်ရှိုင်းမှုတွေသံယောဇဉ်တွေက သုံးနှစ်ပဲခံတာလားဗျာ
Perth တစ်ယောက်သူအမြဲဝတ်ထားတဲ့ couple balance လေးကိုကြည့်ကာထိုင်ငိုနေမိတော့သည်။ ငိုလို့ဝမှ pH no တစ်ခုကိုဆက်လိုက်တော့သည်။
Perth : hello,Is it at the airport?
Please ,Cancel my flight back to Thailand today. Thank you!
US မှာပဲဆက်နေရန်ဆုံးဖြတ်က တေးရေးဆရာတစ်ယောက်အနေနဲ့ဂီတလောကထဲပြန်လည်ဝင်ရောက်လာခဲ့တယ်။
. . . . . . . .. . . . . . . . . . . . . . . . . . . . . 
At Thailand,
Saint တစ်ယောက် တဖက်မှာအနုပညာအလုပ် တစ်ဖက်မှာစီးပွားရေးအလုပ်ဖြင့်နှစ်ဘက်လုံးတွင်လစ်ဟင်းမှုမရှိအောင်ကိုင်တွယ်နိုင်ခဲ့တယ်။ဒီလိုနဲ့ Sandi နဲ့လဲစီးပွားရေးလောကမှာကောအနုပညာလောကမှာပါတွေ့မြင်နေရသည်မို့ ရင်းနှီးမှုပိုခဲ့ကြတာမို့ ထွက်လာတဲ့သတင်းတွေအပေါ်မှာလဲဖြေရှင်းချက်မပေးမိခဲ့ပေ။ Saint အလေးမထားမိခဲ့တာဆိုရင်ပိုမှန်ပါလိမ့်မယ်။သူတစ်ချက်သတိလွတ်သွားခဲ့တာက သူဟာ internationalကပါ စိတ်ဝင်စားမှုခံနေရတဲ့လူတစ်ယောက်ဖြစ်နေတာကိုပေါ့။
At S&T group ,
ဒေါက် ဒေါက်
Saint : ဝင်ခဲ့ပါ
Mean : အဟန့်
Saint : ဟာ Mean ဘယ်ကလှည့်လာတာလဲ
Mean : သူဌေးကမလာနိုင်တော့လဲကျွန်တော်မျိူးကသူဌေးရဲ့မျက်နှာတော်လေးကိုလာရောက်ဖူးမျှော်ရတာပါဗျ
Saint : ဟားး ဟားး ဟားးး မင်းကတော့လုပ်ပြီကွာ ငါအလုပ်မအားလို့ပါကွာ
Mean : အေးသိပါတယ်ကွ ဒါနဲ့မင်းကိုမြင်မှသတိရတယ် Perth သတင်းကောရသေးလား
Saint : ပုန်းနေတဲ့လူမို့လို့လားမသိပါဘူးကွာဘယ်လိုမှရှာမရပါဘူး  အမှန်တရားတွေသိခွင့်ရမှငါ့ကြောင့်သူထွက်သွားခဲ့တယ်ဆိုတာပိုသေချာသွားခဲ့တာ ဟူးးးး လွမ်းလိုက်တာကိုယ့်လမင်းငယ်လေးရယ် မင်းမရှိတော့ကိုယ့်နေရက်တိုင်းက လမိုက်ညဖြစ်နေပြီကွာ
ဒီလိုနဲ့အလွမ်းတွေကိုအဖော်ပြုရင်း Saint တစ်ယောက်အထီးကျန်နေခဲ့ပါတယ်။ အထီးကျန်မှုတွေကိုလဲအလုပ်တွေထဲသာနှစ်ထားရင်း ရက်တွေလတွေကုန်ဆုံးလာခဲ့တယ်။
Girl : ဆရာ ! Moon Entertainment ကအစည်းအဝေးအတွက်ရောက်နေပါပြီဆရာ
Moon Entertainment
Moon Entertainment ဟာ Perth အတွက်ရည်ရွယ်ပြီး Saint ကိုယ်တိုင်တည်ထောင်ခဲ့တာပါ။ အဲ့ဒိကနေ Perth လိုဂီတဝါသနာရှင်များစွာကိုလဲစင်တင်နိုင်ခဲ့ပါတယ်။ သူ့အသက် 25 နှစ်ပြည့်လို့အကြောင်းစုံသိရချိန်သူ့ကိုယ်သူပဲအပြစ်တင်မိခဲ့တယ် တစ်လလောက်ဘာအလုပ်မှမလုပ်နိုင်ခဲ့ဘူးအဲ့အချိန်တုန်းက Perth ဆိုခဲ့တဲ့သီချင်းလေးတွေနဲ့စိတ်ဖြေပြီး ဒီ Entertainment လေးကိုစတင်တည်ထောင်ခဲ့တာအခုဆို 2 နှစ်ပြည့်ခဲ့ပြီ။
(ဒီနေရာမှာ ပြောချင်တာကလေ Saint က Moon Entertainment ကိုတိုက်ရိုက်မအုပ်ချုပ်ပဲ အပေါ်ကနေပဲကိုင်ထားတာပါ Moon Entertainment ဟာ S&T အပိုင်ဆိုတာကို Entertainment ရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ P'Gun နဲ့ သူ့အတွင်းရေးမှုးပဲသိပါတယ်အားလုံးရဲ့အမြင်မှာတော့ Entertainment ရဲ့ပိုင်ရှင်က P'Gun လို့ပဲသိကြပါတယ်)
Saint : Ok အထဲလွှတ်လိုက်တော့
Girl & P'Gun : ဆာဝဒီခပ် 🙏🙏
Saint : ဝဒီခပ် 🙏 ထိုင်ကြပါ သိကြတဲ့အတိုင်းပဲ မကြာခင် Entertainment ရဲ့နှစ်နှစ်ပြည့်ရောက်တော့မယ်ဒီနှစ် ပွဲကိုကျွန်တော်အကြီးအကျယ်လုပ်ဖို့စိတ်ကူးထားတယ် အဲ့အတွက် P'တို့မှာဘာအကြံဉာဏ်ကောင်းများရှိမလဲလို့ ဆွေးနွေးရအောင်ခေါ်လိုက်တာပါ ကျွန်တော်တောင်းထားတဲ့အစီအစဉ်ကောဆွဲပြီးကြပြီလား
P'Gun : P'တို့စီစဉ်ထားတာကတော့ ဒီနှစ်မှာအရင်နှစ်တွေကလို ကုမ္ပဏီကနာမည်ကြီးတွေချည်းပဲမဟုတ်ဘဲ အခုလက်ရှိ training ဆင်းနေတဲ့အသစ်တွေရောအဟောင်းတွေကိုပါအကုန်စင်တင်မယ်လို့တွေးထားတယ် ပွဲအတွက်လိုအပ်မဲ့သီချင်းတွေကိုလဲ ဒီက သီချင်းရေးဆရာတွေမဟုတ်ဘဲအခုနောက်ပိုင်း Onlie ကော inter မှာပါနာမည်ကြီးနေတဲ့ တေးရေးဆရာ white ကိုငှားမယ်လို့စီစဉ်ထားတယ်
Saint : အင်း အစီအစဉ်ကတော့မဆိုးပါဘူး ကျွန်တော့်ကို white ရဲ့သီချင်းတစ်ပုဒ်လောက်ဖွင့်ပြပါ
Girl : ဟုတ်ကဲ့ ဒီသီချင်းက white ရဲ့ နာမည်အကြီးဆုံးသီချင်းပါဆရာ ဘာလို့လဲဆိုတော့သူကိုယ်တိုင်ဆိုပြီးတင်ထားတာမို့လို့ပါ ဒါပင်မဲ့ MP3 အနေနဲ့ပဲတင်ခဲ့ပါတယ် အခုချိန်ထိ white ကိုမြင်ဖူးတဲ့လူမရှိသေးပါဘူးဆရာ
Song
NICECNX - လှည့်ဖြား
‌🎶 နောက်ဆုံးတော့လဲ မင်းလိမ်တာမဟုတ်ဘူး
ဒါပင်မဲ့မချစ်ဘူးလို့ပြောဖို့မေ့ခဲ့တယ်
ငါလှည့်ဖြားခံရတယ် မင်းကိုပြောတာ
မင်းလုပ်ရက်တယ်  . . . . .🎶
(သီချင်းလေးက Perth cover ဆိုထားတဲ့သီချင်းလေးပါနော် သာသာ့ အကောင့်မှာ သီချင်းလေးပါတင်ပေးထားပါ့မယ်)
Saint : အင်း မဆိုးဘူးအဆင်ပြေပါတယ် စာသားတွေကော အသံကောမိုက်တယ် ရအောင်ဆက်သွယ်ပေးပါ ကျွန်တော် ဒီနှစ်ပွဲအတွက်အများကြီးမျှော်လင့်ထားမယ် အကောင်းဆုံးကြိုးစားပေးပါ
P'Gun : စိတ်ချပါ
Saint : ok ဗျာ P'ကိုလက်လွှဲလိုက်ပြီနော်
P'Gun : N' စိတ်မပျက်စေရပါဘူး
Saint : ယုံကြည်ပါတယ်ဗျာ
P'Gun : ခွင့်ပြုပါအုံး
Saint : ဟုတ်ကဲ့
အားလုံးပြန်သွားတာနဲ့ Saint တစ်ယောက် google ကနေ တေးရေးဆရာ white ရဲ့သီချင်းတွေကိုရှာကြည့်မိတော့သည်။
🙆🙆🙆🙆🙆
ရပ်မယ်နော်

နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Where stories live. Discover now